ဒီနှစ် ၂၀၁၃ ထဲမှာပဲ Google နဲ့ LG တို့ပူးပေါင်းပြီး Google Nexus 5 ကိုထုတ်လုပ်ဖို့ပြင်ဆင်နေကြပါပြီ ဆိုတဲ့ အမှန်အကန်ကောလဟာလလေးတစ်ခုကို တွေ့လိုက်ရပါတယ်။ Google အနေနဲ့ Nexus 5 ဆိုတဲ့ဖုန်းကို ထုတ်လုပ်တာ ထူးဆန်းအံ့သြဖွယ်ရာမဟုတ်ပေမယ့် Google ကသူရဲ့ Nexus 5 ဖုန်းအသစ်မှာ Android Version ကိုလည်းအသစ်နဲ့ထုတ်မယ်လို့ဆိုပါတယ်။ Code Name ကတော့ သူ့ရဲ့ ထုံးစံအတိုင်း အစားအသောက်အမည်တစ်ခုဖြစ်ပါတယ်။ Key Lime Pie ဆိုတဲ့ သံပရာသီးနဲ့လုပ်တဲ့ အမေရိကန်ပိုင် မုန့် အမည်ကိုပေးထားပါတယ်။ Version အနေနဲ့ကတော့ 5.0 ပေါ့။
အခုလောလောဆယ်ခန့်မှန်းယူဆချက်များအရကတော့ အဲဒီ Google နဲ့ LG တို့ရဲ့ Android ဖုန်းအသစ်မှာ Snapdragon processor နဲ့ 18-megapixel ကင်မရာတပ်ဆင်ပါဝင်မယ်လို့ ယူဆထားကြပါတယ်။ ဖုန်းဘက္ကထရီကတော့ 3,000mAh ဆိုတော့ သာမန် Hardware တွေနဲ့ဆိုရင် အတော်ကို အသုံးခံမယ့်ပုံပါ။ ဒါပေမယ့် GPU မြင့်မြင့် RAM များများနဲ့ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ 5.0 Android ဗားရှင်းအသစ်ကတော့ ဖုန်းဘက္ကထရီကို ပိုမိုကြာရှည်ခံအောင်၊ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်လာအောင် ကြိုးစားနေတယ်လို့သိရပါတယ်။
နောက်ထပ်အသစ်ထပ်ပါဝင်လာဖွယ်ရှိတာက User Profile များကို လက်ခံပေးမယ့်အချက်ပါ။ 4.2 မှာကတည်းက Guest Mode ဆိုပြီးတော့ တခြားအိမ်သားဖြစ်ဖြစ်သုံးနိုင်အောင် User Account ခွဲပေးထားခဲ့တာ အခုတော့ Microsoft Windows တွေမှာ သုံးသလို User Account အသစ်တွေ ခွဲထုတ်သုံးလို့ရလာဖို့ရှိပါတယ်။ Login တွေ Logout တွေလုပ်လို့ရလာနိုင်ပါတယ်။ နောက်ပြီး Social Network တွေ တိုးတက်လာတဲ့ခေတ်ကြီးမှာ Social Network Application တွေအတွက်လည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။
သူရှေ့ပေါ်ခဲ့တဲ့ Nokia Lumia ဖုန်းမှာ ကင်မရာက အမှောင်ထဲမှာ ကောင်းကောင်းရိုက်နိုင်တယ်ဆိုတဲ့ အချက်ကို Google ကမနာလိုဖြစ်သွားတယ်နဲ့ တူပါတယ်။ 18.0 MegaPixel ရှိတဲ့ကင်မရာနဲ့ Android 5.0 ရဲ့ကင်မရာ Application မှာ Shutter Speed ချိန်ဖို့ Option ထည့်ပေးထားဖို့ကြိုးစားနေတာကလည်း Nokia နဲ့ iPhone ကိုသူ နောက်ကျကျန်ခဲ့တဲ့အတွက် ပြန်လည်လိုက်ယှဉ်ဖို့ကြိုးစားတာလို့ ယူဆစရာရှိပါတယ်။ ကျန်တဲ့ အဆင့်မြှင့်တင်မှုတွေ ကတော့ Wigets လေးတွေ ပိုမို ကောင်းမွန်လှပလာမယ်၊ Quick Control တွေမှာ Function စုံလင်ပြီး အသုံးပြုရ လွယ်ကူလာလိမ့်မယ်လို့ ခန့်မှန်း ထားကြ ပါတယ်။ ကောလဟာလ ဆိုပေမယ့် Android 5.0 ထွက်လာမယ်ဆိုတာကို Google ရဲ့ Partner Company ကြီးတွေကနေ သတင်း ရထားကြပြီးပါပြီ။ ဒါပေမယ့် ကောလဟာလဆိုတော့ ပြောရခက်တာပေါ့။
ဒီကောလဟာလအချက်တွေကတော့ မှန်ကန်ဖို့နီးစပ်ပေမယ့်လည်း Nexus 5 ကိုမြင်တွေ့နိုင်ဖို့တော့ မနီးစပ်သေးပါဘူးတဲ့။ ဘာလို့လဲဆိုတော့ လက်ရှိ Nexus 4 ကို ရောင်းနေတာ၊ ရောင်းနေရင်းပစ္စည်းပြတ်သွားတဲ့အတွက် ရှေ့ကအော်ဒါတွေကို လာက်ငှအောင်မရောင်းပေးနိုင်လို့ ထုတ်လုပ်ရေးနဲ့ သင်္ဘောတင်ဖို့ ဘက်ကိုစူးစိုကနေရလို့ Nexus 5 ကတော့ ဒီနှစ်လယ်လောက်မှာ တွေ့မြင်ရဖို့မသေချာသေးပါဘူးတဲ့ဗျာ။ ကဲ Google Nexus ချစ်သူများ ပိုက်ဆံကြိုစုနိုင်ကြပါစေ။
ရည်ညွှန်း။ ။http://reviews.cnet.com/android-news
No comments:
Post a Comment