Friday, April 5, 2013

တိမ်တိုက်ပေါ်တွင် သိမ်းဆည်းခြင်း (၂)

ဒီတစ်ခါတင်ပြမယ့် တိမ်တိုက်ကတော့ အစစ်မဟုတ်တော့ပါဘူး။ အတုပါ။ အင်တာနက်ချိတ်ဆက်ဖို့လည်း မလိုပါဘူး။ ဒါပေမယ့် အခမဲ့တော့ မရဘူး။ သူငယ်ချင်းတွေနဲ့ share လုပ်လို့မရဘူး။ ခြံနဲ့၊ မိသားစုများတဲ့ သူတွေအတွက်တော့ အဆင်အပြေဆုံးဖြစ်မယ့်နည်းလမ်းပါ။ ဒါပေမယ့် it လောကထဲကလူတွေအဖို့ကတော့ နှစ်ယောက်လောက်ရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။ တချို့ကတော့ သိပြီးသားဖြစ်မှာပါ။ ကုန်ကျစားရိတ်အနည်းအများကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ Dropbox မှာပေးထားတဲ့ အခမဲ့လောက်ကတော့ ငွေတစ်သိန်းမပြည့်ပါဘူး။ ငါးသောင်းဝန်းကျင်နဲ့ ဖြစ်အောင်ဖန်တီးလည်းရပါတယ်။ နှစ်နည်းရှိပါတယ်။

၁။ အရှေ့လက Post မှာတင်ပြခဲ့ဖူးတဲ့ Wi-Drive လိုမျိုး Wireless Storage တစ်ခုကို သုံးလိုက်ရင် ကိစ္စပြီးပါတယ်။ အိမ်မှာ Share ချင်တာမကလို့ သူငယ်ချင်းတွေဆီအထိ ထွက်Share  လို့ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကကြီးတယ်။ LAN ပဲရတဲ့ Desktop တွေဆိုရင် wireless adapter   လိုပြန်ရော။ တစ်သောင်းခွဲလောက် ထပ်လိုက်ရမှာပေါ့။ ဒါပေမယ့် စိတ်ချမ်းသာစရာကောင်းလောက်အောင် Configure မခက်ဘူး။ Easy to run ပေါ့။

၂။ ဒီနည်းကတော့ နည်းနည်း အလုပ်ရှုပ်တယ်။ ပထမဆုံး ပုံမှာပြထားသလို USB Port ပါတဲ့ Router တစ်လုံးလိုတယ်။ အခုနမူနာပြထားတာကတော့ TP-Link နောက်ဆုံးထွက် USB 2 Port ပါတဲ့ Router ပါ။ ခြောက်သောင်းကျော်မယ်။ USB 1 Port ပဲပါတဲ့ အမျိုးအစားကတော့ လေးသောင်းကျော်၊ ငါးသောင်းလောက်ပဲရှိမယ်။  ပြီးတော့ ကိုယ်လိုတဲ့ Storage ပမာဏကို ဖြည့်ပေးမယ့် external HDD ဒါမှမဟုတ် Memory Stick တစ်ခု လိုအပ်ပါတယ်။ external HDD ဆိုရင် 2.5 တွေကတော့ Power ပြဿနာတစ်ခုရှိပါတယ်။ External HDD က USB 2.0 ပဲဖြစ်ဖြစ် 3.0 ပဲဖြစ်ဖြစ်၊ router ကနေ power လုံလောက်အောင် မပေးနိုင်ပါဘူး။ Power Adaptor ထိုးလို့ရတဲ့ အမျိုးအစားဆိုရင်တော့ အဆင်ပြေပါတယ်။ စာရေးသူလက်ရှိသုံးနေတဲ့ ပုံစံဖြစ်ပါတယ်။ Router က USB တစ်ပေါက်ပဲပါတော့ Power ကသတ်သတ်ထပ်ပေးမှ HDD ကအလုပ်လုပ်တယ်။

အသုံးပြုပုံ
သုံးရတာကတော့ ရှင်းပါတယ်။ Router ကို network ချိတ်။ ကြိုး၊ ကြိုးမဲ့ ကြိုက်တာသုံးလို့ရသွားပါပြီ။ အိမ်မှာ ADSL  တို့ Wi-Max လိုမျိုး အင်တာနက်ရှိတဲ့သူတွေကတော့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တာပေါ့။ အင်တာနက်လည်းခွဲသုံးလို့ရမယ်။ Share Point Storage တစ်ခုလည်းရမယ်။ Model မြင့်တဲ့ Router ဆိုရင် Printer ကိုပါ Support လုပ်ပါတယ်။ Printer ကိုချိတ်ထားတဲ့ Computer ကိုဖွင့်စရာမလိုတော့ဘူးပေါ့။ Router နဲ့ပဲ Storage အတွက်ကိုလည်း Share လုပ်ထားတဲ့ ကွန်ပျူတာကို ဖွင့်စရာမလိုတော့ဘူး။ Router နဲ့ ချိတ်ထားတဲ့ Storage Device ကိုပဲ ip address ရိုက်လိုက်တာနဲ့ သွားသိမ်းထား လို့ရတော့ အဆင်ပြေတယ်လေ။ Router ပိတ်တဲ့အခါ Router Config ထဲဝင်ပြီး storage device ကို Safety Remove လုပ်ဖို့တော့မမေ့သင့်ပါ။

အကျိုးကျေးဇူးက မီတာခသက်သာမယ်။ boot time မြန်တယ်။ ကိုယ်ပိုင် user account တွေနဲ့ လည်း Share လုပ်လို့ရတယ်။ User တစ်ယောက်ထက်မက ပေးလို့ရတယ်။ Dropbox ကိုသုံးနေရတဲ့အတိုင်းပဲ။ 
ပြဿနာကတော့ အကုန်အကျများတာပဲ။ USB 1 Port နဲ့ 16GB USB လေးနဲ့ဆိုရင်တောင် ခြောက်သောင်းလောက်ကျသွားမှာ။ မော်ဒယ်လ်မြင့်နဲ့ External HDD ဆိုရင် သိန်းကျော်သွားပြီ။ 1TB Ex HDD ဈေးကလည်းသိတယ်မဟုတ်လား။ သူချည်းတင် တစ်သိန်းဝန်းကျင်မှာ။ 

Android User တွေအတွက်တော့ ES File Explorer လိုမျိုး network Support လုပ်တဲ့ Network File Manager တစ်မျိုးမျိုးလိုအပ်ပါတယ်။ Phone ကို Router နဲ့ချိတ်လို့ပြီးတာနဲ့ ES ကိုဖွင့် network screen ဘက်ကို ပွတ်ဆွဲ (Slide) လုပ်လိုက်။ ပြီးရင် မှန်ဘီလူးပုံနဲ့ Search လုပ်လိုက်ရင် Router ရဲ့ IP ကျလာပါလိမ့်မယ်။ ဖွင့်ကြည့်လိုက်ရင် ကိုယ်တပ်ထားတဲ့ Storage Device ကိုမြင်ရမှာပါ။ 

အဆင်မပြေတာရှိလျှင် E-Mail ပို့မေးမြန်းနိုင်ပါတယ်။

No comments: