Friday, April 5, 2013
စင်္ကာပူမှာတော့ Near Field Communication နည်းပညာနဲ့ ရုပ်ရှင်ရုံဝင်လို့ရပြီ
စင်္ကာပူ မိုဘိုင်း အော်ပရေတာ StarHub က သူ့မိုဘိုင်းလိုင်းအသုံးပြုသူတွေအတွက် SmartWallet ဝန်ဆောင်မှုကို ရုပ်ရှင်ရုံဝင်ခွင့်လက်မှတ်နဲ့ စတင်လိုက်ပါတယ်။
NFC နည်းပညာကို အသုံးပြုထားတဲ့ Smart Wallet ဝန်ဆောင်မှုကို အသုံးပြုသူတွေ နည်းပါးနေတဲ့အတွက် NFC နည်းပညာကို လျှင်မြန်စွာ အသုံးချလာနိုင်ကြဖို့ ဒီလိုစတင်လိုက်တာပါ။ SmartWallet ဆိုတာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်းနဲ့ စတိုးဆိုင်တွေမှာ တို့ထိငွေရှင်းနိုင်ဖို့ ဝန်ဆောင်မှုပေးထားပါတယ်။ Credit Card အစားထိုး သုံးလာဖို့ပါ။
StarHub ကတော့ သူ့ရဲ့ ကိုယ်ပိုင် စာရင်းတစ်ခုနဲ့ ကမ္ဘာ့ပထမဆုံး NFC နည်းပညာအသုံးပြု ရုပ်ရှင်လက်မှတ် ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုကို Shaw Theaters တွေမှာ စတင်လိုက်ပါပြီ။
အေပယ်လဆန်း ၆ရက်နေ့ကစလို့ လက်မှတ်ရုံတွေမှာ Smart Wallet ပါဝင်တဲ့ ဖုန်းနဲ့ တို့ထိလိုက်တာနဲ့ စက်ကအလိုအလျှောက်ငွေယူပြီး ရုံဝင်လက်မှတ်ထုတ်ပေးမှာပါ။ NFC နည်းပညာပါတဲ့ စမတ်ဖုန်း၊ SmartWallet နဲ့ နောက်ဆုံးထွက် Application ပါဝင်တဲ့ ဖုန်းပိုင်ရှင်တွေပဲ ဒီဝန်ဆောင်မှုကို ရရှိမှာပါ။
StarHub ကတော့ ဆမ်ဆောင်းနဲ့ပူးပေါင်းပြီး NFC-equipped Galaxy Express ဖုန်းမှာသူ့ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးမှာပါ။ 4G LTE နဲ့ NFC ပါဝင်တဲ့ ဈေးပေါတဲ့ Samsung Smart Phone တစ်လုံးဖြစ်ပါတယ်။ Android 4.1 ကို dual-core 1.2GHz processor ပေါ်မှာ အသုံးပြုထားတဲဖုန်းဖြစ်ပြီး 4.5-inch screen ပေါ်မှာ resolution 800x480 pixels ပြသနိုင်ပါတယ်။ ကင်မရာကတော့ 5-megapixel camera ပဲပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာရင်တော့ NFC SmartWallet ကိုအသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ ဈေးနှုန်းကလည်း ပေါဖို့ သိပ်မလွယ်ပါဘူး။
NFC ပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ အခြားလျှပ်စစ် ပစ္စည်းတွေ တိုးတက်သုံးစွဲလာကြခြင်းကို ဒီကိစ္စက အများကြီး အထောက်အကူပြုတယ်လို့ သိရပါတယ်။ တခြားနည်းပညာသုံးတဲ့ သူတွေကလည်း ဒီ NFC ကိုတွင်တွင်ကျယ်ကျယ်သုံးလာမယ်လို့ ယူဆလို့ရပါတယ်။ ၂၀၁၃ မှာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်း 285 သန်း ထုတ်လုပ်လာဖွယ်ရှိပါတယ်။ နောက်နှစ်တွေမှာလည်း NFC ပါဝင်တဲ့ ပစ္စည်းတွေဟာ သန်းငါးရာလောက်ဖြစ်လာဖွယ်ရှိတယ်လို့ ABI Research ရဲ့တင်ပြချက်အရ ခန့်မှန်းထားကြပါတယ်။
ရည်ညွှန်း။ ။http://www.itnews.com/mobile-applications/58409/singaporeans-can-go-movies-nfc
Subscribe to:
Post Comments (Atom)
No comments:
Post a Comment