Monday, February 11, 2013

iPad နှင့် တိုင်ပတ်စရာမလိုအောင် Wi-Drive ရှိတယ်

တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ စမတ်ဖုန်းတစ်လုံးမှာ Application သုံးရတာ လေးလာလို့ Storage Memory ကိုစစ်ကြည့်လိုက်ရင် ပြည့်လုနီးပါးဖြစ်နေတာ တွေ့ဖူးကြမှာပါ။ အဲဒီလို Storage ကို ပြည့်အောင်သုံးခြင်းအားဖြင့် Phone ရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးစေပါတယ်။ ဈေးကြီးတဲ့ iPhone လိုမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ တရုတ်ကထုတ်တဲ့ Huawei လိုဖုန်းမျိုးသုံးတဲ့သူတွေ အတွက်ကတော့ ဒီကိစ္စကပြဿနာမဟုတ်ပါဘူး။ SD Memory Card ကို မြှင့်စိုက်လိုက်ရုံပါ။ ဆိုလိုတာက 8GB နဲ့သုံးတာ ပြည့်သွားရင် 16GB တစ်ခုထပ်ဝယ်စိုက်လိုက်ရင်ပြီးပါတယ်။ ဒါပေမယ့် iPhone နဲ့ အချို့သော Android ဖုန်း(အထူးသဖြင့် Sony, HTC အစရှိသည်) တွေမှာ SD Card ထပ်စိုက်လို့မရပါဘူး။ သူ့မှာ တစ်ပါတည်းပါတဲ့ memory 16GB 32GB အစရှိသဖြင့် ရွေးချယ်ဝယ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ပထမတော့ 16GB အမျိုးအစားတစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူပြီးသားဖြစ်နေတယ်။ ကိုယ်ကဖုန်းကို သုံးတာ တအားများတဲ့အတွက် Data (ဥပမာ သီချင်းနဲ့ ရုပ်ရှင်) တွေရော Application တွေများ လာတဲ့အခါ ဖုန်းကပြည့်လျှံနေရင် ကဒ်ထပ်စိုက်ပြီး ဖြေရှင်းလို့မရပါဘူး။  
iPad လိုမျိုး Tablet တချို့မှာလည်း အဲဒီပြဿနာရှိတတ်ပါတယ်။ Data တွေကိုလည်း မလျှော့ချင်၊ Application Game စတာတွေကလည်း ရှယ်လေးတွေ ဝယ်သုံးထားတော့ ပြန်ဖြုတ်ထားရမှာနှမျှော။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ အဖြေကတော့ ရှိပြီးသားပါ။ Kingston Wi-Drive လို့ခေါ်တဲ့ အိပ်ဆောင် Wireless SSD လေးဖြစ်ပါတယ်။ 16GB 32GB 64GB ဆိုတဲ့ဝင်ဆံ့မှုပမာဏ (Capacity) နဲ့လာပါတယ်။ ဖုန်းသို့မဟုတ် Table သင်ပုန်းကနေ Wireless နဲ့ချိတ်ဆက်ပြီး အဲဒီ Drive ထဲကဒေတာတွေကို တိုက်ရိုက်အသုံးပြုလို့ရနိုင်ပါတယ်။ Seagate ကထုတ်တဲ့ Wireless Plus ဆိုတာလည်းတူတူပါပဲ။ အောက်မှာ သူ့ရဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။ အလေးချိန်နဲ့ အထူအပါးကတော့ သာမန် ဖုန်းတစ်လုံးထက်ပါးပြီး ပေါ့မှာပါ။
Drive type SSD-based portable drive
Connector options USB 2.0
Size (LWH) 4.78 x 2.43 x .4 inches
Weight 0.25 pound
Available capacities 16GB, 32GB


OS supported iOS (iPad, iPhone, iPod Touch), Microsoft Windows (XP, Vista, 7), Mac OS 10.5 or later, Android, Linux v.2.6 or later.
Software included Wi-Drive app for the iPad

ဒီလို Drive လေးတစ်ခု ကိုဝယ်၊ ဖုန်း ဒါမှမဟုတ် သင်ပုန်း ထဲက သီချင်းတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေကို Drive ထဲထည့် လိုက်ရင် ကိုယ်သွားလိုရာကို သယ်သွားလို့ရပါတယ်။ Application တွေအတွက်လည်း နေရာကျယ်သွားတော့ ကိုယ့်ဖုန်းကတော့ ပြန်ပြီး သွက်သွက်လက်လက်ဖြစ်သွားမှာပါ။ သီချင်းနားထောင်ချင်တာတို့ ရုပ်ရှင်ကြည့်ချင်တာတို့ဆိုရင် Wifi လေးဖွင့်ပြီး ချိတ်နားထောင်လို့ရပါတယ်။ အားသာချက် နောက်တစ်ချက်ကတော့ တစ်ပြိုင်နက် Device သုံးလေးခု တစ်ပြိုင်နက်သုံးနိုင်တာပါ။ သူနဲ့ချိတ်ထားလို့လည်း Wi-fi သုံးမရမဖြစ်နေပါဘူး။ အခြား အင်တာနက်ပေးနေတဲ့ Router နဲ့လည်းတစ်ပြိုင်နက် ချိတ်ဆက်ခွင့်ပေးထားပါသေးတယ်။ အိမ်သုံး Network ထဲမှာ Wireless Storage တစ်ခုအနေနဲ့လည်း အချက်အလက်တွေကို Wi-fi နဲ့ဝေငှနိုင်ပါတယ်။
ဒါလိုကောင်းတဲ့ အချက်လေးတွေပြောပြီးရင်တော့ အားနည်းချက်လေးကို တင်ပြမှဖြစ်မှပါ။ ကွန်ပျူတာနဲ့တွဲသုံးဖို့ Data Cable ကတော့ USB 3.0 ကို Support မလုပ်ပေးပါဘူး။ 32GB ပဲဝင်ဆံ့တဲ့ Drive ကို US$128.95 ဆိုတော့ SD Card ဈေးနဲ့ယှဉ်ကြည့်ရင်များပါတယ်။ ပြီးတော့ ဝင်ဆံ့နိုင်တဲ့ပမာဏ 64GB လောက်ပဲရနိုင်သေးတယ်။ Battery သက်တမ်းကတော့ တိုတောင်းလွန်းတာကဆိုးဝါးတဲ့အချက်ပါ။ ပြီးတော့ SSD ဆိုပေမယ့် သာမန် Hard Disk တစ်လုံးလို နှေးပါတယ်။ ပြီးတော့ သူနဲ့ တွဲသုံးတဲ့ iPad application ကလည်း အသုံးပြုရတာ သွက်သွက်လက်လက်မရှိပါဘူး။ 
ဒါပေမယ့်လည်း သိမ်းစရာမရှိတဲ့ ပစ္စည်းတွေအတွက်ကတော့ ဒါလေးက ရတနာလေးတစ်ခုလိုပါ။ သူနဲ့ ချိတ်ဆက်ထားပေမယ့် အင်တာနက်ကို ဆက်ချိတ်နိုင်တဲ့ အချက်နဲ့တင် သူ့ကြောင့် Wi-fi မဆုံးရှုံးသွားပါဘူး။ ဒါပေမယ့် External Battery Charger တစ်လုံးတော့ ဆောင်ထားဖို့လိုပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာတော့ 16GB Wi-Drive ကို ခုနှစ်သောင်း ဝန်းကျင်နဲ့ ရရှိနိုင်ပါတယ်။ သိမ်းစရာနေရာပျောက်နေသူများ ကတော့ ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်။

ရည်ညွှန်း။    ။http://www.cnet.com/network-storage/

No comments: