Friday, February 15, 2013

Blue Screen of Death( 0x000000ED error ) ကိုအချိန်တိုအတွင်းဖြေရှင်းနည်း

 ဝင်းဒိုးမတက်ဘူးဆိုရင်တော့ ဝင်းဒိုးပြန်တင်ကြတာပေါ့။ ဒါပေမယ့် ဘာကြောင့် ဝင်းဒိုးမတက်ဘူးလဲ ဆိုတာလေးတော့  အရင်ဆုံးရှာကြည့်သင့်ပါတယ်။ Windows မတက်ဘဲ Restart ဖြစ်နေတဲ့စက်မှာ windows မတက်ခင် Keyboard ကနေ Function Key F8 ကိုနှိပ်ပြီး Disable Automatically restart System Failure ဆိုတဲ့ Mode ကိုရွေးပေးလိုက်ရင် Restart ကျသွားပါလိမ့်မယ်။ ဒီတစ်ခါတော့ တစ်နေရာရာမှာ ရပ်နေမှာပါ။ အပေါ်မှာပြထားတဲ့ အပြာရောင်မျက်နှာပြင် အမျိုးမျိုးလည်း ပေါ်လာတတ်ပါတယ်။ Error Code ကတော့ တစ်ခုနဲ့ တစ်ခုတူမှာ မဟုတ်ပါဘူး။
များသောအားဖြင့် တောတော်များများကတော့ Windows နဲ့ပတ်သတ်လာရင် ဒီလို BOD လို့ ခေါ်တဲ့ Blue Screen of Death ကိုတွေ့ရင် Windows ပြန်တင်ကြည့်ကြတာများပါတယ်။ မလုပ်တတ်တဲ့ သူတွေကတော့ Service ကိုခေါ်တာပေါ့။ Service သမားကလည်း မြန်ရင်ပြီးရောဆိုပြီး ဝင်းဒိုးပြန်တင်ကြတာလေးတွေကို သတိထားမိပါတယ်။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ ဒါပေမယ့် BOD error တွေကတော့ အမျိုးမျိုးရှိတဲ့အတွက် တင်သင့်တဲ့ အခါတော့ တင်ရပါမယ်။ ဒါပေမယ့် တချို့သော error တွေကတော့ အချိန်အနည်းငယ်အတွင်းဖြေရှင်းလို့ရပါတယ်။ အဲဒီလို BOD error တွေကို ဖြေရှင်းတဲ့နည်းတွေကို တတ်နိုင်သမျှတင်ပြသွားပါမယ်။
  အခုဖော်ပြမယ့် 0x000000ED error ကတော့ ရုတ်တရက်ကြည့်ရင် ပြဿနာကြီးသလိုထင်ရတဲ့ ပုံစံပါ။ ဒါပေမယ့် ဖြေရှင်းနည်းကတော့ ရိုးရိုးလေးပါ။ ဒီပြဿနာလေးအတွက် ဝင်းဒိုးအခွေလေး တစ်ခွေပဲလိုပါတယ်။ အကယ်၍ windows 7 သုံးတဲ့သူဆိုရင်လည်း ဝင်းဒိုး စတစ်လေးတစ်ချောင်းရှိရင်ရပါတယ်။ 
    ပထမဆုံး ဝင်းဒိုးအခွေ ဒါမှမဟုတ် usb လေးနဲ့ BOOT တက်ဖို့ BOIS မှာရွေးလိုက်ပါ။ BOOT တက်လာတဲ့အခါ သူ့ Step တွေအတိုင်းသွားလိုက်မယ်ဆိုရင် Windows တင်တဲ့နေရာကို ရောက်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက Windows တင်ဖို့မလိုဘူးလို့ပြောထားပြီးသားလေ။ ဒီတော့ Windows တင်တဲ့ အပိုင်းကို မလုပ်ပါဘူး။ 
    Windows XP သုံးတဲ့သူဆိုရင်တော့ R ကိုနှိပ်ပြီး Recovery Console ကိုရွေးပါမယ်။ Windows 7 ဆိုရင်တော့ Repair Computer ကိုရွေးပါမယ်။ Windows XP မှာတော့ အပြာရောင် မျက်နှာပြင်ကနေ အမည်းရောင်းကို ရောက်သွားမှာပါ။  Windows 7 မှာ command လိုင်းကနေသွားဖို့ရွေးပါမယ်။ Windows XP မှာ 1 ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ C:\ ဆိုပြီးပေါ်လာမှာပါ။ 7 မှာတော့ X:\ ဆိုပြီးပေါ်နေပါလိမ့်မယ်။
   ကီးဘုတ်ကနေ CHKDSK /P (အသေးလည်းရတယ်) ရိုက်လိုက်ပါ။ ခဏစောင့်ရပါလိမ့်မယ်။ Information အချို့လာပြပါလိမ့်မယ်။ ပြီးရင် FIXBOOT ရိုက်ထည့်လိုက်ပါ။ "Are you sure you want to write a new boot sector?" လာမေးပါလိမ့်မယ်။ y ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ အားလုံးအဆင်ပြေချောမွေ့သွားပါလိမ့်မယ်။ exit လို့ရိုက်ပြီး restart ချလိုက်ပါ။ ဝင်းဒိုးပြန်တက်လာရင်တော့ ပုံမှန်အတိုင်းပြန်တက်လာပါလိမ့်မယ်။ Anti-Virus ကို Update လုပ်ပြီး Scan စစ်ဖို့မမေ့ပါနဲ့။ များသောအားဖြင့် Hard disk ကြောင့် ဒီ error တက်တယ်ဆိုပေမယ့် virus ကြောင့်လည်းဖြစ်နိုင်ပါတယ်။ Computer ကို UPS ခံပြီးသုံးသင့်ပါတယ်။ ဒါဆိုရင်တော့ Hard disk ပြဿနာနဲ့နည်းပြီး သက်တမ်းရှည်နိုင်ပါတယ်။  Hard disk ကနေအသံတွေ ထွက်နေပြီဆိုရင်တော့ ဒေတာတွေကို Backup သိမ်းထားတာကောင်းပါလိမ့်မယ်။ မရှင်းလင်းတာ အဆင်မပြေတာရှိရင်မေးမြန်းနိုင်ပါတယ်။ မူရင်းလင့်ကနေလည်း ပြည့်စုံစွာဖတ်နိုင်ပါတယ်။

ရည်ညွှန်း။  ။http://www.ehow.com/how_4937440_fix-unmountablebootvolume-blue-screen-death.html


1 comment:

Anonymous said...

မရှင်းလင်းသည်များရှိပါက comment ပေး၍သော်လည်းကောင်း www.facebook.com/itguide4u တွင် Post တင်၍သော်လည်းကောင်းမေးမြန်း ဆွေးနွေးနိုင်ပါသည်။