Saturday, February 9, 2013

Google Play Store ကနေရောင်းချနေတဲ့ Nexus 4

၂၀၁၂ နှစ်ကုန်ပိုင်းမှာ Google ကနေထုတ်လုပ်လိုက်တဲ့ ၄.၇လက်မ မျက်နှာပြင်ကျယ်နဲ့ Android (4.2) Jelly Bean ကိုအသုံးပြုထားတဲ့ Android Phone တစ်လုံးပါ။ LG နဲ့ပူးပေါင်းထုတ်လုပ်ထားပါတယ်။ ပါဝင်တဲ့ အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

- Input Device အနေနဲ့ လက်ဆယ်ချောင်းအသုံးပြုနိုင်တဲ့ Corning Gorilla Glass 2 Touch မျက်နှာပြင်ပါရှိသလို Output Device ဖြစ်တဲ့LCD Screen ကတော့ 1280×768 pixel ဖြစ်ပြီး သိပ်သည်းဆကတော့ 320 ppi (Pixel Per Inch) ဆိုတော့ WXGA အထောက်အပံပေးတဲ့ IPS မျက်နှာပြင်ဖြစ်ပါတယ်။
-တွက်ချက်အလုပ်လုပ်တဲ့ CPU ကတော့ 1.5 GHz quad-core Snapdragon S4 Pro processor ကိုအသုံးပြုထားတာဆိုတော့ Netbook ကွန်ပျူတာတစ်လုံးထက်ပိုမြန်အောင် တွက်ချက်နိုင်ပါလိမ့်မယ်။ ပြီးတော့လည်း

Adreno 320 GPU ကိုအသုံးပြုထားတဲ့ အတွက် Tample Run လို Game တွေအတွက်ကတော့ ရုပ်ထွက်လှလှပပနဲ့ ဆော့ကစားနိုင်မှာပါ။
- တွက်ချက်မှုကို ကူညီပေးတဲ့မှတ်ဉာဏ် RAM ကတော့ 2 GB ပမာဏရှိတဲ့ အတွက် Game နဲ့ Application တွေကို ချောမွေ့အောင် Run ပေးနိုင်ပါတယ်။
- Operating System လိုအပ်တဲ့ အချက်အလက်တွေ၊ အသုံးပြုသူလိုအပ်တဲ့အချက်အလက်တွေကို သိမ်းပေးတဲ့ Flash Memory ကတော့ 8GB နဲ့ 16GB နှစ်မျိုးလာပါတယ်။ (ဈေးမတူပါဘူး)
- မိုဘိုင်းတစ်လုံးမှာ Process တွေ Storage အပြင်
  • Accelerometer
  • GPS
  • Gyroscope
  • Barometer
  • Microphone
  • Ambient light
  • Compass
အစရှိတဲ့ ကိရိယာလေးတွေလည်းပါဝင်ပါသေးတယ်။ ဒါပေမယ့် Thermometer ပါဝင်တယ်လို့ဖော်ပြမထားပါဘူး။
- Network အနေနဲ့ ပြည်တွင်းမှာသုံးနေတဲ့ GSM/EDGE/GPRS (850, 900, 1800, 1900 MHz) စတာတွေအပြင် 3G (850, 900, 1700, 1900, 2100 MHz) HSPA+ 42 ကိုလည်းအထောက်အပံ့ပေးပါတယ်။ 4G Lte နဲ့ပတ်သတ်လို့တော့ တရားဝင်ပြောကြားထားခြင်းမရှိပါဘူး။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက သူတို့ နိုင်ငံမှာ Operator တွေ များတော့ ယေဘုယျအချက်တွေကို ဖော်ပြလေ့ရှိပါတယ်။ Wiki မှာတော့ Lte ကို လက်ခံတယ်လို့ဖော်ပြထားပါတယ်။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ နိုင်ငံနဲ့သက်ဆိုင်မှာပါ။ Google Play Store ကရောင်းတဲ့ Nexus 4 ကတော့ ဘယ် Carrier (Network Operator) နဲ့မှ ချိတ်ဆက်ထားခြင်းမရှိပါဘူး။ အောက်မှာ ဈေးနှုန်းလေးတွေဖော်ပြထားပါတယ်။

- အခြားချိတ်ဆက်မှုအနေနဲ့ဆိုရင် WiFi 802.11 a/b/g/n ပါဝင်တဲ့ အတွက် တခြား Wireless Devices တွေနဲ့ချိတ်ဆက်နိုင်တဲ့အပြင် Wifi Tethering ကိုလည်း ပြုလုပ်နိုင်မှာပါ။
- နောက်ဆုံးပေါ် နည်းပညာ ဖြစ်တဲ့ NFC (near field communication) ကိုလည်းအထောက်အပံပေးထားပါသေးတယ်။ (NFC ဆိုတာ အရင်တုန်းက ပေါ်ခဲ့ တဲ့ Infrared တို့ Bluetooth တို့လိုမျိုး Device အချင်းချင်းဆက်သွယ်နိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။)
- Bluetooth ကတော့ နောက်ဆုံးဗာရှင်း 4.0 ဖြစ်တဲ့ အတွက် လျှင်မြန်မှုအပြင် Battery ကုန်သက်သာစေမှာပါ။
- ဒီနေ့ခေတ်ပေါ် ဖုန်းတွေဟာ ကွန်ပျူတာတစ်လုံးနဲ့မခြားတော့သလို ကင်မရာတစ်လုံးနဲ့လည်းမခြားနားတော့ပါဘူး။ Samsung ဆိုရင်တောင် ကင်မရာကို Android Operating System နဲ့ထုတ်လုပ်တဲ့အနေအထားကိုရောက်ရှိနေပါပြီ။ Google LG Nexus 4 ရဲ့ကင်မရာကတော့ 8MP ရှိတဲ့အတွက် ကင်မရာဖုန်းတံဆိပ်တွေထဲက Sony ရဲ့ Xperia P မှာပါဝင်တဲ့ ကင်မရာနဲ့ တစ်တန်းတည်းရှိပါတယ်။ ဒီတော့ Full HD 1080P Resolution ကိုအထောက်အပံပေးထားသလို တစ်စက္ကန့်ကို Frame 30 နဲ့ HD Movies တွေကိုရိုက်နိုင်ပါသေးတယ်။


    သူတို့ဆီက Tmobile တို့ O2 တို့လိုCarrier တွေနဲ့ စာချုပ်ချုပ်ဝယ်ရင် US$299 ပဲကျသင့်ပေမယ့် Google Play Store ကနေ Carrier အလွတ်ဝယ်ရင်တော့ US$349 ဆိုတော့ သုံးသိန်းလောက် ကျသင့်မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကဈေးနှုန်းဖြစ်တဲ့ အတွက် အခုလောက်ဆို အနည်းငယ်ကျဆင်းသွားပါပြီ။ ဒါပေမယ့် ပြည်တွင်းမှာကတော့  လေးသိန်းဝန်းကျင်နဲ့ ရာင်းချနေဆဲပါ။ ဒါပေမယ့် ကိုယ့်ဘာသာသွင်းမယ်ဆိုရင် အခွန်အခ ဝန်ဆောင်ခတွေနဲ့ အဲဒီလောက်နီးပါကျသင့်မှာဖြစ်တဲ့အတွက် မထူးပါဘူး။ Google ဖုန်းတွေထဲမှာတော့ Nexus One တို့ Nexus Sတို့အပြင် Samsung နဲ့ပူးပေါင်းထုတ်လုပ်တဲ့ Glaxy Nexusတို့ထက်သာလွန်ကောင်းမွန်တဲ့ Google ဖုန်းဖြစ်တဲ့အတွက် Google ချစ်ပရိတ်သတ်များ နှစ်သက်သဘောကျမယ့်ဖုန်းဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။


No comments: