ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကနေ ကီလို ၉၀၀ ကျော်ဝေးတဲ့ အာတိတ်စက်ဝိုင်းဒေသမှာ လူမှုကွန်ယက်ရှေ့ဆောင် ဖေ့ဘွတ်ခ် ကုမ္ပဏီကနေ ဒေတာစင်တာသွားရောက်တည်ဆောက်နေပါတယ်။ အမေရိကန်ပြင်ပ အသုံးပြုသူသန်းတစ်ထောင်ကျော်အတွက်
ပုံတွေ စာတွေတင်ရတာပိုမြန်ဆန်ကောင်းမွန်အောင် တည်ဆောက်နေတာဖြစ်ပါတယ်။
စတုရန်းပေ နှစ်သိန်းကိုးသောင်း ကျယ်ဝန်းတဲ့ရေခဲမြေပေါ်မှာဖြစ်ပါတယ်။
အေးတဲ့ ရာသီဥတုမှာ ကွန်ပျူတာကြီးတွေကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စက်ပစ္စည်းတွေရဲ့သက်တမ်းကိုလည်း မြင့်တက်စေပါတယ်။
ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ အင်ဖရာအင်ဂျင်နီယာချုပ် ဂျေးရဲ့ ကွပ်ကဲမှုနဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဆာဗာဒီဇိုင်းတွေကို ပထမဆုံး အကြိမ် အသုံးပြုထားပါတယ်။
Open Computer Project လို့ အမည်ရတဲ့ ဒီကိစ္စဟာ ဆာဗာတွေရဲ့ လုပ်ကိုင်စွမ်းကို သာမန်ထက် ၃၈ရာခိုင်နှုန်းကောင်းမွန်စေပြီး လုပ်ကိုင်ရတဲ့ ကုန်ကျစားရိတ်ကလည်း သာမန်ပရောဂျက်တွေထက် ၂၄ရာခိုင်နှုန်းသက်သာစေတယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံလိုမျိုး အမေရိကပြင်ပနိုင်ငံက အသုံးပြုသူတွေက ဒီပရောဂျက်အပြီးမှာ ပိုမိုမြန်ဆန်တဲ့ ဝန်ဆောင်မှုကို ရရှိလာမယ်လို့ ယူဆစရာရှိပါတယ်။
( တကယ်လို့သာ အဲဒီ အင်ဂျင်နီယာရဲ့ ဒီဇိုင်းအောင် မြင်ခဲ့ရင် မြန်မာနိုင်ငံက ဒေတာစင်တာတွေ ကချင်ပြည်နယ်က ရေခဲတောင်တွေမှာ သွားဆောက်ကြမလား တွေးစရာရှိပါတယ်။ )
ရည်ညွန်း- http://news.cnet.com/8301-1023_3-57588965-93/facebook-turns-on-data-center-at-edge-of-the-arctic-circle/
No comments:
Post a Comment