အင်တာနက်မလိုဘူးဆိုပေမယ့် ခဏတော့ လိုပါတယ်။ ပုံမှန် Browser တစ်ခုကို သုံးပြီး Wikipedia ကနေ တစ်ခုခုကို ရှာလိုက်သလောက်ပဲ ကြာတာပါ။ Android ဖုန်းလေးတစ်လုံးကို 3Gဖွင့် ပုံမှန် Browser ကနေ ဝီကီ လင့်တစ်ခုခုကို ဖွင်လိုက်တာနဲ့ လာမေးပါလိမ့်မယ်၊ ဒီ app ကို သုံးမလား Browser ကနေပဲသွားမလားဆိုပြီး။ Wikipedia apk နဲ့ ဖွင့်မယ်လို့ရွေးလိုက်ရင်တော့ Wiki apk လေးပွင့်လာပါမယ်။ ဖုန်းရဲ့ Menu ခလုပ်လေးကို နှိပ်လိုက်ရင် နောက်ထပ် Menu ၆ ခုပေါ်လာပါလိမ့်မယ်။ Save Page ဆိုတာလေးကို ရွေးပေးလိုက်ပါ။ အဲဒါဆိုရင် ဖုန်းထဲမှာ ကိုယ်ကြည့်နေတဲ့ Wiki Page ကိုသိမ်းထားလိုက်ပါပြီ။ ဝလုံးလေးဝိုင်းလို့ပြီးသွားရင် ပုံမှာပြထားသလို ... saved ဆိုတဲ့ စာလေးပေါ်လာတဲ့အခါ အင်တာနက် ပိတ်လိုက်လို့ရပါပြီ။ နောက်မှအေးအေးဆေးဆေး တစ်လုံးချင်းဖတ်လို့ရသွားပါပြီ။ အင်တာနက်ဖွင့်ပြီး ဖတ်တာထက် ပိုထိရောက်သလို ဘေမကုန်တော့ဘူးပေါ့။
ပြန်ဖတ်ဖို့ဆိုရင်တော့ Browser ကနေမရတော့ပါဘူး။ Wikipedia Application လေးကိုဖွင့်၊ Menu ခလုပ်လေးကိုနှိပ်၊ ဒီတစ်ခါတော့ Save Page ဆိုတာလေးရဲ့ဘေးက Saved Pages ဆိုတာလေးကို ရွေးလိုက်ရင် ကိုယ်သိမ်းခဲ့တဲ့ အချက်အလက်တွေကို စာရင်းပြပေးမှာပါ။ ပြန်ဖတ်ချင်တဲ့ တစ်ခုကို ရွေးလိုက်ရင် အဆင်ပြေစွာနဲ့ ပြန်ဖတ်လို့ရပါပြီ။ Font Size တွေကြီးချင်ရင်လည်း Setting ကနေသွားပြင်လို့ရပါတယ်။ အောက်မှာ ဒေါင်းလို့ရပါတယ်။ Dropbox ရှိတဲ့သူတွေကတော့ Dropbox ထဲတန်းထည့်လို့ရမှာပါ။ ပျော်ရွင်ကြပါစေ။
No comments:
Post a Comment