ဒီဘလော့ စာမျက်နှာမှာ ဖော်ပြခဲ့တာတွေဟာ သူများတွေဖော်ပြရေးသားလေ့မရှိတာကိုပဲ ဦးစားပေးတင်ပြပါတယ်။ ပြည်တွင်း ဆိုဒ်တော်တော်များများမှာ Android Application APK တွေကို ဒေါင်းဖို့ပေးလေ့ရှိပါတယ်။ သတင်းတွေဆိုရင်လည်း အဲဒီလိုပါပဲ Samsung S4 သတင်းတင်မနေတော့ပါဘူး။ အားလုံးလိုလို တင်နေကြတာ။ နောက်ပြီး သူများဆိုဒ်ကနေ ကူးထားတာမပါဘူး။ ဘာသာပြန်ထားတာတွေပဲပါတယ်။ မူရင်းလိပ်စာတွေလည်းဖော်ပြတယ်။
အခုဒီတစ်ခါတော့ သူများတွေ ဖော်ပြပြီးသားဟုတ်မဟုတ် မသေချာတဲ့ Application လေးတစ်ခုအကြောင်းတင်ပြချင်ပါတယ်။ Game လေးပါ။ ဆော့နေတဲ့သူတော့ ဒီနေ့အထိ မတွေမိဘူး။ ကျနော်ငယ်ငယ်က ဘောလုံးပွဲကြည့်တာထက် ဂိမ်းထဲမှာ ဘောလုံးကစားရတာကြိုက်တယ်။ ကိုယ်ခိုင်းသလို ကန်လို့ပါ။ နည်းနည်းကြာလာတော့ Fifa Manager စဆော့ကြည့်မိတယ်။ မဆိုးဘူး။ ဘောလုံးပွဲကြည့်ရတာထက်ပိုကောင်းနေသေးတယ်။ ကလေးကအစ ကိုရင်အဆုံး ဘောလုံးကန်တဲ့ ဂိမ်းဆော့နေကြချိန်မှာ ကိုယ်က မန်နေဂျာဂိန်းကိုဆော့ပြီးငြိမ်နေမိတယ်။ ဒီဘက် Android ခေတ်ရောက်လာတော့ Football Game တွေခေတ်စားပါတယ်။ ဒါပေမယ့် ဒေတာ ကို Download ယူရတာ အကြာကြီးပဲ။ ဒါနဲ့ Football Game မဆော့ဖြစ်ခဲ့ဘူး။ သူများတွေ Football Game ဆော့နေတာတွေ့တော့ အရင်ရောဂါဟောင်းလေး ပြန်ထလာတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့ တော်တော်ကြာတယ် စိတ်ကြိုက်မတွေ့ဘူး။ စိတ်ကြိုက်တွေ့တဲ့ ဂိမ်းကို စိတ်ကြိုက်ဆော့ကြည့်ပြီးလို့ အခု Version အသစ်တောင်ထွက်လာပြီ။ Version အသစ် လေးကို ဖောက်သယ်ချဖော်ပြမှာဖြစ်ပါတယ်။
ဂိမ်းရဲ့အမည်ကတော့ Football Manager Handheld 2013 v4.0.1 ဖြစ်ပါတယ်။ Football Manager Handheld 2012 ဗားရှင်းမှာတော့ စိတ်ကြိုက်ဆော့ကြည့်ပြီးပါပြီ။ လက်ရှိ 2013 ကိုဆော့ကြည့်နေပါတယ်။
ဂိမ်းနှင့်ပတ်သတ်၍ သုံးသပ်ချက်
ဘောလုံးမန်နေဂျာဂိမ်းဆော့လေ့ရှိသူတွေအတွက် လုံးဝသဘောကျမယ့် ဂိမ်းပါ။ Playstation မှာဆော့နေရသလိုမျိုး Function စုံပါတယ်။ လက်ရှိ ၂၀၁၃ ဘောလုံးလောကထဲက အသင်းတွေအတိုင်း လူဖြည့်ပေးထားပါတယ်။ စိတ်ကြိုက် ကစားကွက်တွေဖော်လို့ရပါတယ်။ ဘောလုံးသမားတွေကို ရာသီအလိုက် အရောင်းအဝယ်လုပ်လို့ရပါတယ်။ Training စိတ်ကြိုက်ဆင်းခိုင်းလို့ရပါတယ်။ ပွဲကန်နေချိန်မှာ လူလဲရုံမက တိုက်စစ်၊ ခံစစ် စတာတွေ ပြင်လို့ရပါတယ်။
မန်နေဂျာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပုံစံနဲ့၊ ရည်မှန်းချက်တစ်ခုကို စိန်ခေါ်ဆော့ကစားတဲ့ ပုံစံနှစ်မျိုး ဆော့လို့ရပါတယ်။
မဆော့တာကြာခဲ့တဲ့ လူတစ်ယောက်အတွက် နည်းနည်းတော့ ခက်ပါတယ်။ ရာသီတစ်ဝက်ကုန်ပြီးရင် ရှုံးပွဲဆက်လာလို့ အခြေအနေမကောင်းရင် အလုပ်ပြုတ်ပါတယ်။ တန်းဆင်းအသင်းတွေမှာ အလုပ်ပြန်လျှောက်ရပါတယ်။ ထူခြားတာက မန်နေဂျာ ပရိုဖိုင်မှာ မြန်မာနိုင်ငံသား မန်နေဂျာအဖြစ်ဆော့လို့ရတာပါ။ လူဝယ်ရတာလည်း ခက်ပါတယ်။ ဘုတ်အဖွဲ့က ငွေချပေးတာလည်း အသင်းပေါ်မူတည်ပြီး အကန့်အသတ်နဲ့ပဲ။ တစ်လတစ်ခါလောက် ဘုတ်အဖွဲ့ရဲ့ မန်နေဂျာအပေါ်သုံးသပ်ချက်ထွက်လာပါတယ်။ ပွဲကိုင်တွယ်တာကောင်းမကောင်း၊ လူဝယ်တာကအစ ပြောတတ်ပါတယ်။ သူတို့မကြိုက်တဲ့ အချက်တွေများပြီး ပွဲရလဒ် တက်မလာဘူးဆိုရင်တော့ အလုပ်ပြုတ်ပါတယ်။ အပြင်မှာ မန်နေဂျာဖြစ်လိုသူများကစားသင့်တယ်လို့ ထင်ပါတယ်။
Application နဲ့ပတ်သတ်လို့ ကောင်းတဲ့အချက်။
Game Data ဖိုင်ကို Download ဆွဲဖို့ကလွဲလို့ အင်တာနက်မလိုပါဘူး။ CDMA800 နဲ့ ဒေါင်းတာ မိနစ်၂၀လောက်ပဲကြာပါတယ်။ ရုပ်ထွက်ကောင်းပါတယ်။ မန်နေဂျာဂိမ်းက ရုပ်ထွက်အရေးမကြီးပေမယ့် ရှင်းလင်းဖို့၊ UI လွယ်ကူဖို့လိုပါတယ်။ စာရေးသူကတော့ ၇လက်မ tablet နဲ့ဆော့တာဖြစ်ပါတယ်။ Sony Xperia P မှာစမ်းကြည့်တော့ ၄လက်မ မျက်နှာပြင်နဲ့မှ ပိုညက်ပြီး အံဝင်နေတယ်လို့ ထင်ရပါတယ်။
Application နဲ့ပတ်သတ်လို့ မကောင်းတဲ့အချက်။
ဖိုင်ဆိုဒ်က မဆိုစလောက်ကြီးနေပါတယ်။ app နဲ့ Data နှစ်ခုပေါင်းရင် ၆၀ မီဂါဘိုဒ် ကျော်သွားပါတယ်။ apk size ကတော့ 23.4MB ဖြစ်ပြီး Data File (no player pic) ကတော့ 39.3MB ဖြစ်ပါတယ်။ ဒါတောင်မှ ကစားသမားပုံပါတဲ့ Data ကိုဆွဲမယ်ဆိုရင် Data နှစ်ဆနီးပါကြီးပါတယ်။ Resources သုံးစွဲမှု မဆိုစလောက်များပါတယ်။ စာရေးသူအနေနဲ့ CPU 800GHz မပါတဲ့၊ Memory 364 အနည်းဆုံး မရှိတဲ့ ဖုန်းတွေမှာဆို လေးသွားပါတယ်။ မဖြစ်မနေဆော့ချင်ရင် ဖုန်းကို Shutdown ချ၊ ပြီး ပြန်ဖွင့်ပြီး သူ့ချည်းသက်သက် ဆော့ရပါတယ်။ Game တွေအများကြီး App တွေအများကြီးသုံးပြီးမှဆိုရင် လေးနေတတ်ပါတယ်။ Tample Run ကောင်းကောင်းဆော့လို့ရတဲ့ ဖုန်းတွေအဆင်ပြေမယ်လို့ ယူဆပါတယ်။
ခြုံပြီးပြောရရင်တော့ ဘောလုံးဝါသနာရှင် မန်နေဂျာဝါသနာပါသူတွေ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်မှုနဲ့ စီမံခန့်ခွဲမှုတွေနဲ့ပတ်သတ်လို့ အတွေ့အကြုံရစေတယ်လို့ ထင်ပါတယ်။ Run ဂိမ်းထက်စာရင် ဦးနှောက်ကို ပိုပြီးအလုပ်ပေးတဲ့ဂိမ်းပါ။ ဂိမ်းဆိုတာထက် လေ့ကျင့်စရာတစ်ခုနဲ့ပိုတူပါတယ်။ ကိုယ့်ဖုန်းက Huawei C8650/ U8650 လောက်ထက်မနိမ့်ဘူး၊ 3G အင်တာနက် လည်းရှိရင်တော့ နာရီဝက်လောက်အချိန်ပေးပြီး Download ဆွဲရတာ တန်ပါတယ်။ တစ်ကယ်တော့ ဒီဂိမ်းဟာ PlayStore မှာ US$9.99 နဲ့ရောင်းတဲ့ ဂိမ်းပါ။ ဆော့ချင်လွန်းလို့သာ Crack Version ကိုယူလိုက်ရတာ စိတ်မကောင်းပါဘူး။ (ဝယ်လို့မှမရတာ)။
မှတ်ချက် ။ ။အောက်ပါရည်ညွှန်း ဘလော့တွင် Download ယူနိုင်ပါသည်။ APK ကိုဒေါင်းပြီးရင် Data ကိုမဒေါင်းဘဲနဲ့ Game ကိုဖွင့်ပြီး Download လုပ်တာပိုမြန်ပါသည်။ အကယ်၍ ကွန်ပျူတာသုံးပြီး Download ယူပါက Data File (fmh2013_data ဆိုတဲ့ Folder) လေးကို ဖုန်းရဲ့ မူရင်း SD Card အောက်မှာ ထားပြီး FMH2013 ကိုဖွင့်ပါက အဆင်ပြေပါသည်။ မရှင်းလင်းသည်များကို Comment သို့မဟုတ် Email ဖြင့် zetazaw@gamil.com သို့မေးနိုင်ပါသည်။
ရည်ညွှန်း ။ ။http://androlod.blogspot.com/2012/12/football-manager-handheld-2013-v401.html
No comments:
Post a Comment