တစ်ခါတစ်လေ အင်တာနက် စာမျက်နှာတွေကို ကြည့်ရင်း အချိန်မရလို့ နောက်မှပြန်ကြည့်မယ်ဆိုပြီး Bookmark လုပ်ဖူးကြမယ်ထင်ပါတယ်။ နောက်တစ်ခါကျတော Bookmark လုပ်ထားတဲ့ Link ကိုပြန်ရွေးလိုက်ရင် ကိုယ်မှတ်ထားတဲ့ အင်တာနက်စာမျက်နှာကို ရောက်သွားပါတယ်။ ဒါပေမယ့် အဲဒီလို Bookmark ကိုပြန်ဖွင့်ဖို့ အင်တာနက် ကွန်နက်ရှင်လိုအပ်ပါတယ်။
အကယ်၍များ ဟောဒီ Pocket ဆိုတဲ့ Tool လေးကိုသုံးလိုက်ရင် Page တွေကို Online ပေါ်မှာ Bookmark လုပ်ပြီးသားဖြစ်သွားတဲ့အပြင် Offline လည်းကြည့်လို့ရသွားမှာပါ။ Online ပေါ်မှာ Bookmark လုပ်ထားတော့ ကိုယ့်စက်ကို အပြောင်းအလဲလုပ်လိုက်ရင်တောင် အဲဒီ Bookmark လေးတွေ ပျောက်မသွားနိုင်ပါဘူး။ နောက်ထပ်ထူးခြားချက် တစ်ခုကတော့ မိမိနှစ်သက်ရာ Device ( PC တစ်လုံး သိုမဟုတ် Android ဒါမှမဟုတ် i Device တစ်ခုခု၊ ဒါမှမဟုတ် Mozilla Browser) ကနေ Offline Bookmark လုပ်နိုင်ပြီး အဲဒီ Device မှာလည်း တခြား Device ကနေ Bookmark လုပ်ထားတာကို Download ဆွဲပြီး Offline ကြည့်နိုင်ပါတယ်။
တစ်ခုရှိတာက အဲဒီကိစ္စတွေအားလုံးအတွက် Pocket Account တစ်ခုလိုပါတယ်။ ဒါပေမယ့် အဲဒီအကောင့်က အလွယ်တကူ အခမဲ့ပြုလုပ်နိုင်ပါတယ်။ e-mail တော့လိုတာပေါ့။
ပထမဆုံး Mozilla မှာ Pocket Add-on ဘယ်လို ထည့်သွင်း တယ်ဆိုတာလေးကို ရှင်းပြပါ့မယ်။
https://addons.mozilla.org/en-us/firefox/addon/read-it-later/ အဲဒီလင့်လေးကို နှိပ်လိုက်ရင် Add-on လေးကို Download ဆွဲလို့ရပါပြီ။ Browser ကို restart ချလိုက်ရင် Address Bar (Bookmark icon) ညာဘက်မှာ သူ့ရဲ့အမှတ်တံဆိပ်လေးပေါ်လာမှာပါ။
Login ဝင်ရပါတယ်။ Login ဝင်ဖို့ Sign Up အရင်လုပ်ရမှာပါ။ တစ်ခါလုပ်ထားရင် ပြီးပါပြီ။ တခြား Device တွေမှာလည်း အဲဒီ User Name နဲ့ Password ကိုသုံးလို့ရပါတယ်။ ကိုယ်နောက်မှဖတ်မယ်ဆိုတဲ့ Page Address တွေမှာ Bookmark လိုမျိုး အဲဒါလေးနှိပ်ထားလိုက်ရင် အဆင်ပြေသွားပါပြီ။ Address Bar ညာဘက်အစွန်ဆုံးမှာ လည်း Offline အတွက် Setting လေးတွေချိန်ညှိစရာပါဝင်ပါတယ်။
ဒါဆိုရင်ကွန်ပျူတာနဲ့ ကိုယ်မှတ်သားခဲ့သမျှကို Offline ကြည့်နိုင်ဖို့ Download ဆွဲထားပေးပါလိမ့်မယ်။ Download ဆွဲတယ်ဆိုလို့ ကွန်နက်ရှင် အများကြီးမယူသွားဘူး။ ဘာလို့လဲဆိုတော့ သူက Page တစ်ခုရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ချန်ထားခဲ့ပေးတယ်။ စာဖတ်လို့ကောင်းတဲ့ အနေအထားကို ယူထားပေးတဲ့အတွက် ကွန်နက်ရှင်လည်းသက်သာပါတယ်။ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။
သူ့ရဲ့ Main Page ကတော့ ဒီလင့်လေးပါ။ သိချင်တာလေးတွေလေ့လာနိုင်ပါတယ်။ အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် အလကားမဟုတ်ပါ။ စာရေးသူလိုလူမျိုးအတွက်ကတော့ အများကြီးအကျိုးဖြစ်စေပါတယ်။ http://getpocket.com/
iDevice သုံးစွဲသူတွေကတော့ မိမိရဲ့ iDevice ကနေပြီး အောက်ကလင့်ကို ဝင်လိုက်ရင် download ယူလို့ရပါတယ်။ iTune Account လိုအပ်ပါလိမ့်မယ်။
To go itune app ---- http://getpocket.com/ios/
Android သမားတွေအတွက်ကတော့ Eazy ပါ။ ကိုယ်ကြိုက်တဲ့ Market ကနေယူလည်းရပါတယ်။ ရှာရခက်တယ်ဆိုလည်း စာရေးသူတင်ပေးထားတဲ့ link လေးကနေဆွဲယူလို့ရပါတယ်။ အောက်မှာပါ။
Android Apk link ---- db.tt/UK2zkIqV
မိုဘိုင်း Device တွေသုံးတဲ့ သူတွေအတွက်ကတော့ application ကိုဖွင့်ပြီး Login ဝင်၊ ပြီးရင် ကိုယ်ကြည့်တဲ့ Browser ကနေ Share to Pocket လုပ်လိုက်ရင် ရပါတယ်။ မိုဘိုင်းကနေ Offline ကြည့်ရတာပို ပြီးအဆင်ပြေပါတယ်။ စမ်းသုံးကြည့်လိုက်ပေါ့ဗျာ။ မရှင်းလင်းတာရှိရင်မေးလို့ရပါတယ်။
No comments:
Post a Comment