Wednesday, April 17, 2013

GPS ပါဝင်တဲ့ လမ်းလျှောက်တုတ်



လစ်သူယေးနီးယန်းလူမျိုး ဒီဇိုင်နာ Egle Ugintaite ဒီဇိုင်းချထွင်ထားတဲ့ GPS လမ်းလျှောက်တုတ်ကို ဂျပန်ကုမ္ပဏီ Fujitsu ကစတင် ဖန်တီးနေပါပြီ။ လမ်းပျောက်သွားတတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်း မတော်တဆမှုဖြစ်ပွားပါကလည်း အချက်ပေးနိုင်တဲ့ စနစ်တွေပါဝင်ပါသေးတယ်။ ရုတ်တရက်ဖြစ်ပွားတတ်တဲ့ နှလုံးရောဂါလိုအခြေအနေမျိုးကိုလည်း သတိပေးပြီး အရေးပေါ်ကုသရေးနေရာရောက်အောင် လမ်းညွှန်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး၊ လမ်းလျှောက်တဲ့နေရာမှာလည်း လမ်းလျှောက်တုတ်ပီသစွာ ခြေလှမ်းမှန်မှန်လျှောက်နိုင်အောင်ကူညီပေးပါဦးမယ်။ 



မှတ်‍သားနိုင်စွမ်းလျော့နည်းလာတဲ့ လူကြီးများအဖို့ သူတို့ရဲ့ အာရုံကြောတွေကဒုက္ခပေးတဲ့အခါ ဘယ်ပြန်ရမှန်းမမှတ်မိတော့တဲ့အခါ တုတ်ချောင်းကို ကြည့်ပြီးသွားနိုင်ပါလိမ့်မယ်။ အဲဒီတုတ်ချောင်းလေးမှာ GPS, Wifi တင်မက 3G အင်တာနက်ပါဝင်ပါသေးတယ်။ သက်ဆိုင်ရာမိသားစုကို Web ကနေ အကြောင်းကြားပေးနိုင်သလို ပြဿနာတစ်စုံတစ်ရာအတွက်လည်း အနီးစပ်ဆုံး နေရာမှာရှိနေတဲ့ မိသားစုဝင်တွေက ဘယ်လိုက်ဖြေရှင်းရမလည်းဆိုတာကို တစ်ခါတည်းသိစေနိုင်ပါတယ်။ 

LED လမ်းညွှန် မျက်နှာပြင်ပါဝင်တဲ့ လမ်းလျှောက်တုတ်ကောက်လေးက  မြှားလေးနဲ့ လမ်းညွှန်ရုံမကပါဘူး၊ ကွေဖို့လိုအပ်ရင်လည်း တုန်ခါမှုနဲ့ အချက်ပြပေးပါဦးမယ်။ တုတ်ကောက်ကို အသုံးပြုနေတဲ့ လူကြီးရဲ့တည်နေရာကို ချိတ်ဆက်ထားတဲ့ အိမ်က  (မိသားစုဝင်ရဲ့) ကွန်ပျူတာမှာ အဆက်မပြတ်ဖော်ပြနေမှာပါ။ တုတ်ကောက်လေးနဲ့ သူ့ပိုင်ရှင် ရုတ်တရက်လဲပြိုသွားမယ်ဆိုတာနဲ့ ကွန်ပျူတာမှာ Alarm မြည်ပြီး အချက်ပြပေးမှာဖြစ်ပါတယ်။ Smart နီးပါဖြစ်လာတဲ့ တုတ်ကောက်လေးရဲ့ ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။
ကျန်းမာရေး ချူချာတဲ့လူကြီးတွေအတွက် သင့်တော်တဲ့ ပစ္စည်းလေးဖြစ်လို့ ကြိုတင် တင်ပြလိုက်ရပါတယ်။ 

ရည်ညွန်း။ ။http://gajitz.com/stick-it-to-immobility-gps-cane-keeps-users-safe-healthy/

No comments: