Sunday, October 13, 2013

Sony Xperia C သုံးသပ်​ချက်

Sony က​တော့ apple လိုမျိုး တန်​ဖိုးနည်း ဖုန်းတစ်​မျိုး ကို ထုတ်​လုပ်​ လိုက်​ပါတယ်​ ။ ထူးခြားမှု က​တော့ ဆင်းကဒ်​ နှစ်​ခု သုံးလို့ရပြီး ကဒ်​ဖြတ်​စရာ မလိုပါဘူး။
ဆိုနီတို့ ထုံးစံအတိုင်း ကင်​မရာ က​တော့ ​​ပြောစရာမလိုဘူး။ ​နောက်​ပြီး တစ်​ကယ်​ကို တန်​ဖိုး နည်းတယ်​။ မျက်​နှာပြင်​အကျယ်​ ကလည်း ငါးလက်​မ ဆို​တော့ ​ဈေး သက်​သက်​သာသာ နဲ့ ဆိုနီကင်​မရာဖုန်း ကိုင်​ချင်​တဲ့သူ​တွေ ​ပျော်​စရာ ပါ။
သူ့မှာ ပါဝင်​တာ​တွေက​တော့


Wednesday, September 25, 2013

ကွန်ပျူတာ အခြေခံဖတ်စာ

နယ်လှည့် ပညာဒါနအဖွဲ့လေးရဲ့ ၇ ရက်စာ သင်ရိုးစာအုပ်လေးပါ လေ့လာ အကြံပြုနိုင်ပါတယ် မိုဘိုင်း က​နေ ဖတ်​လို့​တော့ မရပါ ခင်​ဗျာ

Monday, June 24, 2013

Install Windows with USB (မန်မိုရီစတစ်ဖြင့် ဝင်းဒိုးတင်ခြင်း)


            Windows7 ကို Drive မရှိတဲ့စက်တွေမှာ ဘယ်လိုတင်မလဲဆိုတာ အသစ်တော့မဟုတ်ပါဘူး။ ရေးတဲ့သူတွေလည်း ရေးပြီးကြလောက်ပါပြီ။ အိုင်တီဂိုဒ် ပရိတ်သတ်တွေထဲက လိုအပ်နေသူတွေအတွက် တင်လိုက်ရတာဖြစ်ပါတယ်။   ဝင်းဒိုးဆဲဗင်းခေတ်မှာ နက်ဘုတ်တွေ အများကြီးပေါ်လာသလို ဒီနေ့ခေတ်မှာ အော်လ်ထရာပေါ့ထ်တေးဘဲလ် နုတ်ဘုတ်တွေ ခေတ်စားလာပါတယ်။ အဲဒီ နုတ်ဘုတ်ကွန်ပျူတာအများစုမှာ ဒီဗွီဒီ ဒရိုဗ် တွေမပါလာကြတာများပါတယ်။ ၁၁လက်မ၊ ၁၃လက်မ မျက်နှာပြင်ကိုသုံးပြီး အလေးချိန်ကလည်း တော်တော်လေးပေါ့ပါးသလို နက်ဘုတ်တွေထက် မျက်နှာပြင်ရော စွမ်းဆောင်ရည်ပါ ပိုမိုပါတယ်။ ပြဿနာကတော့ ဝင်းဒိုးပြန်တင်ဖို့လိုလာရင် Drive မရှိတဲ့အတွက် နည်းနည်းတိုင်ပတ်တာပါ။ ဒါပေမယ့် လွယ်ပါတယ်။ 4GB မန်မိုရီစတစ်လေးတစ်ချောင်းနဲ့အလုပ်ဖြစ်ပါတယ်။ အဲဒီစတစ်ကတော့ ပြည့်သွားမှာဖြစ်ပါတယ်။ ဆိုဒ်များတာကိုသုံးရင်တော့ စတစ်ထဲမှာ ဒေတာတွေကိုပါ ထည့်သိမ်းလို့ရမှာပါ။ ဖော်မက်ချရမှာဖြစ်လို့ ရှိနေတဲ့ဒေတာတွေကို ယူထားဖို့တော့လိုအပ်ပါတယ်။ နောက်ပြီး ခဏခဏ ဖော်မက်ချတာမကောင်းဘူးဆိုတာတော့ သိကြမယ်ထင်ပါတယ်။ ဒီတော့ ဝင်းဒိုးစတစ်တစ်ချောင်းသတ်သတ်ဆောင်ထားတာပိုကောင်းတယ်လို့အကြံပေးချင်ပါတယ်။   နည်းလမ်းတွေက အများကြီးပါ။ အလွယ်နည်းနဲ့ အခက်နည်းမှာ နှစ်ခုစလုံးအတွက် လိုအပ်တာကတော့ Windows 7 DVD or Windows 7 ISO Disk Image ဖြစ်ပါတယ်။ ကိုယ့်မှာ DVD Drive မရှိလို့ USB STICK နည်းလမ်းကိုသုံးပါတယ်ဆိုမှ အခွေကို ဘယ်လိုလုပ်မလဲမေးစရာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ဆီမှာ ဝင်းဒိုးအခွေကို ISO ခုတ်ပြီးသယ်လာနိုင်ရင်ရပါတယ်။ ဖိုင်ဆိုဒ်က 3GB ကျော်ရှိတာမို့ စတစ်နဲ့ သယ်လို့ရပါတယ်။  

ပထမဆုံးအလွယ်နည်းကို အရင်ပြောပါမယ်။


http://www.lancelhoff.com/usb-creator-for-windows-7/

အထက်ပါလင့်မှာ usb-creator-for-windows-7 ကိုဒေါင်းပါ။ ရလာတဲ့ ဖိုင်ကို ဖွင့်ပြီး စတစ်ထိုးပါ။ ISO ကို  UltraISO လိုမျိုး ဆော့ဖ်ဝဲလ်သုံးပြီး Virtual drive ထဲမှာ ပေါ်အောင် Mount လုပ်ပါ။ ပြီးရင် usb-creator-for-windows-7 မှာ Drive ကိုရွေးပေးပါ။ စတစ်ကိုရွေးပေးပါ။ ဥပမာ စတစ်က F: ဆိုရင် F: ကိုရွေးပါ။ Format ရိုက်မှာဖြစ်လို့ မမှားအောင်သတိထားပါ။ Install ဆိုရင်ရပါပြီ။



Saturday, June 15, 2013

Facebook ရဲ့ ဌာနစိတ်

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကနေ ကီလို ၉၀၀ ကျော်ဝေးတဲ့ အာတိတ်စက်ဝိုင်းဒေသမှာ လူမှုကွန်ယက်ရှေ့ဆောင် ဖေ့ဘွတ်ခ် ကုမ္ပဏီကနေ ဒေတာစင်တာသွားရောက်တည်ဆောက်နေပါတယ်။ အမေရိကန်ပြင်ပ  အသုံးပြုသူသန်းတစ်ထောင်ကျော်အတွက်
ပုံတွေ စာတွေတင်ရတာပိုမြန်ဆန်ကောင်းမွန်အောင် တည်ဆောက်နေတာဖြစ်ပါတယ်။
စတုရန်းပေ နှစ်သိန်းကိုးသောင်း ကျယ်ဝန်းတဲ့ရေခဲမြေပေါ်မှာဖြစ်ပါတယ်။
အေးတဲ့ ရာသီဥတုမှာ ကွန်ပျူတာကြီးတွေကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စက်ပစ္စည်းတွေရဲ့သက်တမ်းကိုလည်း မြင့်တက်စေပါတယ်။


ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ အင်ဖရာအင်ဂျင်နီယာချုပ် ဂျေးရဲ့ ကွပ်ကဲမှုနဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဆာဗာဒီဇိုင်းတွေကို ပထမဆုံး အကြိမ် အသုံးပြုထားပါတယ်။
Open Computer Project လို့ အမည်ရတဲ့ ဒီကိစ္စဟာ ဆာဗာတွေရဲ့ လုပ်ကိုင်စွမ်းကို သာမန်ထက် ၃၈ရာခိုင်နှုန်းကောင်းမွန်စေပြီး လုပ်ကိုင်ရတဲ့  ကုန်ကျစားရိတ်ကလည်း  သာမန်ပရောဂျက်တွေထက် ၂၄ရာခိုင်နှုန်းသက်သာစေတယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံလိုမျိုး အမေရိကပြင်ပနိုင်ငံက အသုံးပြုသူတွေက ဒီပရောဂျက်အပြီးမှာ ပိုမိုမြန်ဆန်တဲ့ ဝန်ဆောင်မှုကို ရရှိလာမယ်လို့ ယူဆစရာရှိပါတယ်။

( တကယ်လို့သာ အဲဒီ အင်ဂျင်နီယာရဲ့ ဒီဇိုင်းအောင် မြင်ခဲ့ရင် မြန်မာနိုင်ငံက ဒေတာစင်တာတွေ ကချင်ပြည်နယ်က ရေခဲတောင်တွေမှာ သွားဆောက်ကြမလား တွေးစရာရှိပါတယ်။ )

ရည်ညွန်း- http://news.cnet.com/8301-1023_3-57588965-93/facebook-turns-on-data-center-at-edge-of-the-arctic-circle/

Sunday, April 28, 2013

Android Football Manager Game

ဒီဘလော့ စာမျက်နှာမှာ ဖော်ပြခဲ့တာတွေဟာ သူများတွေဖော်ပြရေးသားလေ့မရှိတာကိုပဲ ဦးစားပေးတင်ပြပါတယ်။ ပြည်တွင်း ဆိုဒ်တော်တော်များများမှာ Android Application APK တွေကို ဒေါင်းဖို့ပေးလေ့ရှိပါတယ်။ သတင်းတွေဆိုရင်လည်း အဲဒီလိုပါပဲ Samsung S4 သတင်းတင်မနေတော့ပါဘူး။ အားလုံးလိုလို တင်နေကြတာ။ နောက်ပြီး သူများဆိုဒ်ကနေ ကူးထားတာမပါဘူး။ ဘာသာပြန်ထားတာတွေပဲပါတယ်။ မူရင်းလိပ်စာတွေလည်းဖော်ပြတယ်။

အခုဒီတစ်ခါတော့ သူများတွေ ဖော်ပြပြီးသားဟုတ်မဟုတ် မသေချာတဲ့ Application လေးတစ်ခုအကြောင်းတင်ပြချင်ပါတယ်။ Game လေးပါ။ ဆော့နေတဲ့သူတော့ ဒီနေ့အထိ မတွေမိဘူး။ ကျနော်ငယ်ငယ်က ဘောလုံးပွဲကြည့်တာထက် ဂိမ်းထဲမှာ ဘောလုံးကစားရတာကြိုက်တယ်။ ကိုယ်ခိုင်းသလို ကန်လို့ပါ။ နည်းနည်းကြာလာတော့ Fifa Manager စဆော့ကြည့်မိတယ်။ မဆိုးဘူး။ ဘောလုံးပွဲကြည့်ရတာထက်ပိုကောင်းနေသေးတယ်။ ကလေးကအစ ကိုရင်အဆုံး ဘောလုံးကန်တဲ့ ဂိမ်းဆော့နေကြချိန်မှာ ကိုယ်က မန်နေဂျာဂိန်းကိုဆော့ပြီးငြိမ်နေမိတယ်။ ဒီဘက် Android ခေတ်ရောက်လာတော့ Football Game တွေခေတ်စားပါတယ်။ ဒါပေမယ့် ဒေတာ ကို Download ယူရတာ အကြာကြီးပဲ။ ဒါနဲ့ Football Game မဆော့ဖြစ်ခဲ့ဘူး။ သူများတွေ Football Game ဆော့နေတာတွေ့တော့ အရင်ရောဂါဟောင်းလေး ပြန်ထလာတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့ တော်တော်ကြာတယ် စိတ်ကြိုက်မတွေ့ဘူး။ စိတ်ကြိုက်တွေ့တဲ့ ဂိမ်းကို စိတ်ကြိုက်ဆော့ကြည့်ပြီးလို့ အခု Version အသစ်တောင်ထွက်လာပြီ။ Version အသစ် လေးကို ဖောက်သယ်ချဖော်ပြမှာဖြစ်ပါတယ်။ 

 ဂိမ်းရဲ့အမည်ကတော့ Football Manager Handheld 2013 v4.0.1 ဖြစ်ပါတယ်။ Football Manager Handheld 2012 ဗားရှင်းမှာတော့ စိတ်ကြိုက်ဆော့ကြည့်ပြီးပါပြီ။ လက်ရှိ 2013 ကိုဆော့ကြည့်နေပါတယ်။ 

ဂိမ်းနှင့်ပတ်သတ်၍ သုံးသပ်ချက်
    ဘောလုံးမန်နေဂျာဂိမ်းဆော့လေ့ရှိသူတွေအတွက် လုံးဝသဘောကျမယ့် ဂိမ်းပါ။ Playstation မှာဆော့နေရသလိုမျိုး Function စုံပါတယ်။ လက်ရှိ ၂၀၁၃ ဘောလုံးလောကထဲက အသင်းတွေအတိုင်း လူဖြည့်ပေးထားပါတယ်။ စိတ်ကြိုက် ကစားကွက်တွေဖော်လို့ရပါတယ်။ ဘောလုံးသမားတွေကို ရာသီအလိုက် အရောင်းအဝယ်လုပ်လို့ရပါတယ်။ Training စိတ်ကြိုက်ဆင်းခိုင်းလို့ရပါတယ်။ ပွဲကန်နေချိန်မှာ လူလဲရုံမက တိုက်စစ်၊ ခံစစ် စတာတွေ ပြင်လို့ရပါတယ်။ 
    မန်နေဂျာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပုံစံနဲ့၊ ရည်မှန်းချက်တစ်ခုကို စိန်ခေါ်ဆော့ကစားတဲ့ ပုံစံနှစ်မျိုး ဆော့လို့ရပါတယ်။ 
    မဆော့တာကြာခဲ့တဲ့ လူတစ်ယောက်အတွက် နည်းနည်းတော့ ခက်ပါတယ်။ ရာသီတစ်ဝက်ကုန်ပြီးရင် ရှုံးပွဲဆက်လာလို့ အခြေအနေမကောင်းရင် အလုပ်ပြုတ်ပါတယ်။ တန်းဆင်းအသင်းတွေမှာ အလုပ်ပြန်လျှောက်ရပါတယ်။ ထူခြားတာက မန်နေဂျာ ပရိုဖိုင်မှာ မြန်မာနိုင်ငံသား မန်နေဂျာအဖြစ်ဆော့လို့ရတာပါ။ လူဝယ်ရတာလည်း ခက်ပါတယ်။ ဘုတ်အဖွဲ့က ငွေချပေးတာလည်း အသင်းပေါ်မူတည်ပြီး အကန့်အသတ်နဲ့ပဲ။ တစ်လတစ်ခါလောက် ဘုတ်အဖွဲ့ရဲ့ မန်နေဂျာအပေါ်သုံးသပ်ချက်ထွက်လာပါတယ်။ ပွဲကိုင်တွယ်တာကောင်းမကောင်း၊ လူဝယ်တာကအစ ပြောတတ်ပါတယ်။ သူတို့မကြိုက်တဲ့ အချက်တွေများပြီး ပွဲရလဒ် တက်မလာဘူးဆိုရင်တော့ အလုပ်ပြုတ်ပါတယ်။ အပြင်မှာ မန်နေဂျာဖြစ်လိုသူများကစားသင့်တယ်လို့ ထင်ပါတယ်။ 

Application နဲ့ပတ်သတ်လို့ ကောင်းတဲ့အချက်။
Game Data ဖိုင်ကို Download ဆွဲဖို့ကလွဲလို့ အင်တာနက်မလိုပါဘူး။ CDMA800 နဲ့ ဒေါင်းတာ မိနစ်၂၀လောက်ပဲကြာပါတယ်။ ရုပ်ထွက်ကောင်းပါတယ်။ မန်နေဂျာဂိမ်းက ရုပ်ထွက်အရေးမကြီးပေမယ့် ရှင်းလင်းဖို့၊ UI လွယ်ကူဖို့လိုပါတယ်။ စာရေးသူကတော့ ၇လက်မ tablet နဲ့ဆော့တာဖြစ်ပါတယ်။ Sony Xperia P မှာစမ်းကြည့်တော့ ၄လက်မ မျက်နှာပြင်နဲ့မှ ပိုညက်ပြီး အံဝင်နေတယ်လို့ ထင်ရပါတယ်။ 


Application နဲ့ပတ်သတ်လို့ မကောင်းတဲ့အချက်။
ဖိုင်ဆိုဒ်က မဆိုစလောက်ကြီးနေပါတယ်။ app နဲ့ Data နှစ်ခုပေါင်းရင် ၆၀ မီဂါဘိုဒ် ကျော်သွားပါတယ်။ apk size ကတော့ 23.4MB ဖြစ်ပြီး Data File (no player pic) ကတော့ 39.3MB ဖြစ်ပါတယ်။  ဒါတောင်မှ ကစားသမားပုံပါတဲ့ Data ကိုဆွဲမယ်ဆိုရင် Data နှစ်ဆနီးပါကြီးပါတယ်။ Resources သုံးစွဲမှု မဆိုစလောက်များပါတယ်။ စာရေးသူအနေနဲ့ CPU 800GHz မပါတဲ့၊ Memory 364 အနည်းဆုံး မရှိတဲ့ ဖုန်းတွေမှာဆို လေးသွားပါတယ်။ မဖြစ်မနေဆော့ချင်ရင် ဖုန်းကို Shutdown ချ၊ ပြီး ပြန်ဖွင့်ပြီး သူ့ချည်းသက်သက် ဆော့ရပါတယ်။ Game တွေအများကြီး App တွေအများကြီးသုံးပြီးမှဆိုရင် လေးနေတတ်ပါတယ်။ Tample Run ကောင်းကောင်းဆော့လို့ရတဲ့ ဖုန်းတွေအဆင်ပြေမယ်လို့ ယူဆပါတယ်။ 

ခြုံပြီးပြောရရင်တော့ ဘောလုံးဝါသနာရှင် မန်နေဂျာဝါသနာပါသူတွေ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်မှုနဲ့ စီမံခန့်ခွဲမှုတွေနဲ့ပတ်သတ်လို့ အတွေ့အကြုံရစေတယ်လို့ ထင်ပါတယ်။ Run ဂိမ်းထက်စာရင် ဦးနှောက်ကို ပိုပြီးအလုပ်ပေးတဲ့ဂိမ်းပါ။ ဂိမ်းဆိုတာထက် လေ့ကျင့်စရာတစ်ခုနဲ့ပိုတူပါတယ်။ ကိုယ့်ဖုန်းက Huawei C8650/ U8650 လောက်ထက်မနိမ့်ဘူး၊ 3G အင်တာနက် လည်းရှိရင်တော့ နာရီဝက်လောက်အချိန်ပေးပြီး Download ဆွဲရတာ တန်ပါတယ်။ တစ်ကယ်တော့ ဒီဂိမ်းဟာ PlayStore မှာ US$9.99 နဲ့ရောင်းတဲ့ ဂိမ်းပါ။ ဆော့ချင်လွန်းလို့သာ Crack Version ကိုယူလိုက်ရတာ စိတ်မကောင်းပါဘူး။ (ဝယ်လို့မှမရတာ)။ 


မှတ်ချက် ။ ။အောက်ပါရည်ညွှန်း ဘလော့တွင်  Download ယူနိုင်ပါသည်။ APK ကိုဒေါင်းပြီးရင် Data ကိုမဒေါင်းဘဲနဲ့ Game ကိုဖွင့်ပြီး Download လုပ်တာပိုမြန်ပါသည်။ အကယ်၍ ကွန်ပျူတာသုံးပြီး Download ယူပါက Data File (fmh2013_data ဆိုတဲ့ Folder) လေးကို ဖုန်းရဲ့ မူရင်း SD Card အောက်မှာ ထားပြီး FMH2013 ကိုဖွင့်ပါက အဆင်ပြေပါသည်။ မရှင်းလင်းသည်များကို Comment သို့မဟုတ် Email ဖြင့် zetazaw@gamil.com သို့မေးနိုင်ပါသည်။ 

ရည်ညွှန်း ။ ။http://androlod.blogspot.com/2012/12/football-manager-handheld-2013-v401.html

Saturday, April 27, 2013

NASA က Android ဖုန်းတစ်လုံးကို Nano Satellite အဖြစ် လွှတ်တင်

NASA ကတော့ စမတ်ဖုန်းတစ်လုံးကို အာကသထဲ လွတ်တင်လိုက်ပါတယ်။ ကုန်ကျစားရိတ်သက်သာတဲ့ ဂြိုလ်တုတွေ ဖြစ်ပေါ်လာဖို့ စမ်းသပ်တာပါ။ ဖုန်းကတော့ Android စနစ်သုံး Google ရဲ့ HTC Nexus Ones ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ က  Orbital Science Corp. ပိုင်တဲ့ Antares rocket ထဲမှာ ဗာဂျီးနီးယားပြည်နယ်ကနေ လွှတ်တင်လိုက်တာပါ။ လေးလက်မအရွယ်ရှိတဲ့ သတ္တု ဗူးလေးနဲ့ ဘက္ကထရီ အပိုကိုလည်း တစ်ပါတည်းတပ်ဆင်ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။ အာကသထဲကနေ အချက်အလက်တွေကို ကောင်းမွန်စွာပေးပို့နိုင်အောင်ပါ။ 
    ဒီစမ်းသပ်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဂြိုလ်တုအသေးလေးတွေနဲ့ စမတ်ဖုန်းတွေကိုပေါင်းပြီး ဈေးကြီးတဲ့ ဂြိုလ်တုတွေအစား တစ်ရက်လောက် လုပ်ဆောင်ပေးနိုင်မလားလို့ ရည်ရွယ်ပါတယ်။ (ဆိုလိုတာက နှစ်ပေါင်းများစွာလွှတ်တင်ထားတဲ့ ဂြိုလ်တုတွေရဲ့နေရာမှာ စမတ်ဖုန်းတွေတပ်ဆင်ထားတဲ့ ဂြိုလ်တုအသေးတွေနဲ့ ကာလတိုလုပ်ဆောင်နိုင်မလားလို့ စမ်းသပ်ခြင်းဖြစ်ပါတယ်။ အကယ်၍များ အောင်မြင်ခဲ့ရင်တော့ သာမာန်လေ့လာသူတစ်ယောက်တောင် ကိုယ်ပိုင်ဂြိုလ်တုလေးတစ်လုံးကို တစ်ပတ်လောက်ဖြစ်ဖြစ် အာကာသထဲလွှတ်တင်ထားနိုင်ပါလိမ့်မယ်။ -ဘာသာပြန်သူ)

    "ဒါ အာကာသပတ်လမ်းထဲကို ရောက်ရှိစေတဲ့ တစ်ကယ့်ကို ကြီးကျယ်တဲ့ အာကာသ နည်းပညာ စမ်းသပ်မှုတစ်ခုပါ။ အာကသနည်းပညာအသစ်တွေ ပေါ်ထွက်လာဖို့ ရှေဆောင်စမ်းသပ်မှုတစ်ခုလည်းဖြစ်ပါတယ်" လို့ နာဆာမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ မိုက်ကယ်ဂဇ်ရစ်က ဆိုပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ လုပ်ဆောင်နိုင်စွမ်းတွေများပြားတဲ့အပြင် အာကာသထဲ ကောင်းမွန်စွာ လိုက်ပါပျံသန်းဖို့ကို သေးငယ်ပါတယ်။ ကုန်ကျစရိတ်လည်းနည်းပါတယ်။ ကမ္ဘာမြေသိပ္ပံ၊ ဆက်သွယ်ရေး၊ လေထုထဲကအချက်အလက်အတွေ အတွက်ပါ သင်တော်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ အာကာသနဲ့ပတ်သတ်တဲ့ စီးပွားရေး၊ ပညာရေးနဲ့ အာကာသလေ့လာသူ ပြည်သူတွေအတွက် လမ်းသစ်ဖွင့်ပေးလိုက်သလိုပါပဲ လို့ အဆိုပါပုဂ္ဂိုလ်က ထပ်မံဆိုပါတယ်။ 
    နာနိုဂြိုလ်တုလးတွေဟာ ကမ္ဘာအထက် တစ်ရာ့ငါးဆယ်မိုင်ကနေ ပတ်ပြီး နောက်ထပ် တစ်ပတ်ခွဲကြာတဲ့အခါ လေထုထဲမှာလောင်ကျွမ်းပြီး ပြန်လည်ဆင်းသက်လာမှာပါ။ Android စမတ်ဖုန်းတွေကတော့ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပေါ်မူတည်ပြီး အာကာသဓါတ်ပုံတွေရိုက်ယူ၊ သတင်းအချက်အလက်တွေရယူ (ဥပမာ အပူချိန် -ဘာသာပြန်သူ) ကြမှာပါ။ ကမ္ဘာမှာရှိတဲ့ အာကာသဆက်သွယ်ရေးစခန်းတွေကနေ စမတ်ဖုန်းတွေ ပေးပို့လိုက်တဲ့ အချက်အလက်တွေကို ရယူပြီ ကောင်းမွန်စွာလုပ်ဆောင်နိုင်စွမ်းရှိမရှိကို နာဆာမှ သိရှိရမှာပါ။ ကာလီဖိုးနီးယားမှာရှိတဲ့ Ames Research Center က PhoneSat အဖွဲ့ကတော့ ဂြိုလ်တုငယ်လေးတွေ ကမ္ဘာမြေပေါ် ပြန်ကျလာတဲ့အထိ ဆက်လက်စောင့်ကြည့် ထိန်းချုပ်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အတွေ့အကြုံရှိ ရေဒီယို အော်ပရေတာပေါင်း နှစ်ရာကျော်က ဂြိုလ်တုသေးလေးတွေကနေ ပို့လွှတ်နေတဲ့ အချက်အလက်တွေကို ကမ္ဘာကနေပြီး ဖမ်းယူစောင့်ကြည့်နေကြပါတယ်။ ဒေါ်လာ သုံးထောင့်ငါးရာကနေ ခုနှစ်ထောင်ကြားကုန်ကျတဲ့ ဒီဂြိုလ်တုငယ်လေးသုံးခုအတွက် နာဆာမှ အင်ဂျင်နီယာတွေက အကုန်အကျခံစောင့်ကြည့်နေကြပါတယ်။ 
    ပုံရိပ်ဖမ်းယူမှုအားကောင်းတဲ့ ကင်မရာ၊ GPS စနစ်၊ ရေဒီယိုဆက်သွယ်မှုစနစ်၊ မြန်ဆန်တဲ့ CPU၊ အမျိုးမျိုးသော Sensor၊ ကောင်းမွန်တဲ့ (မိုဘိုင်း) ထိန်းချုပ်မောင်းနှင်စနစ် အစရှိတဲ့ နာဆာအနေနဲ့ ဂြိုလ်တုတစ်လုံးမှာလိုအပ်နေတဲ့ အစိတ်အပိုင်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဒီနေ့ခေတ် Androidမိုဘိုင်းဖုန်းတွေက ဆောင်ရွက်ပေးမလားဆိုတာ နောက်တစ်ပတ်ကျော်ရင်သိရမှာပါ။(ဘာသာပြန်သူ)

Wednesday, April 17, 2013

GPS ပါဝင်တဲ့ လမ်းလျှောက်တုတ်



လစ်သူယေးနီးယန်းလူမျိုး ဒီဇိုင်နာ Egle Ugintaite ဒီဇိုင်းချထွင်ထားတဲ့ GPS လမ်းလျှောက်တုတ်ကို ဂျပန်ကုမ္ပဏီ Fujitsu ကစတင် ဖန်တီးနေပါပြီ။ လမ်းပျောက်သွားတတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်း မတော်တဆမှုဖြစ်ပွားပါကလည်း အချက်ပေးနိုင်တဲ့ စနစ်တွေပါဝင်ပါသေးတယ်။ ရုတ်တရက်ဖြစ်ပွားတတ်တဲ့ နှလုံးရောဂါလိုအခြေအနေမျိုးကိုလည်း သတိပေးပြီး အရေးပေါ်ကုသရေးနေရာရောက်အောင် လမ်းညွှန်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး၊ လမ်းလျှောက်တဲ့နေရာမှာလည်း လမ်းလျှောက်တုတ်ပီသစွာ ခြေလှမ်းမှန်မှန်လျှောက်နိုင်အောင်ကူညီပေးပါဦးမယ်။ 



မှတ်‍သားနိုင်စွမ်းလျော့နည်းလာတဲ့ လူကြီးများအဖို့ သူတို့ရဲ့ အာရုံကြောတွေကဒုက္ခပေးတဲ့အခါ ဘယ်ပြန်ရမှန်းမမှတ်မိတော့တဲ့အခါ တုတ်ချောင်းကို ကြည့်ပြီးသွားနိုင်ပါလိမ့်မယ်။ အဲဒီတုတ်ချောင်းလေးမှာ GPS, Wifi တင်မက 3G အင်တာနက်ပါဝင်ပါသေးတယ်။ သက်ဆိုင်ရာမိသားစုကို Web ကနေ အကြောင်းကြားပေးနိုင်သလို ပြဿနာတစ်စုံတစ်ရာအတွက်လည်း အနီးစပ်ဆုံး နေရာမှာရှိနေတဲ့ မိသားစုဝင်တွေက ဘယ်လိုက်ဖြေရှင်းရမလည်းဆိုတာကို တစ်ခါတည်းသိစေနိုင်ပါတယ်။ 

LED လမ်းညွှန် မျက်နှာပြင်ပါဝင်တဲ့ လမ်းလျှောက်တုတ်ကောက်လေးက  မြှားလေးနဲ့ လမ်းညွှန်ရုံမကပါဘူး၊ ကွေဖို့လိုအပ်ရင်လည်း တုန်ခါမှုနဲ့ အချက်ပြပေးပါဦးမယ်။ တုတ်ကောက်ကို အသုံးပြုနေတဲ့ လူကြီးရဲ့တည်နေရာကို ချိတ်ဆက်ထားတဲ့ အိမ်က  (မိသားစုဝင်ရဲ့) ကွန်ပျူတာမှာ အဆက်မပြတ်ဖော်ပြနေမှာပါ။ တုတ်ကောက်လေးနဲ့ သူ့ပိုင်ရှင် ရုတ်တရက်လဲပြိုသွားမယ်ဆိုတာနဲ့ ကွန်ပျူတာမှာ Alarm မြည်ပြီး အချက်ပြပေးမှာဖြစ်ပါတယ်။ Smart နီးပါဖြစ်လာတဲ့ တုတ်ကောက်လေးရဲ့ ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။
ကျန်းမာရေး ချူချာတဲ့လူကြီးတွေအတွက် သင့်တော်တဲ့ ပစ္စည်းလေးဖြစ်လို့ ကြိုတင် တင်ပြလိုက်ရပါတယ်။ 

ရည်ညွန်း။ ။http://gajitz.com/stick-it-to-immobility-gps-cane-keeps-users-safe-healthy/

Friday, April 5, 2013

စင်္ကာပူမှာတော့ Near Field Communication နည်းပညာနဲ့ ရုပ်ရှင်ရုံဝင်လို့ရပြီ


 စင်္ကာပူ မိုဘိုင်း အော်ပရေတာ StarHub က သူ့မိုဘိုင်းလိုင်းအသုံးပြုသူတွေအတွက် SmartWallet ဝန်ဆောင်မှုကို ရုပ်ရှင်ရုံဝင်ခွင့်လက်မှတ်နဲ့ စတင်လိုက်ပါတယ်။

NFC နည်းပညာကို အသုံးပြုထားတဲ့ Smart Wallet ဝန်ဆောင်မှုကို အသုံးပြုသူတွေ နည်းပါးနေတဲ့အတွက် NFC နည်းပညာကို လျှင်မြန်စွာ အသုံးချလာနိုင်ကြဖို့ ဒီလိုစတင်လိုက်တာပါ။ SmartWallet ဆိုတာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်းနဲ့ စတိုးဆိုင်တွေမှာ တို့ထိငွေရှင်းနိုင်ဖို့ ဝန်ဆောင်မှုပေးထားပါတယ်။ Credit Card အစားထိုး သုံးလာဖို့ပါ။ 

StarHub ကတော့ သူ့ရဲ့ ကိုယ်ပိုင် စာရင်းတစ်ခုနဲ့ ကမ္ဘာ့ပထမဆုံး NFC နည်းပညာအသုံးပြု ရုပ်ရှင်လက်မှတ် ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုကို Shaw Theaters တွေမှာ စတင်လိုက်ပါပြီ။
အေပယ်လဆန်း ၆ရက်နေ့ကစလို့ လက်မှတ်ရုံတွေမှာ Smart Wallet ပါဝင်တဲ့ ဖုန်းနဲ့ တို့ထိလိုက်တာနဲ့ စက်ကအလိုအလျှောက်ငွေယူပြီး ရုံဝင်လက်မှတ်ထုတ်ပေးမှာပါ။ NFC နည်းပညာပါတဲ့ စမတ်ဖုန်း၊ SmartWallet နဲ့ နောက်ဆုံးထွက် Application ပါဝင်တဲ့ ဖုန်းပိုင်ရှင်တွေပဲ ဒီဝန်ဆောင်မှုကို ရရှိမှာပါ။ 
 

StarHub ကတော့ ဆမ်ဆောင်းနဲ့ပူးပေါင်းပြီး NFC-equipped Galaxy Express ဖုန်းမှာသူ့ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးမှာပါ။ 4G LTE နဲ့ NFC ပါဝင်တဲ့ ဈေးပေါတဲ့ Samsung Smart Phone တစ်လုံးဖြစ်ပါတယ်။ Android 4.1 ကို dual-core 1.2GHz processor ပေါ်မှာ အသုံးပြုထားတဲဖုန်းဖြစ်ပြီး 4.5-inch screen ပေါ်မှာ resolution 800x480 pixels ပြသနိုင်ပါတယ်။ ကင်မရာကတော့  5-megapixel camera ပဲပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာရင်တော့ NFC SmartWallet ကိုအသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ ဈေးနှုန်းကလည်း ပေါဖို့ သိပ်မလွယ်ပါဘူး။

NFC ပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ အခြားလျှပ်စစ် ပစ္စည်းတွေ တိုးတက်သုံးစွဲလာကြခြင်းကို ဒီကိစ္စက အများကြီး အထောက်အကူပြုတယ်လို့ သိရပါတယ်။ တခြားနည်းပညာသုံးတဲ့ သူတွေကလည်း ဒီ NFC ကိုတွင်တွင်ကျယ်ကျယ်သုံးလာမယ်လို့ ယူဆလို့ရပါတယ်။ ၂၀၁၃ မှာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်း 285 သန်း ထုတ်လုပ်လာဖွယ်ရှိပါတယ်။ နောက်နှစ်တွေမှာလည်း NFC ပါဝင်တဲ့ ပစ္စည်းတွေဟာ သန်းငါးရာလောက်ဖြစ်လာဖွယ်ရှိတယ်လို့ ABI Research ရဲ့တင်ပြချက်အရ ခန့်မှန်းထားကြပါတယ်။ 


ရည်ညွှန်း။ ။http://www.itnews.com/mobile-applications/58409/singaporeans-can-go-movies-nfc


တိမ်တိုက်ပေါ်တွင် သိမ်းဆည်းခြင်း (၂)

ဒီတစ်ခါတင်ပြမယ့် တိမ်တိုက်ကတော့ အစစ်မဟုတ်တော့ပါဘူး။ အတုပါ။ အင်တာနက်ချိတ်ဆက်ဖို့လည်း မလိုပါဘူး။ ဒါပေမယ့် အခမဲ့တော့ မရဘူး။ သူငယ်ချင်းတွေနဲ့ share လုပ်လို့မရဘူး။ ခြံနဲ့၊ မိသားစုများတဲ့ သူတွေအတွက်တော့ အဆင်အပြေဆုံးဖြစ်မယ့်နည်းလမ်းပါ။ ဒါပေမယ့် it လောကထဲကလူတွေအဖို့ကတော့ နှစ်ယောက်လောက်ရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။ တချို့ကတော့ သိပြီးသားဖြစ်မှာပါ။ ကုန်ကျစားရိတ်အနည်းအများကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ Dropbox မှာပေးထားတဲ့ အခမဲ့လောက်ကတော့ ငွေတစ်သိန်းမပြည့်ပါဘူး။ ငါးသောင်းဝန်းကျင်နဲ့ ဖြစ်အောင်ဖန်တီးလည်းရပါတယ်။ နှစ်နည်းရှိပါတယ်။

၁။ အရှေ့လက Post မှာတင်ပြခဲ့ဖူးတဲ့ Wi-Drive လိုမျိုး Wireless Storage တစ်ခုကို သုံးလိုက်ရင် ကိစ္စပြီးပါတယ်။ အိမ်မှာ Share ချင်တာမကလို့ သူငယ်ချင်းတွေဆီအထိ ထွက်Share  လို့ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကကြီးတယ်။ LAN ပဲရတဲ့ Desktop တွေဆိုရင် wireless adapter   လိုပြန်ရော။ တစ်သောင်းခွဲလောက် ထပ်လိုက်ရမှာပေါ့။ ဒါပေမယ့် စိတ်ချမ်းသာစရာကောင်းလောက်အောင် Configure မခက်ဘူး။ Easy to run ပေါ့။

၂။ ဒီနည်းကတော့ နည်းနည်း အလုပ်ရှုပ်တယ်။ ပထမဆုံး ပုံမှာပြထားသလို USB Port ပါတဲ့ Router တစ်လုံးလိုတယ်။ အခုနမူနာပြထားတာကတော့ TP-Link နောက်ဆုံးထွက် USB 2 Port ပါတဲ့ Router ပါ။ ခြောက်သောင်းကျော်မယ်။ USB 1 Port ပဲပါတဲ့ အမျိုးအစားကတော့ လေးသောင်းကျော်၊ ငါးသောင်းလောက်ပဲရှိမယ်။  ပြီးတော့ ကိုယ်လိုတဲ့ Storage ပမာဏကို ဖြည့်ပေးမယ့် external HDD ဒါမှမဟုတ် Memory Stick တစ်ခု လိုအပ်ပါတယ်။ external HDD ဆိုရင် 2.5 တွေကတော့ Power ပြဿနာတစ်ခုရှိပါတယ်။ External HDD က USB 2.0 ပဲဖြစ်ဖြစ် 3.0 ပဲဖြစ်ဖြစ်၊ router ကနေ power လုံလောက်အောင် မပေးနိုင်ပါဘူး။ Power Adaptor ထိုးလို့ရတဲ့ အမျိုးအစားဆိုရင်တော့ အဆင်ပြေပါတယ်။ စာရေးသူလက်ရှိသုံးနေတဲ့ ပုံစံဖြစ်ပါတယ်။ Router က USB တစ်ပေါက်ပဲပါတော့ Power ကသတ်သတ်ထပ်ပေးမှ HDD ကအလုပ်လုပ်တယ်။

အသုံးပြုပုံ
သုံးရတာကတော့ ရှင်းပါတယ်။ Router ကို network ချိတ်။ ကြိုး၊ ကြိုးမဲ့ ကြိုက်တာသုံးလို့ရသွားပါပြီ။ အိမ်မှာ ADSL  တို့ Wi-Max လိုမျိုး အင်တာနက်ရှိတဲ့သူတွေကတော့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တာပေါ့။ အင်တာနက်လည်းခွဲသုံးလို့ရမယ်။ Share Point Storage တစ်ခုလည်းရမယ်။ Model မြင့်တဲ့ Router ဆိုရင် Printer ကိုပါ Support လုပ်ပါတယ်။ Printer ကိုချိတ်ထားတဲ့ Computer ကိုဖွင့်စရာမလိုတော့ဘူးပေါ့။ Router နဲ့ပဲ Storage အတွက်ကိုလည်း Share လုပ်ထားတဲ့ ကွန်ပျူတာကို ဖွင့်စရာမလိုတော့ဘူး။ Router နဲ့ ချိတ်ထားတဲ့ Storage Device ကိုပဲ ip address ရိုက်လိုက်တာနဲ့ သွားသိမ်းထား လို့ရတော့ အဆင်ပြေတယ်လေ။ Router ပိတ်တဲ့အခါ Router Config ထဲဝင်ပြီး storage device ကို Safety Remove လုပ်ဖို့တော့မမေ့သင့်ပါ။

အကျိုးကျေးဇူးက မီတာခသက်သာမယ်။ boot time မြန်တယ်။ ကိုယ်ပိုင် user account တွေနဲ့ လည်း Share လုပ်လို့ရတယ်။ User တစ်ယောက်ထက်မက ပေးလို့ရတယ်။ Dropbox ကိုသုံးနေရတဲ့အတိုင်းပဲ။ 
ပြဿနာကတော့ အကုန်အကျများတာပဲ။ USB 1 Port နဲ့ 16GB USB လေးနဲ့ဆိုရင်တောင် ခြောက်သောင်းလောက်ကျသွားမှာ။ မော်ဒယ်လ်မြင့်နဲ့ External HDD ဆိုရင် သိန်းကျော်သွားပြီ။ 1TB Ex HDD ဈေးကလည်းသိတယ်မဟုတ်လား။ သူချည်းတင် တစ်သိန်းဝန်းကျင်မှာ။ 

Android User တွေအတွက်တော့ ES File Explorer လိုမျိုး network Support လုပ်တဲ့ Network File Manager တစ်မျိုးမျိုးလိုအပ်ပါတယ်။ Phone ကို Router နဲ့ချိတ်လို့ပြီးတာနဲ့ ES ကိုဖွင့် network screen ဘက်ကို ပွတ်ဆွဲ (Slide) လုပ်လိုက်။ ပြီးရင် မှန်ဘီလူးပုံနဲ့ Search လုပ်လိုက်ရင် Router ရဲ့ IP ကျလာပါလိမ့်မယ်။ ဖွင့်ကြည့်လိုက်ရင် ကိုယ်တပ်ထားတဲ့ Storage Device ကိုမြင်ရမှာပါ။ 

အဆင်မပြေတာရှိလျှင် E-Mail ပို့မေးမြန်းနိုင်ပါတယ်။

Thursday, March 21, 2013

မသိဘဲနဲ့ ခွင့်ပြုလိုက်မိတဲ့ Android Permissions

Android User တွေအတွက် Application သွင်းတဲ့ကိစ္စက ကိုယ်တိုင်လုပ် ကိုင်နိုင်အောင် လွယ်ကူတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့် Application သွင်းတဲ့အခါ ဘာတွေကို ကြည့်သင့်သလဲဆိုတာ အားလုံးသိချင်မှသိမှာပါ။ Windows မှာ install လုပ်သလို Next Next Yes Yes စသဖြင့် နှိပ်ခဲ့တဲ့ အကျင့်ပါခဲ့တဲ့ အတွက် Android မှာလည်း သတိပေးစာမျက်နှာလေး Permissions List ကိုကျော်လာခဲ့ကြမှာပါ။ ပုံမှန်အတိုင်းဆို အန္တာရာယ်မရှိပေမယ့် Spyware ဆန်တဲ့ Application မျိုးဆိုရင်တော့ ကိုယ့်အချက်အလက်တွေကို အင်တာနက်ပွင့်တာနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ Server ဆီကို ပို့ပေးတဲ့အလုပ်ကို လုပ်တော့မှာပါ။ လက်ရှိမှာ Online Banking မထွန်းကားသေးတဲ့အတွက် ပြဿနာမရှိသေးပေမယ့် ကိုယ့်ရဲ့ အင်တာနက်ကွန်နက်ရှင်ကို လေးသွားစေပါတယ်။ နောက်ပြီး သူကနောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် Hardware Resources ကိုသုံးပါသေးတယ်။ ကိုယ်ကတော့ မသိဘဲ ခွင့်ပြုလိုက်မိခဲ့တာပါ။

နောက်ထပ်တစ်မျိုးကတော့ Ad-ware ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ Home Screen ပေါ်မှာ Search Shortcut တစ်ခုရောက်နေတာကို ကြုံဖူးကြမှာပါ။ သူနဲ့ချိတ်ဆက်ထားတဲ့ ကြော်ငြာကုမ္ပဏီအတွက် အလုပ်လုပ်ပေးတာပါ။ ဒီကိစ္စကတော့ အခမဲ့ Application & Game တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီလိုအချက်တွေကို ရှောင်ဖို့ Install ခလုပ်မနှိပ်ခင်မှာ Permissions List ဆိုတာလေးကို သေချာဖတ်သင့်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက တော်တော်လေးကို ရှုတ်ထွေးတဲ့ကိစ္စတစ်ခုပါ။ Offline သုံးလို့ရတဲ့ Application တစ်ခုက Network Permissions တွေကို တောင်းထားတာ စိတ်ပူစရာအချက်ဖြစ်ပေမယ့် တစ်ခါတစ်လေ Developer အတွက် လိုအပ်တာလေးတွေအတွက် ပေးရပြန်ပါတယ်။ ဝေခွဲရခက်တဲ့ ကိစ္စမျိုးပါ။ SMS ပို့ပေးတဲ့ Application တစ်ခုအတွက် read SMS messages Permissions ဒါမှမဟုတ် network read permissions တောင်းတတ်ပါတယ်။ ဒါကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် Caller ID ဆော့ဖ်ဝဲလ် တစ်ခုက ead phone state and identity လို့ဆိုလာရင်တော့ နည်းနည်းစဉ်းစားသင့်နေပါပြီ။ မိမိဖုန်းရဲ့အခြေအနေကို ဖတ်ပြီး သူကဘာလုပ်မှာလဲပေါ့။

ပိုဆိုးတာတစ်ခုက Root တောင်းတဲ့ apk တွေပါ။ Root အဆင့်ကို မလိုအပ်ပဲ Super User Application မှာပေါ်လာရင်တော့ Allow နဲ့ Deny တစ်ခုခုလုပ်ရပါတော့မယ်။ Root permission တစ်ခုဟာ အသေရေးထားတဲ့ ဖုန်းရဲ့ OS ထဲအထိ ဝင်ရောက် ပြုပြင်နိုင်စွမ်းရှိသွားပါတယ်။ ကိုယ့်အချက်အလက်တွေကို Fectory Reset ချလိုက်လည်း သူကဆက်လုပ်လို့ ရနေတာမျိုးပါ။

ကောင်းတဲ့အကျင့်တစ်ခုက သူများပေးတဲ့ apk လေးတွေကို ကိုယ့်ဖုန်းထဲမှာ ချက်ချင်းမထည့်ဘဲ Google Play လို Market တွေမှာရှိမရှိ၊ ရှိရင် ဘာတွေတောင်းတယ်၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လေ့လာပြီးမှ သွင်းသင့်ပါတယ်။ Play Store ထဲက Apk တွေက Download လုပ်လို့မရပေမယ့် အချက်အလက်တွေကိုတော့ ဖတ်လို့ရပါတယ်။ တစ်ခုစိတ်ချဖို့ကောင်းတာက Play Store မှာတင်ထားတဲ့ Apk တွေကို Googleက စစ်ဆေးပေးထားတဲ့ အတွက်အတော်လေး စိတ်ချရပါတယ်။ နောက်ပြီး အလကားပဲတင်း apk တွေကို play stoe မှာတင်လို့မရပါဘူး။ ဒီအတွက် တော်ရုံလူကလည်း မဟုတ်တာ မလုပ်ရဲဘူးပေါ့။ ဒါပေမယ့် အပြင်က Black market တွေမှာတော့ အခမဲ့တင်လို့ရတဲ့အပြင် စစ်ဆေးမှုတွေလည်း မလုပ်ကြပါဘူး။ သူတို့ Page တွေမှာ user တက်ဖို့ပဲ အဓိကထားတဲ့ အတွက် ဒီလိုဝန်ဆောင်မှုမျိုးတွေကိုမပေးကြပါဘူး။ နောက်ပြီး တချို့apk တွေက Crack လုပ်ထားတာဆိုတော့ မူရင်းမှာ မဟုတ်တာတွေမပါပေမယ့် crack လုပ်လိုက်တဲ့သူထည့်ပေးလိုက်ရင် ပါလာနိုင်ပါတယ်။ ဒီကိစ္စကတော့ လောလောဆယ်မှာ အန္တာရာယ်မရှိတဲ့ အတွက်မမြင်သာပါဘူး။ အနာဂတ်အတွက် ကြိုတင်သတိထားနိုင်အောင် တင်ပြလိုက်ရပါတယ်။

http://developer.android.com/guide/topics/security/permissions.html

ဒီမှာတော့ Developer တွေ Permission ဘာအတွက် တောင်းရတာကို ရှင်းပြထားပါတယ်။

http://androidforums.com/android-applications/36936-android-permissions-explained-security-tips-avoiding-malware.html

ဒီလင့်လေးမှာတော့ Android တွေကို ဦးတည်နေတဲ့ virus, malware, spyware စတာတွေ အကြောင်းနဲ့ ရှောင်ရှားပုံကို ဖော်ပြထားပါတယ်။ စိတ်ဝင်စားသူများ ဆက်လက်လေ့လာကြပါ လို့အကြံပြုပါရစေ။

Friday, March 15, 2013

မိုဘိုင်း အင်တာနက်ကို အချိန်နဲ့ အလိုအလျှောက်ပိတ်ပေးမယ့် 3Gtimer for Android

အသုံးဝင်ပုံ
     တကယ်တော့ ဒီ Software လေးကို ရေးဖြစ်တာက Mobile 3G ကွန်နက်ရှင်နဲ့ လိုအပ်တာလေးတွေကို Download ဆွဲဖို့ကြိုးစားရင်းနဲ့ ဒီလိုလုပ်ဖို့ အကြံရလိုက်တာပါ။ အဓိက မိုဘိုင်းဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး သုံးတဲ့ သူတွေ၊ Download ဆွဲသူတွေအတွက် ပိုပြီး အသုံးဝင်မှာပါ။ အချိန်မှတ်ပေးပြီး အိပ်လိုက်လို့ရတယ်။ ညဘက် Download လုပ်တဲ့သူတွေအတွက် အိပ်ရေးမပျက်တော့ဘူးပေါ။ ကွန်နက်ရှင်သေချာရင် Remain Time နဲ့ Timer ပေးလိုက်ရုံပဲ။  နောက်ပြီး မေ့တတ်တဲ့သူတွေပါ။ အင်တာနက်ကို ဖွင့်ပြီး ပြန်ပိတ်ဖို့ မေ့တတ်တဲ့ သူတွေအတွက် ကိုယ်သုံးမယ့် ကြာချိန်လေး ရိုက်ထည့်လိုက်တာနဲ့အချိန်တန်ရင် သူ့အလိုလို ပိတ်ပေးမှာပါ။ နောက်ပြီးတော့ Bill ကိုချိန်ပြီး အင်တာနက်သုံးနေရတဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။ မဖြစ်မနေ Facebook လေးငါးမိနစ်လောက်ပဲကြည့်မယ်ကွာ ဆိုပြီး တစ်နာရီလောက်သုံးမိသွားတဲ့ သူတွေလည်း ငါးမိနစ်ပြည့်တာနဲ့ အင်တာနက်ပိတ်ပြီး သတိပေးမှာပါ။

အသုံးပြုပုံ
     အောက်ဆုံးမှာ ပုံလေးနဲ့ အတူပြထားတဲ့ link လေးမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Android ဖုန်းထဲကနေ တိုက်ရိုက်ဒေါင်းလည်းရပါတယ်။ ပြီးရင်တော့ ဖုန်းထဲထည့် ပြီး install လုပ်ပါ။ Phone Setting ထဲမှာ Unknown Source ဆိုတာလေးကို အမှန်ခြစ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ Application ဖွင့်လိုက်ရင် User အတွက် အချိန်ဖြည့်တဲ့ အကွက်လေးနဲ့ စမှတ် ခလုပ်လေးပဲပါဝင်ပါတယ်။ နှစ်သက်သလို ကိုယ်သုံးမယ့်အချိန်ကို ရိုက်ထည့်လိုက်ပါ။ မိနစ်ပဲရိုက်ရမှာပါ။ ဆိုလိုတာက တစ်နာရီသုံးချင်ရင် 60 လို့ရိုက်ပေးရမှာပါ။ ပြီးရင် Start ခလုပ်လေးကို နှိပ်လိုက်ရင် 3G အလိုလို ပွင့်သွားပါလိမ့်မယ့်။ ခလုပ်လေးကတော့ Restart ဆိုတာဖြစ်သွားပါလိမ့်မယ်။ အချိန်ပြည့်သွားလို့ ပြန်စချင်ရင်လည်း အဲဒါလေးကို နှိပ်လိုက်ရင် အချိန်ဖြည့်တဲ့အကွက်လေး လင်းလာပါလိမ့်မယ်။ အချိန်ဖြည့်ပြီး စလိုက်တာနဲ့ Notification လေးတစ်ခုလည်း ပြပါလိမ့်မယ်။ အင်တာနက်ပွင့်သွားပါပြီ။
     ကိုယ်သုံးမယ့် Browser, Facebook စတဲ့ Application တွေဆီကို သွားဖို့ ဆိုရင် ဖုန်းရဲ့ Home Button ကိုနှိပ်လိုက် ရင် Home Screen ရောက်သွားပါလိမ့်မယ်။ ကြိုက်ရာကို သုံးလို့ရပါတယ်။ အချိန်မပြည့်ခင် ပြန်ထွက်ချင်ရင် Application  ကိုလိုက်ရှာပြီး နှိပ်ချင်နှိပ်၊ ဒါမှမဟုတ် Notification ဘားတန်းလေဆွဲချပြီး 3Gtimer လေးကို နှိပ်လိုက်ရင် Application Screen ကိုပြန်ရောက်သွားပါလိမ့်မယ်။ Restart ဆိုတဲ့စာပြောင်းသွားတဲ့ ခလုပ်လေးကို နှိပ်လိုက်ရင် လက်ရှိ အချိန်မှတ်ထားတာလေးကို ဖျက်ပြစ်ပြီး အင်တာနက်ကိုပိတ်ပေးတဲ့အပြင် အချိန်အသစ်ဖြည့်ဖို့ စောင့်နေမှာပါ။ ဒါမှမဟုတ် Application ကို အပြီး ပိတ်ချင်တယ် ဆိုရင်တော့ Phone ရဲ့ Back ခလုပ်ကို နှိပ်လိုက်ရင်ရပါတယ်။ သေချာလားလို့ လာမေးပါလိမ့်မယ်။ OK ဆိုရင် အင်တာနက် ကိုပိတ်ပေးပြီးတာနဲ့ Application ကိုပိတ်ပေးမှာပါ။ Back Key ကိုနှိပ်လိုက်ရင်တော့ မူလနေရာကို ပြန်ရောက်သွားမှာပါ။ အရမ်းရိုးရှင်းလွယ်ကူပါတယ်။


ဘေးထွက်ဆိုးကြိုး
        ဒီ App လေးက Beta Version 2 ဖြစ်ပါတယ်။ ပထမရေးထားတဲ့ Beta Version 1 မှာ Error အနည်းငယ်ရှိလို့ ဒီလို ပြန်ပြင်လိုက်တာပါ။ ပထမ error ကဖုန်းတိုင်းမတက်ပါဘူး။ ဖုန်းနဲ့ အင်တာနက်သုံးတဲ့သူတွေ သုံးတဲ့ Application များရင် Timer App  လေးကို Android System ကပိတ်ချလိုက်ပါတယ်။ ဒီတော့ အချိန်ကို ဆက်လက်ရေတွက်ခြင်းမပြုနိုင်တဲ့ အတွက် အလိုအလျှောက်မပိတ်ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် Task Killer Application သုံးတဲ့ ဖုန်းတွေမှာ ပိုအဖြစ်များပါတယ်။ အခုကတော့ အဲဒီပြဿနာကို ဖြေရှင်းထားပါတယ်။ ကျောရိုးတစ်ခုလုံးပြင်ထားတဲ့ အတွက်ပါ။ ဒါပေမယ့် စိတ်ချလို့မရသေးပါဘူး။ 
       တတ်နိုင်တဲ့ Android Phone Model and Brand တွေနဲ့စမ်းသပ်ထားပါတယ်။ ပထမတုန်းကလို မဖြစ်တော့ပါဘူး။ ဘယ်ဖုန်းမှာ ဘာဖြစ်မလဲဆိုတာကတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အင်တာနက်ဘေကုန်တာထက်တော့ ထူးခြားတဲ့ ပြဿနာမရှိပါဘူး။ ပထမဆုံးအနေနဲ့ Timer ထဲမှာ အချိန်နည်းနည်းပေးပြီး စောင့်ကြည့် ပြီးသုံးပါလို့ အကြံပြုပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် လည်း အချိန်မရွေး Email ပို့၊ ပြဿနာကို ပြောပေးကြပါ။ နောက်ထွက်မယ့် Version မှာပြင်လို့ရအောင်လို့ပါ။

Application အကြောင်း
          228.3KB အရွယ်အစားပဲရှိပါတယ်။ Android 2.3 အထက် နောက်ဆုံးထွက် Jelly Bean Android Phone တွေအထိ သုံးလို့ ရပါတယ်။ Download ဆွဲလို့ လွယ်ကူပါလိမ့်မယ်။ Beta Version ဆိုတာ တကယ်တော့ Developer တွေအနေနဲ့ စမ်းထားပြီး လူတွေကို အစမ်းပေးသုံးတာပါ။ ဒါပေမယ့် ဒီ 3Gtimer Beta Version လေးကို အခု တစ်လအခမဲ့ စမ်းသုံးခွင့်ပေးထားပါတယ်။ နောက်ပိုင်း Version တွေကိုလည်း အခမဲ့ပေးမှာပါ။ နောက်ထပ် Version တွေကို Download မဆွဲမှာ စိုးလို့ တစ်လပဲပေးတာပါ။ နောက်ထပ် နှစ်ပတ်လောက်အတွင်း အသစ်ထွက်ဖို့ ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက် Version တွေလည်း အခမဲ့ပါ။
      အဲဒီလို အခမဲ့ပေးဖို့အတွက် Sponsor လိုပါတယ်။ ဒီApplication ကိုစမ်းသပ်ရင်းနဲ့ အနည်းဆုံးအင်တာနက် ဘေကုန်ပါတယ်။ နားမလည်တဲ့ ကုဒ်တချို့အတွက် Googling လုပ်ရပါတယ်။ တစ်ပတ်လောက်ကို ဘလော့ မရေးနိုင်ပါဘူး။ တခြားဦးနှောက်စားတဲ့ ကိစ္စတွေကတော့ မပြောလိုတော့ပါဘူး။

        ပြောချင်တာက Sponsor နဲ့မို့လို့ အသုံးပြုသူတွေကိုအားနာပါတယ်။ မြဝတီတို့ MRTV တို့လို Free to Air လိုမျိုးလို့သဘောထားပေးပါ။ နောက်ပြီး Sponsor ပေးဖို့ စိတ်ဝင်စားရင်လည်း ဆက်သွယ်ပါ။ အခုလိုမျိုး Sponsor ဆိုရင် သောင်းဂဏန်းပဲကျမှာပါ။ လူဘယ်နှယောက် Donload ဆွဲသွားလဲဆိုတာကို ပြပေးပါမယ်။ zetazaw@gmail.com ကို အကြောင်းအရာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး email ပို့လိုက်တာနဲ့ အရောက်လာခဲ့ပါမယ်။
Download လုပ်ရန်
ဒါကတော့ တိုက်ရိုက် လင့်လေးပါ။
3Gtimer

ဒါကတော့ QRCode လေးပါ။
 

Friday, March 8, 2013

သင်သုံးနေတဲ့ Android အကြောင်း အကျဉ်း


ဖန်တီးသူ- Google.com (မူရင်းရေးသားသူတော့ မဟုတ်ပါ)
ထိန်းသိမ်း မောင်းနှင်မှု ပုံစံ - Unix Like ဟုခေါ်သော Ubuntu ကဲ့သို့ Linux Operating System တစ်မျိုးဖြစ်သည်
ဖန်တီးသော ပရိုဂရမ်စနစ် - C, C++, java programming language
သုံးစွဲခွင့်ပုံစံ - လွတ်လပ်စွာပြုပြင်ခွင့်ပေးထား (open source)
အဓိက အသုံးပြုနိုင်သောကိရိယာ- စမတ်ဖုန်း သင်ပုန်းကွန်ပျူတာကဲ့သို့ သယ်ဆောင် အသုံးပြုလွယ်သော ပစ္စည်းများ
အသုံးပြုနိုင်သော cpu အမျိုးအစား- ARM, INTEL x86
အသုံးပြုသော Hardware  ထိန်းကျောင်းမှုစနစ် - အထူးပြုပြင်ထားသော linux kernal
လူအသုံးပြုနိုင်သော ပုံစံ - လက်ဖြင့် တို့ထိ ထိန်ကျောင်းနိုင်သော စနစ်
နောက်ဆုံးထုတ် မောင်းနှင်စနစ် အမည်- jelly bean 4.2.2
နောက်ဆုံးထွက်မည့် ကောလဟာလ မောင်းနှင်စနစ် အမည်- lemon lime pie (android 5.0)
တရားဝင် Software အရောင်း စင်တာ - Google Play Store
ပြည်တွင်း အသုံးအများဆုံး တရားမ၀င် Software အရောင်း စင်တာ - 1mobile
တရားဝင် အင်တာနက် လိပ်စာ - www.android.com
ဆော့ဖ်ဝဲရေးသားသူများကို ကူညီသော အင်တာနက် လိပ်စာ - www.developer.android.com, www.stackoverflow.com
ရည်ညွှန်း- ထုံးစံအတိုင်း www.wikipedia.org and ဟိုရှာဒီရှာ

Tuesday, March 5, 2013

Android ပေါ်မှာ ဝီကီကို အင်တာနက်မလိုဘဲ ဖတ်ကြည့်ရအောင်


အင်တာနက်မလိုဘူးဆိုပေမယ့် ခဏတော့ လိုပါတယ်။ ပုံမှန် Browser တစ်ခုကို သုံးပြီး Wikipedia ကနေ တစ်ခုခုကို ရှာလိုက်သလောက်ပဲ ကြာတာပါ။ Android ဖုန်းလေးတစ်လုံးကို 3Gဖွင့် ပုံမှန် Browser ကနေ ဝီကီ လင့်တစ်ခုခုကို ဖွင်လိုက်တာနဲ့ လာမေးပါလိမ့်မယ်၊ ဒီ app ကို သုံးမလား Browser ကနေပဲသွားမလားဆိုပြီး။ Wikipedia apk နဲ့  ဖွင့်မယ်လို့ရွေးလိုက်ရင်တော့ Wiki apk လေးပွင့်လာပါမယ်။ ဖုန်းရဲ့ Menu ခလုပ်လေးကို နှိပ်လိုက်ရင် နောက်ထပ် Menu ၆ ခုပေါ်လာပါလိမ့်မယ်။ Save Page ဆိုတာလေးကို ရွေးပေးလိုက်ပါ။ အဲဒါဆိုရင် ဖုန်းထဲမှာ ကိုယ်ကြည့်နေတဲ့ Wiki Page ကိုသိမ်းထားလိုက်ပါပြီ။ ဝလုံးလေးဝိုင်းလို့ပြီးသွားရင် ပုံမှာပြထားသလို ... saved ဆိုတဲ့ စာလေးပေါ်လာတဲ့အခါ အင်တာနက် ပိတ်လိုက်လို့ရပါပြီ။ နောက်မှအေးအေးဆေးဆေး တစ်လုံးချင်းဖတ်လို့ရသွားပါပြီ။ အင်တာနက်ဖွင့်ပြီး ဖတ်တာထက် ပိုထိရောက်သလို ဘေမကုန်တော့ဘူးပေါ့။
ပြန်ဖတ်ဖို့ဆိုရင်တော့ Browser ကနေမရတော့ပါဘူး။ Wikipedia Application လေးကိုဖွင့်၊ Menu ခလုပ်လေးကိုနှိပ်၊ ဒီတစ်ခါတော့ Save Page ဆိုတာလေးရဲ့ဘေးက Saved Pages ဆိုတာလေးကို ရွေးလိုက်ရင် ကိုယ်သိမ်းခဲ့တဲ့ အချက်အလက်တွေကို စာရင်းပြပေးမှာပါ။ ပြန်ဖတ်ချင်တဲ့ တစ်ခုကို ရွေးလိုက်ရင် အဆင်ပြေစွာနဲ့ ပြန်ဖတ်လို့ရပါပြီ။ Font Size တွေကြီးချင်ရင်လည်း Setting ကနေသွားပြင်လို့ရပါတယ်။ အောက်မှာ ဒေါင်းလို့ရပါတယ်။ Dropbox ရှိတဲ့သူတွေကတော့ Dropbox ထဲတန်းထည့်လို့ရမှာပါ။ ပျော်ရွင်ကြပါစေ။

Sunday, March 3, 2013

ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်(နောက်ဆက်တွဲ ၁)

ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်ဆိုပြီး USB OTG Cable အကြောင်း ရေးခဲ့ပါတယ်။ အဲဒီကြိုးလေးကို ကိုင်ပြီး တွေ့သမျှ အသိတွေရဲ့ ဖုန်းလိုက်ထိုးနေလိုက်တာ Huawei (စမ်းခဲ့သမျှ) မရတာကိုတွေ့ရပါတယ်။ Ascend P1 လို Grade မြင့်ဖုန်းမှာတောင် မရပါဘူး။ Sony Xperia P မှာတော့ ရပါတယ်။ Xperia ဖုန်းတွေမှာ အလုပ်လုပ်တယ်လို့ ယူဆပါတယ်။ OTG Helper ဆိုတဲ့ apk မလိုဘဲ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Tablet တွေမှာလို Mouse & Keyboard သုံးလို့မရပါဘူး။ Samsung Galaxy Note 2 မှာလည်း ထိုနည်းတူစွာအလုပ်လုပ်ပါတယ်။ Note IIမှာ OTG ဆိုတာကိုပါအသိအမှတ်ပြုတာတွေ့ရတယ်။ လက်ရှိ မိတ်ဆွေတွေထဲမှာ Samsung ဖုန်းပိုင်ရှင်တွေကိုလည်း လိုက်လံဆက်သွယ်ပြီး လက်မထိုးဖို့ ကြိုးစားနေပါတယ်။ Samsung အများစုမှာ ရမယ်လို့မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြိုးလေးက Samsung အတွက် လို့ရောင်းတဲ့သူကပြောလိုက်လို့ပါ။နောက်ထပ်သိရှိသမျှကို နောက်ဆက်တွဲအနေနဲ့ ရေးသွားမှာပါ။ သုံးချင်သူများအတွက် Huawei ဖုန်းကိုင်သူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ Huawei တွေမှာ အခုထိ Support လုပ်တာမတွေ့ရသေးဘဲ Sony နဲ့ Samsung ဖုန်းတွေမှာ အလုပ်လုပ်တာကို တွေ့ရလို့ပါ။ China Tablet လေးတွေ အများစုကတော့ apk တင်သုံးမှ ရမှာပါ။
အားလုံးပဲ ပျော်ရွှင်ကြပါစေ။

Friday, March 1, 2013

ကျောက်သင်ပုန်းမှာ လက်မထိုးကြည့်မယ်


အစ်ကိုတစ်ယောက်ရဲ့ဆိုင်ရောက်တုန်း သူ့ဆိုင်မှာ တင်ထားတဲ့ ပစ္စည်းလေးတွေကို မွှေနှောက်ရှာကြည့်ရာကနေ ကြိုးတစ်ချောင်းတွေ့ပါတယ်။ အတင်းယူထုတ်ပြီး ရေးထားတဲ့စာတွေဖတ်ကြည့် Memory Stick နဲ့ ဖုန်းမှာထိုးတပ်တော့ ဘာအလုပ်မှမလုပ်ပါဘူး။ ဒါနဲ့ သူက ဆော့ဖ်ဝဲလ် လိုတယ်ကွ လို့ပြောပါတယ်။ ပြဿနာမရှိပါဘူး။ ဘာပဲလိုလို ဂူးဂဲ ရှိပါတယ်။ ရှာကြည့်လိုက်တော့ တွေ့ပါတယ်။ ဒါနဲ့ပဲဒေါင်းလိုက်ပါတယ်။ ဖုန်းထဲမှာ apk ကို Run လိုက်တယ်။ ပြန်တပ်ကြည့်တယ်။ အလုပ်မလုပ်ပါဘူး။ နည်းနည်းတော့ လေသွားပါတယ်။ ဒါနဲ့ သူ့ဆိုင်ထဲမှာတွေ့တဲ့ လျှပ်စစ်သင်ပုန်း (တရုတ်) လေးတစ်လုံးကို Memory Stick နဲ့တပ်ကြည့်တော့ Stick မီးလင်းလာပါတယ်။ အိုကေ။ စတစ်ကို File Manager နဲ့လိုက်ရှာကြည့်တော့ မတွေ့ပါဘူး။ ဒါနဲ့ စောစောကဒေါင်းထားတဲ့ apk  လေးကို အဲဒီ တရုတ် သင်ပုန်းလေးထဲမှာ တင်လိုက်ပါတယ်။ Mount လုပ်လိုက်တဲ့အခါ SD Device တစ်ခုအနေနဲ့ တွေ့သွားပါတယ်။ Thumb Drive ထဲက သီချင်းကို ဖွင့်ကြည့်တော့ ပွင့်ပါတယ်။
ဒါနဲ့ သူ့ဆိုင်မှာရှိသမျှ သင်ပုန်းတွေကို လက်မနဲ့ (Thumb Drive ကိုပြောတာနော်) အကုန်လိုက်ထိုး  ကြည့်လိုက်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဒါနဲ့တွေ့သမျှဖုန်းတွေ အကုန်လိုက်ထိုး ကြည့်တော့ အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် Sony လို Branded ဖုန်းတွေကိုတော့ မစမ်းကြည့်ရသေးပါဘူး။ စမ်းပြီးရင်ထပ်တင်ပေးပါ့မယ်။ နောက်ထပ်အသေးစိတ်ကိုလည်း ထပ်ကလိပြီးရင် ထပ်တင်ပေးပါ့မယ်။ ကျောက်သင်ပုန်းဝယ်ထားပြီး SD Memory Card စိုက်မရတဲ့ သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။ ကဒ်စိုက်လို့ရလည်း ကိုယ့် Thumb Drive ထဲကဒေတာတွေကို ဖုန်းထဲအလွယ်တကူ ထည့်နိုင်တဲ့အတွက် မဆိုးဘူးလို့ဆိုရမှာပါ။
နောက်တစ်ချက်က ICS တင်ထားတဲ့ သင်ပုန်းတွေကတော့ တင်ထားတဲ့ Android OS ပေါ်မူတည်ပြီး USB Keyboard နဲ့ Mouse ကိုပါသုံးနိုင်ပါတယ်။ Android 4.0 ICS တင်ထားတဲ့ Device  တော်တော်များများမှာ အလုပ်ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ USB OnThtGo Cable က အများစုသုံးတဲ့ China Tablet and Phone တွေအတွက်ပါ။ Samsung တို့ iPad တို့iPhone တို့အတွက် သီးသန့်ရှိပါတယ်။ အသုံပြုနေတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါလေးကတော့ တန်ဖိုး ၃၅၀၀ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကလိပျော်၊ သုံးပျော်ပါတယ်။ Huawei လို တရုတ်ဖုန်းတွေမှာ ရတာကရပြီး မရတာကမရကြပါဘူး။  Branded တွေအတွက်ကတော့ လုံးဝအိုကေပါတယ်။ ဒါပေမယ့် ဒီဈေးလောက်နဲ့မရပါဘူး။ ကြိုးဝယ်ပြီး သုံးမရဖြစ်နေသူများအတွက်၊ စိတ်ဝင်စားလို့ စမ်းကြည့်မယ်ဆိုတဲ့လူများအတွက် အောက်ကလင့်လေးမှာ OTG USB mounter android apk လေးကို ဒေါင်းနိုင်ပါတယ်။ ထုံးစံအတိုင်း Dropbox နဲ့တင်ပေးထားလို့ ဒေါင်းရတာအဆင်ပြေမှာပါ။ 
Download- OTG apk
China OTG Cable ကြိုးလေးကို လိုချင်သူများကတော့ HypertecH Technology Group အမှတ်- ၆၊ သိမ်ဖြူကားအော်ဒီယိုဝင်း၊ သိမ်ဖြူတင်းနစ်ကွင်းဘေး၊ ဗညာဒလလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့မှာ ဝယ်ယူနိုင်ပါတယ်။ ကြော်ငြာမဟုတ်ဘူးနော်၊ တချို့မိုဘိုင်းဆိုင်တွေ မှာလည်း ရောင်းပါတာယ်။ သူတို့ကတော့ Branded တွေအတွက် ပဲတင်ကြတာများပါတယ်။ ခေါင်းမတူပါဘူး။

Thursday, February 28, 2013

တိမ်တိုက်ပေါ်တွင် သိမ်းဆည်းခြင်း


ကွန်ပျူတာတစ်လုံးရယ်၊ စမတ်ဖုန်းတစ်လုံးရယ် စသည်ဖြင့် ပိုင်ဆိုင်လာပြီဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာကတော့ Data နဲ့ရှုတ်ထွေးကုန်တာပါ။ ကွန်ပျူတာထဲမှာလည်း ဒီဒေတာရှိ။ ဖုန်းထဲမှာလည်းရှိ၊ တကယ်လိုတဲ့ ဒေတာကို ထည့်မယ်ဆိုတော့ ဖုန်းထဲမှာ နေရာမဆံ့တော့ဘူး။ နောက်ထပ် SD ကဒ်ဝယ်ရမလိုဖြစ်။ ရှိပြီးသား မလိုတဲ့ဒေတာတွေကိုလည်းမဖျက်ချင်။ နောင်တချိန်လိုလာမယ်ဆိုပြီးတော့ နှမျှောတာလည်းပါတာပေါ့။ ဒါဆိုရင်ဖြေရှင်းနည်းမရှိတော့ဘူးလား။ မရှိပါဘူး။ လူ့အလိုနတ်မလိုက်နိုင်မှတော့ လူလောက်နဲ့တော့ဘယ်တတ်နိုင်မလဲ။ အလိုရှိသမျှ ဖြစ်ဖို့ထက် ဖြစ်ချင်တဲ့စိတ်လျှော့ပြီး စမ်းမယ်ဆိုတဲ့သူတွေ အတွက် Cloud Storage တစ်မျိုးနည်းမိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့သူတွေကတော့ သိပြီးသားပါ။ ဒါပေမယ့် သိပြီးသားလူတွေ ပြီးအောင်ဖတ်လိုက်ရင် မသိသေးတဲ့အချက်လေးတွေရလာမှာပါ။

Online ပေါ်မှာ ဒေတာတွေကို အခမဲ့သိမ်းနိုင်တဲ့ Free Online Services တွေအများကြီးရှိပါတယ်။ Google Drive, DropBox, Box.net, SugarSync, Ubuntu One, Huawei Cloud, Apple Cloud အစရှိသဖြင့် ဖော်ပြမကုန်အောင်ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေကို ကြည့်ပြီး မိမိနှစ်သက်ရာ ရွေးချယ်သုံးစွဲနိုင်ပါတယ်။

အားသာချက်။
အခမဲ့ သုံးစွဲနိုင်ပါတယ်။ အီးမေးလ်အကောင့်တစ်ခုနဲ့ လွတ်လပ်စွာသုံးစွဲခွင့် ပေးထားပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှုပေးတဲ့ သူပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ ပမာဏ ကွဲပြားမှုရှိပါတယ်။ နောက်ထပ်ရွေးချယ်စရာက Pletform Independent ဖြစ်မှုပါ။ ဘယ်လိုပစ္စည်းတွေသုံးသုံး ဝန်ဆောင်မှုပေးနိုင်တာမျိုးကို သုံးစွဲသင့်ပါတယ်။ နောက်ပြီး သိမ်းဆည်းနိုင်တဲ့ ပမာဏ များများပေးတဲ့ သူကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သတ်တဲ့ တခြား ဝန်ဆောင်မှုတွေကို တော့ ပိုက်ဆံတောင်းပါလိမ့်မယ်။ ဒီလိုမျိုး တစ်ခုနဲ့တစ်ခုကတော့ အားနည်းချက်အားသာချက်လေးတွေမတူညီ ကြပါဘူး။ ကိုယ်နဲ့အဆင်ပြေသလိုရွေးချယ်သုံးစွဲနိုင်ပါတယ်။

အားနည်းချက်။
အလကားရတယ်။ အလွယ်တကူသုံးနိုင်တယ်။ ဒါပေမယ့် ဘယ်တစ်ခုကို မှ ယုံကြည်စိတ်ချလို့မရပါဘူး။ သူတို့ကိုယ်သူတို့လုံခြုံရေးမြှင့်တင်နေသမျှ ကာလပတ်လုံးလုံခြုံနေပေမယ့် ဒီနေ့ခေတ် Microsoft Facebook Twitter အစရှိတဲ့ ကုမ္ပဏီကြီးတွေတောင် ဖောက်ထွင်းခံလိုက်ရတာ ဆိုတော့ ဘာကိုမှယုံကြည်ဖို့မသင့်ပါဘူး။ နောက်တစ်ခုကတော့ မူပိုင်ခွင့်ပါ။ ကျနော်တို့ဆီက ခိုးကူးထားတဲ့ ဆော့ဖ်ဝဲလ်တွေ သွားသိမ်းမယ်ဆိုမှားသွားပါလိမ့်မယ်။ ပြီးတော့ သူတို့က ကိုယ့်ရဲ့ ဒေတာကို ဖွင့် မကြည့်ပါလို့ ဘယ်လိုပဲပြောပြော မယုံရပါဘူး။ ခိုးကူးမှန်း သူတို့ ဖွင့်မကြည့်ဘဲနဲ့တော့ သိစရာအကြောင်းမရှိပါဘူး။


ဒီနေရာမှာတော့ စာရေးသူသုံးနေကျ Cloud Service ဖြစ်တဲ့ Dropbox ဆိုတဲ့ Service နဲ့မိတ်ဆက်ပေးချင်ပါတယ်။ DropBox ကတော့ လူတိုင်းနီးပါးအသုံးပြုဖူးကြမှာပါ။ ဒါပေမယ့်မသိသေးတဲ့ လူအချို့အတွက် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ Dropbox မှာပေးထားတဲ့ ဝန်ဆောင်မှုတွေက အများကြီးပါ။ https://www.dropbox.com မှာလေ့လာနိုင်ပါတယ်။ စာဖတ်သူများအနေဖြင့် နှစ်သက်ရာ ဝန်ဆောင်မှုများကို ရွေးချယ်နိုင်ပါတယ်။ အခက်အခဲရှပါက မေးမြန်းနိုင်ပါတယ်။

နံပါတ်တစ်တစ်ချက်က ဘယ် Operating System မဆို သုံးလို့ရတဲ့အချက်ပါ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းက သုံးလေးမျိုး၊ Operating System ကလည်း သုံးလေးခုဖြစ်နေလည်း အဆင်ပြေပါတယ်။ အဆင်မပြေစရာဆိုလို့ အကုန်လုံးမှာ လိုက်တင်ပေးနေရတာလေးတစ်ခုပါ။ ဒါပေမယ့် သူက အဲဒီလိုသုံးတဲ့သူတွေအတွက် Storage Space ပိုပေးပါတယ်။ ပုံမှန် Dropbox အကောင့်တစ်ခု ဖန်တီးလိုက် တာနဲ့ 2GB ပဲသိမ်းနိုင်ပါတယ်။ ဒါပေမယ့် အခုလို မျိုး Devices အမျိုးမျိုး ပေါ်မှာသုံးရင် သူ့ကိုအားပေးတယ်လို့ ယူဆပြီး Storage Amount ကိုတိုးပေးပါတယ်။ နောက် သူငယ်ချင်းတွေကို ရှယ်လို့ သူငယ်ချင်းကလည်း အဲဒါကိုသုံးရင် ထပ်တိုးပေးပါတယ်။ ကျေနပ်စရာကောင်းတဲ့ အချက်က Android, Windows, Linux, iDevices တွေအတွက် အဆင်ပြေပြေသုံးနိုင်မယ့် Application လေးတွေထုတ်ပေးထားတာပါ။ ကြိုက်ရာကို ဆွဲချပြီးသုံးနိုင်ပါတယ်။

Dropbox မှာသိမ်းရင် အနည်းဆုံး နှစ်မျိုးခွဲခြားသုံးစွဲနိုင်ပါတယ်။ ကိုယ်ပိုင် ပါစင်နယ် သိမ်းစရာနေရာနဲ့၊ အများကို ရှဲပေးမယ့် နေရာဆိုပြီး ခွဲထားလို့ရပါတယ်။ ဘယ်မှာပဲသိမ်းသိမ်း သိမ်းထားတာလေးတွေကို ပြန်ဒေါင်းဖို့ လင့်လေးတွေပြန်ယူထား လို့ရပါတယ်။ ပြီးတော့ သူငယ်ချင်းတွေကို ပေးတဲ့အခါ သူတို့က ပါစင်နယ်လင့်ကို မှားပြီး ရသွားလည်း ပြဿနာမရှိပါဘူး။ Login ဝင်ဖို့ Password တောင်းမှာပါ။ အများဆိုင်တဲ့နေရာကလင့်ဆိုရင် အသာလေးဒေါင်းလိုက်ရုံပါ။ အဆင့်တွေအများကြီးဖြတ်သန်းစရာမလိုပါဘူး။ 4Share တို့ MediaFire တို့မှာလည်း အဲဒီလိုဝန်ဆောင်မှုမျိုရနိုင်ပါတယ်။ ဒါပေမယ့် Download ပြန်ယူတဲ့အခါ သူတို့ရဲ့ကြော်ငြာတွေနဲ့ ရှုပ်နေတတ်ပါတယ်။ Dropbox မှာတော့ အဲဒီလိုမျိုးတွေမရှိပါဘူး။ ITGuide ကနေ တစ်ခုခုပေးစရာရှိရင်လည်း Dropbox ကနေတင်ပေးတာပါ။ 
ပါစင်နယ် စတိုမှာသိမ်းတာကတော့ သီချင်းတွေ၊ ပုံတွေ၊ စာတွေ စသဖြင့် သိမ်းချင်ရာသိမ်းနိုင်ပါတယ်။ အဲဒီလိုသိမ်းခြင်းအားဖြင့် လူများကို ဝေငှပေးမှာမဟုတ်ဘူးလို့ သူတို့ကပြောပေမယ့် သူတို့ ဖွင့်ကြည့်ချင်ကြည့်နိုင်တယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ပါစင်နယ်ဆိုပေမယ့် အရမ်းပါစင်နယ်တာတွေ သိမ်းဖို့တော့မသင့်ပါဘူး။

နောက်တစ်ခုက ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အဆင်ပြေပါတယ်။ အကောင့်ပိုင်ရှင်အချင်းချင်း တစ်နေရာတည်းက ကုမ္ပဏီဒေတာကို မျှသုံးလို့ရတာမျိုးပါ။ အီးမေး ကနေတွဲပို့နေစရာမလိုပါဘူး။ တခြားလူတွေလည်း ဝင်ကြည့်လို့မရပါဘူး။ ကိုယ်ခွင့်ပြုထားတဲ့ဝန်ထမ်းအချင်းချင်းကလွဲပြီးတော့ ဘယ်သူမှဝင်လို့မရပါဘူး။ Semi Personal ဆန်တာပေါ့။ ရုံးကလူက ဝန်ထမ်းအားလုံးရှဲထားတဲ့ နေရာမှာ တစ်ခုတင်ပေးလိုက်တာနဲ့ အပြင်ရောက်နေတဲ့သူတွေရဲ့ ဖုန်းတွေမှာ အင်တာနက်ဖွင့်လိုက်ရင် အဲဒီ ဒေတာ အလိုလိုဝင်လာမှာပါ။ အီးမေးပို့၊ ရပြီလားမေး၊ အီးမေးထဲမှာ လိပ်စာအများကြီး ဖြည့်နေစရာမလိုပါဘူး။ 

နောက်ထပ် Dropbox ရဲ့ကောင်းတဲ့အချက်ကတော့ ကိုယ့် မိုဘိုင်းဖုန်းကနေ တင်လိုက်တဲ့ ဒေတာကို ကိုယ့်တခြားစက်မှာ အွန်လိုင်းမိတာနဲ့ Sync လုပ်ပေးပါတယ်။ နောက်တင်ချင်တဲ့၊ သိမ်းချင်တဲ့ ဒေတာကို အွန်လိုင်းမဖွင့်ပဲ သူနဲ့သက်ဆိုင်ရာ Folder ထဲမှာပစ်ထည့်ပေးထားလိုက်ရင် အွန်လိုင်းဖြစ်တာနဲ့ ဆွဲတင်ပေးပါတယ်။ 

အားနည်းချက်ကတော့ ကွန်ပျူတာ သို့မဟုတ်မိုဘိုင်းကို ဖွင့်လိုက်တာနဲ့ အင်တာနက်ကွန်နက်ရှင်ကို လိုက်ရှာနေတဲ့ အတွက် Resources တွေကုန်ပါတယ်။ ဒါပေမယ့် အဲဒါလေးတွေကို ပိတ်ထားလို့ရပါတယ်။ 

Dropbox ဝင်းဒိုးဗာရှင်းတွေနဲ့ Linux ဗားရှင်းတွေကို Download  လုပ်ရတာအခက်အခဲမရှိပေမယ့် Android အတွက် PlayStore မရှိတဲ့ မြန်မာနိုင်ငံမှာတော့ apk ကိုဆွဲချရတာခက်ပါတယ်။ အကယ်၍များ အခက်အခဲရှိရင် ကွန်းမန့်ကနေ တောင်းယူနိုင်ပါတယ်။ လွယ်ကူစွာ ဒေါင်းနိုင်တဲ့ Dropbox လင့်ကို ပေးပါ့မယ်။ စာဖတ်သူများ ပျော်ရွင်နိုင်ကြပါစေ။ 

တိမ်တိုက်ပေါ်တွင်သိမ်းဆည်းခြင်း ၂ ကို ဆက်လက်အားပေးကြပါဦး။ အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် ဒေတာတွေမျှဝေပြီး တစ်အိမ်လုံးသုံးနိုင်တဲ့ တိမ်တိုက်အတုလေး ဘယ်လိုဖန်တီးပြီး သုံးမလဲဆိုတာတင်ပြသွားမှာပါ။

Monday, February 18, 2013

Xperia များကို Root လုပ်ခြင်း နှင့် Myanmar Font သွင်းခြင်း

Sony Xperia ဖုန်းတွေနဲ့ အင်တာနက် သုံးသူများ အတွက် Myanmar Font ကတော့ မဖြစ်မနေလိုအပ်တာပါပဲ။ အဲ့အတွက် Myanmar Font သွင်းဖို့ဆို ဆိုင်မသွားဘဲနဲ့ ကိုယ်တိုင် သွင်းချင်သူများ အတွက် ဒီ Post လေးကအဆင်ပြေမယ်လို့ထင်ပါတယ်။
ပထမ ဦးဆုံးအနေနှင့်ပေါ့ မည်သည့် Andorid OS သုံး ဖုန်းအများစုမှာ Myanmar Font သွင်းဖို့ဆို မိမိ၏ ဖုန်းမှာ Root Acces ရှိဖို့လိုပါတယ်။ ဖုန်းကို  Root Acces ရဖို့က အရမ်းမခက်ပါဘူး။ တော်တော်လေးလွယ်တယ်လို့ပြောလို့ရပါတယ်။
မိမိ ဖုန်းကို Root ဖြည်ဖို့ဆိုရင် အရင် Root ဖြည်မယ့် .zip file လေးကိုတော့ Download အရင်ဆွဲသင့်ပါတယ်။
 Zip File လေးရဲ့ Download Link ကတော့ https://www.dropbox.com/s/ksmp7ykxgmaecfo/Root_with_Restore_by_Bin4ry_v3.rar?m
 zip file လေးကို Download ဆွဲပြီးပီ ဆိုပါက မိမိ Download ဆွဲလိုက်တဲ့ zip file လေးကို မိမိ Computer ရဲ့ တစ်နေရာမှာ unzip လုပ်လိုက်ပါ။ unzip လုပ်ပြီးတဲ့အခါမှာ မိမိ Root ပြုလုပ်မည့်
Xperia ဖုန်းကို Computer နှင့်ချိတ်ဆက်လိုက်ပါ။ ထိုသို့ ချိတ်ဆက်ရမှာ USB Debugging ဆိုတာလေးကို On ပေးထားဖို့တော့ လိုပါတယ်။ အဆိုပါ USB Debugging ရဲ့ တည်နေရာ Setting ထဲမှာပါ။ အခုနောက်ပိုင်း Ice-cream Sandwich (ICS) (4.0) version တွေမှာ ဆိုရင်တော့ Setting အောက်မှ Developer options ရဲ့ အောက်မှာရှိပါတယ်။
အစပိုင်း Ginger Bread (2.3) version တွေမှာ တော့ Setting- Application- Development အောက်မှာတွေ့နိုင်ပါတယ်။ USB Debugging ကို On ပီးသွားရင်တော့  zip file ကို unzip လုပ်ပီးပါက ရရှိလာသည့် Folder ထဲကိုဝင်လိုက်ပါ။ အဲ့ဒီ Folder ထဲမှာ RunMe.bat  ဆိုတဲ့ Batch file လေးကို Run လိုက်ပါ။



အဆိုပါ Batch File လေးတက်လာတဲ့အခါမှာ မိမိ Root လုပ်မည့်ဖုန်းအမျိုးအစားကို ရွေးခိုင်းပါလိမ့်မည်။  ဥပမာ Xperia P ဆိုလျှင် LT22 ကိုရွေးချယ်ရပါမယ်။ အဲ့ဒါဆို မိမိ ၏ ဖုန်းအမျိုးအစားပါသည့် နံပါတ်လေးကို နှိပ်ပြီး Entre ခေါက်လိုက်ရုံပါပဲ။ Enter ခေါက်ပြီးပြီဆိုပါက ထို Application ၏ ညွန်ကြားများအတိုင်းလိုက်လုပ်ပါ။ မိမိဖုန်း၏ Backup & Restore ဆိုတဲ့ Application ဆိုတဲ့ အထဲကိုဝင်ပြီး Restor မှာ Root Me ကို ရွေးပြီး 
Restore လုပ်လိုက်ပါ။ ထိုသို့ လုပ်ပြီးသည်နှင့်တပြိုင်နက် မိမိ ဖုန်းမှာ Auto Restart ကျသွားပါလိမ့်မည်။ ထိုသို့ဖြစ်သွားသည်ကို စိတ်မပူပါနဲ့။ ဖုန်းမှာ သူ့အလိုလိုပြန်တက်လာပါလိမ့်မည်။ ဖုန်း OS ပြန်တက်လာပြီဆိုပါက မိမိဖုန်းမှာ Root လုပ်ပြီးသားဖြစ်သွားပါပြီ။ Root လုပ်တဲ့အဆင့်အောင်မြင်သွားပြီဆိုတော့ အခုဆက်လက်လုပ်ဆောင်ကမှာက Myanmar Font ကို Install 
လုပ်ဖို့ပါပဲ။
http://db.tt/hWke0kQQ ဆိုတဲ့ လင့်လေးမှာ ရယူနိုင်ပါတယ်။ Myanmar Mobile App Store ကပေးထားတာပါ။
ပြီးရင် မြန်မာကီးဘုတ်လေးကို ထပ်တင်ပါ။ ဒါဆိုရင် မြန်မာလို ဖတ်လို့ရသလို ရေးလို့ရသွားပါလိမ့်မယ်။
http://www.filecrop.com/myanmar-keyboard.apk.html  ဒီလင့်လေးမှာတော့ မြန်မာကီးဘုတ်နဲ့ တခြား apk လေးတွေအများကြီးတွေ့ရမှာပါ။ ကြိုက်နှစ်သက်ရာကို Download ဆွဲယူနိုင်ပါတယ်။ 
Ko Joey တင်ဆက်သည်။                                                   


Saturday, February 16, 2013

Web Pagesတွေကို ဘယ်လို Deviceကနေမဆို Offline ကြည့်ရအောင်


တစ်ခါတစ်လေ အင်တာနက် စာမျက်နှာတွေကို ကြည့်ရင်း အချိန်မရလို့ နောက်မှပြန်ကြည့်မယ်ဆိုပြီး Bookmark လုပ်ဖူးကြမယ်ထင်ပါတယ်။ နောက်တစ်ခါကျတော Bookmark လုပ်ထားတဲ့ Link ကိုပြန်ရွေးလိုက်ရင် ကိုယ်မှတ်ထားတဲ့ အင်တာနက်စာမျက်နှာကို ရောက်သွားပါတယ်။ ဒါပေမယ့် အဲဒီလို Bookmark ကိုပြန်ဖွင့်ဖို့ အင်တာနက် ကွန်နက်ရှင်လိုအပ်ပါတယ်။
အကယ်၍များ ဟောဒီ Pocket ဆိုတဲ့ Tool လေးကိုသုံးလိုက်ရင် Page တွေကို Online ပေါ်မှာ Bookmark လုပ်ပြီးသားဖြစ်သွားတဲ့အပြင် Offline လည်းကြည့်လို့ရသွားမှာပါ။ Online ပေါ်မှာ Bookmark လုပ်ထားတော့ ကိုယ့်စက်ကို အပြောင်းအလဲလုပ်လိုက်ရင်တောင် အဲဒီ Bookmark လေးတွေ ပျောက်မသွားနိုင်ပါဘူး။ နောက်ထပ်ထူးခြားချက် တစ်ခုကတော့ မိမိနှစ်သက်ရာ Device ( PC တစ်လုံး သိုမဟုတ် Android ဒါမှမဟုတ် i Device တစ်ခုခု၊ ဒါမှမဟုတ် Mozilla Browser) ကနေ Offline Bookmark လုပ်နိုင်ပြီး အဲဒီ Device မှာလည်း တခြား Device ကနေ Bookmark လုပ်ထားတာကို Download ဆွဲပြီး Offline ကြည့်နိုင်ပါတယ်။
တစ်ခုရှိတာက အဲဒီကိစ္စတွေအားလုံးအတွက် Pocket Account တစ်ခုလိုပါတယ်။ ဒါပေမယ့် အဲဒီအကောင့်က အလွယ်တကူ အခမဲ့ပြုလုပ်နိုင်ပါတယ်။ e-mail တော့လိုတာပေါ့။
ပထမဆုံး Mozilla မှာ Pocket Add-on ဘယ်လို ထည့်သွင်း တယ်ဆိုတာလေးကို ရှင်းပြပါ့မယ်။
https://addons.mozilla.org/en-us/firefox/addon/read-it-later/  အဲဒီလင့်လေးကို နှိပ်လိုက်ရင် Add-on လေးကို Download ဆွဲလို့ရပါပြီ။ Browser ကို restart ချလိုက်ရင် Address Bar (Bookmark icon) ညာဘက်မှာ  သူ့ရဲ့အမှတ်တံဆိပ်လေးပေါ်လာမှာပါ။ 
Login ဝင်ရပါတယ်။ Login ဝင်ဖို့ Sign Up အရင်လုပ်ရမှာပါ။ တစ်ခါလုပ်ထားရင် ပြီးပါပြီ။ တခြား Device တွေမှာလည်း အဲဒီ User Name နဲ့ Password ကိုသုံးလို့ရပါတယ်။ ကိုယ်နောက်မှဖတ်မယ်ဆိုတဲ့ Page Address တွေမှာ Bookmark လိုမျိုး အဲဒါလေးနှိပ်ထားလိုက်ရင် အဆင်ပြေသွားပါပြီ။ Address Bar ညာဘက်အစွန်ဆုံးမှာ လည်း Offline အတွက် Setting လေးတွေချိန်ညှိစရာပါဝင်ပါတယ်။




ဒါဆိုရင်ကွန်ပျူတာနဲ့ ကိုယ်မှတ်သားခဲ့သမျှကို Offline ကြည့်နိုင်ဖို့ Download ဆွဲထားပေးပါလိမ့်မယ်။ Download ဆွဲတယ်ဆိုလို့ ကွန်နက်ရှင် အများကြီးမယူသွားဘူး။ ဘာလို့လဲဆိုတော့ သူက Page တစ်ခုရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ချန်ထားခဲ့ပေးတယ်။ စာဖတ်လို့ကောင်းတဲ့ အနေအထားကို ယူထားပေးတဲ့အတွက် ကွန်နက်ရှင်လည်းသက်သာပါတယ်။ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။

သူ့ရဲ့ Main Page ကတော့ ဒီလင့်လေးပါ။ သိချင်တာလေးတွေလေ့လာနိုင်ပါတယ်။ အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် အလကားမဟုတ်ပါ။ စာရေးသူလိုလူမျိုးအတွက်ကတော့ အများကြီးအကျိုးဖြစ်စေပါတယ်။ http://getpocket.com/

iDevice သုံးစွဲသူတွေကတော့ မိမိရဲ့ iDevice ကနေပြီး အောက်ကလင့်ကို ဝင်လိုက်ရင် download ယူလို့ရပါတယ်။ iTune Account လိုအပ်ပါလိမ့်မယ်။
To go itune app ---- http://getpocket.com/ios/

Android သမားတွေအတွက်ကတော့ Eazy ပါ။ ကိုယ်ကြိုက်တဲ့ Market ကနေယူလည်းရပါတယ်။ ရှာရခက်တယ်ဆိုလည်း စာရေးသူတင်ပေးထားတဲ့ link လေးကနေဆွဲယူလို့ရပါတယ်။ အောက်မှာပါ။
Android Apk link ---- db.tt/UK2zkIqV

မိုဘိုင်း Device တွေသုံးတဲ့  သူတွေအတွက်ကတော့ application ကိုဖွင့်ပြီး Login ဝင်၊ ပြီးရင် ကိုယ်ကြည့်တဲ့ Browser ကနေ Share to Pocket လုပ်လိုက်ရင် ရပါတယ်။ မိုဘိုင်းကနေ Offline ကြည့်ရတာပို ပြီးအဆင်ပြေပါတယ်။ စမ်းသုံးကြည့်လိုက်ပေါ့ဗျာ။ မရှင်းလင်းတာရှိရင်မေးလို့ရပါတယ်။