Sunday, February 10, 2013

Desktop ပေါ်မှာ ဘာမှလုပ်မရတော့အောင် ပိတ်ထားချင်သူများ အတွက်

ပုံ - ၁

ပုံ - ၂
        အသိတစ်ယောက်က မက်ဆေ့ခ်ျပို့ပြီးမေးလာပါတယ်။ Desktop ပေါ်က Icon တွေကို သူ့သူငယ်ချင်းတစ်ယောက်က ဖျောက်ထားချင်လို့တဲ့ သာမန်ဆိုရင်တော့ Desktop Menu ပေါ်ကနေ ဖြေရှင်းလို့ရပါတယ်။ Desktop ပေါ်မှာ Right Click ခေါက်လိုက်ပြီးMenu ကနေပုံ (၁) မှာပြထားတဲ့အတိုင်း သွားလိုက်ရင် ရပါတယ်။ ပြန်ဖော်ရင်လည်း အဲဒီအတိုင်းပါပဲ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ နည်းနည်း လေးထပ်လုပ်ရမှာပါ။
၁- Windows Key နဲ့ R နဲ့တွဲနှိပ်လိုက်ရင် Run Box ကျလာပါမယ်။
၂- Run Box ထဲမှာ gpedit.msc ဆိုတာလေးရိုက်ထည့်ပြီး Enter ခေါက်လိုက်ရင် Local Group Policy Editor ပေါ်လာလိမ့်မယ်။ ပုံ(၂) မှာပြထားတဲ့အတိုင်းပေါ့။




၃- အဲဒီထဲမှာ User Configuration > Administrative Templates > Desktop ဆိုတဲ့ အဆင့်အတိုင်းသွားလိုက်ရင် ပုံ(၂)  ညာဘက်ကအတိုင်းမြင်ရမှာပါ။
၎.၁- ပုံ(၂) မှာ အပြာရောင်လေးဖြစ်နေတဲ့နေရာ Hide and disable all items on the desktop ဆိုတာလေးကို Double Click ခေါက်လိုက်ရင်တော့ နောက်ထပ် Windows လေးကျလာပါလိမ့်မယ်။ Option တွေထဲက Enable ကိုရွေးပေးလိုက် OK နှိပ်လိုက်ရင်ရပါပြီ။ Group Policy Windows ကိုပိတ်ပြီး Desktop မှာဘာမှမေပ်ါတော့ဘူးဆိုရင်တော့ အောင်မြင်သွားပါပြီ။
၎.၂- အကယ်၍ ဘာမှထူးခြားမှုမရှိရင်တော့ အခုဖော်ပြထားတဲ့ အဆင့် ၁၊ ၂၊ ၃ ကို ပြန်လုပ်ဆောင်လိုက်ပါ။
၎.၂.၁- ပြီးသွားရင် ပုံမှာပြထားတဲ့ ညာဘက်က အပြာရောင် စာတန်းလေးအပေါ်က Desktop ဆိုတာကို Double Click ခေါက်၊ အဲဒီထဲကမှ Enable Active Desktop ဆိုတာကို Double Click ခေါက်လိုက်ရင် စောစောကလိုပဲ  နောက်ထပ် Windows လေးကျလာပါလိမ့်မယ်။ Enable ဆိုတဲ့ Option လေးကိုရွေးပြီး OK လိုက်ရင်တော့ Desktop ပေါ်မှာ Right Click တောင်ခေါက်လို့မရတော့ပါဘူးခင်ဗျာ။

အကယ်၍ ကိုယ့်စက်ကို တစ်ယောက်ယောက်ကသုံးမရအောင်လုပ်သွားရင် အမှတ်၎ နေရာမှာပြောင်းလဲခဲ့တဲ့ Enable နေရာမှာ Not Configure ဆိုတဲ့ Option လေးရွေးပြီး ပြန်လည်ဖြေရှင်းနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းမှုကို ကျေးဇူးတင်ရှိပါသည်။ မရှင်းလင်းသည့်အချက်များရှိလျှင်လွတ်လပ်စွာ ဝေဖန်အကြံပြုနိုင်ပါတယ်။

ရည်ညွန်း။  ။http://www.thewindowsclub.com/desktop-icons-not-showing-windows-7

No comments: