Sunday, March 3, 2013

ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်(နောက်ဆက်တွဲ ၁)

ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်ဆိုပြီး USB OTG Cable အကြောင်း ရေးခဲ့ပါတယ်။ အဲဒီကြိုးလေးကို ကိုင်ပြီး တွေ့သမျှ အသိတွေရဲ့ ဖုန်းလိုက်ထိုးနေလိုက်တာ Huawei (စမ်းခဲ့သမျှ) မရတာကိုတွေ့ရပါတယ်။ Ascend P1 လို Grade မြင့်ဖုန်းမှာတောင် မရပါဘူး။ Sony Xperia P မှာတော့ ရပါတယ်။ Xperia ဖုန်းတွေမှာ အလုပ်လုပ်တယ်လို့ ယူဆပါတယ်။ OTG Helper ဆိုတဲ့ apk မလိုဘဲ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Tablet တွေမှာလို Mouse & Keyboard သုံးလို့မရပါဘူး။ Samsung Galaxy Note 2 မှာလည်း ထိုနည်းတူစွာအလုပ်လုပ်ပါတယ်။ Note IIမှာ OTG ဆိုတာကိုပါအသိအမှတ်ပြုတာတွေ့ရတယ်။ လက်ရှိ မိတ်ဆွေတွေထဲမှာ Samsung ဖုန်းပိုင်ရှင်တွေကိုလည်း လိုက်လံဆက်သွယ်ပြီး လက်မထိုးဖို့ ကြိုးစားနေပါတယ်။ Samsung အများစုမှာ ရမယ်လို့မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြိုးလေးက Samsung အတွက် လို့ရောင်းတဲ့သူကပြောလိုက်လို့ပါ။နောက်ထပ်သိရှိသမျှကို နောက်ဆက်တွဲအနေနဲ့ ရေးသွားမှာပါ။ သုံးချင်သူများအတွက် Huawei ဖုန်းကိုင်သူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ Huawei တွေမှာ အခုထိ Support လုပ်တာမတွေ့ရသေးဘဲ Sony နဲ့ Samsung ဖုန်းတွေမှာ အလုပ်လုပ်တာကို တွေ့ရလို့ပါ။ China Tablet လေးတွေ အများစုကတော့ apk တင်သုံးမှ ရမှာပါ။
အားလုံးပဲ ပျော်ရွှင်ကြပါစေ။

No comments: