Friday, March 1, 2013

ကျောက်သင်ပုန်းမှာ လက်မထိုးကြည့်မယ်


အစ်ကိုတစ်ယောက်ရဲ့ဆိုင်ရောက်တုန်း သူ့ဆိုင်မှာ တင်ထားတဲ့ ပစ္စည်းလေးတွေကို မွှေနှောက်ရှာကြည့်ရာကနေ ကြိုးတစ်ချောင်းတွေ့ပါတယ်။ အတင်းယူထုတ်ပြီး ရေးထားတဲ့စာတွေဖတ်ကြည့် Memory Stick နဲ့ ဖုန်းမှာထိုးတပ်တော့ ဘာအလုပ်မှမလုပ်ပါဘူး။ ဒါနဲ့ သူက ဆော့ဖ်ဝဲလ် လိုတယ်ကွ လို့ပြောပါတယ်။ ပြဿနာမရှိပါဘူး။ ဘာပဲလိုလို ဂူးဂဲ ရှိပါတယ်။ ရှာကြည့်လိုက်တော့ တွေ့ပါတယ်။ ဒါနဲ့ပဲဒေါင်းလိုက်ပါတယ်။ ဖုန်းထဲမှာ apk ကို Run လိုက်တယ်။ ပြန်တပ်ကြည့်တယ်။ အလုပ်မလုပ်ပါဘူး။ နည်းနည်းတော့ လေသွားပါတယ်။ ဒါနဲ့ သူ့ဆိုင်ထဲမှာတွေ့တဲ့ လျှပ်စစ်သင်ပုန်း (တရုတ်) လေးတစ်လုံးကို Memory Stick နဲ့တပ်ကြည့်တော့ Stick မီးလင်းလာပါတယ်။ အိုကေ။ စတစ်ကို File Manager နဲ့လိုက်ရှာကြည့်တော့ မတွေ့ပါဘူး။ ဒါနဲ့ စောစောကဒေါင်းထားတဲ့ apk  လေးကို အဲဒီ တရုတ် သင်ပုန်းလေးထဲမှာ တင်လိုက်ပါတယ်။ Mount လုပ်လိုက်တဲ့အခါ SD Device တစ်ခုအနေနဲ့ တွေ့သွားပါတယ်။ Thumb Drive ထဲက သီချင်းကို ဖွင့်ကြည့်တော့ ပွင့်ပါတယ်။
ဒါနဲ့ သူ့ဆိုင်မှာရှိသမျှ သင်ပုန်းတွေကို လက်မနဲ့ (Thumb Drive ကိုပြောတာနော်) အကုန်လိုက်ထိုး  ကြည့်လိုက်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဒါနဲ့တွေ့သမျှဖုန်းတွေ အကုန်လိုက်ထိုး ကြည့်တော့ အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် Sony လို Branded ဖုန်းတွေကိုတော့ မစမ်းကြည့်ရသေးပါဘူး။ စမ်းပြီးရင်ထပ်တင်ပေးပါ့မယ်။ နောက်ထပ်အသေးစိတ်ကိုလည်း ထပ်ကလိပြီးရင် ထပ်တင်ပေးပါ့မယ်။ ကျောက်သင်ပုန်းဝယ်ထားပြီး SD Memory Card စိုက်မရတဲ့ သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။ ကဒ်စိုက်လို့ရလည်း ကိုယ့် Thumb Drive ထဲကဒေတာတွေကို ဖုန်းထဲအလွယ်တကူ ထည့်နိုင်တဲ့အတွက် မဆိုးဘူးလို့ဆိုရမှာပါ။
နောက်တစ်ချက်က ICS တင်ထားတဲ့ သင်ပုန်းတွေကတော့ တင်ထားတဲ့ Android OS ပေါ်မူတည်ပြီး USB Keyboard နဲ့ Mouse ကိုပါသုံးနိုင်ပါတယ်။ Android 4.0 ICS တင်ထားတဲ့ Device  တော်တော်များများမှာ အလုပ်ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ USB OnThtGo Cable က အများစုသုံးတဲ့ China Tablet and Phone တွေအတွက်ပါ။ Samsung တို့ iPad တို့iPhone တို့အတွက် သီးသန့်ရှိပါတယ်။ အသုံပြုနေတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါလေးကတော့ တန်ဖိုး ၃၅၀၀ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကလိပျော်၊ သုံးပျော်ပါတယ်။ Huawei လို တရုတ်ဖုန်းတွေမှာ ရတာကရပြီး မရတာကမရကြပါဘူး။  Branded တွေအတွက်ကတော့ လုံးဝအိုကေပါတယ်။ ဒါပေမယ့် ဒီဈေးလောက်နဲ့မရပါဘူး။ ကြိုးဝယ်ပြီး သုံးမရဖြစ်နေသူများအတွက်၊ စိတ်ဝင်စားလို့ စမ်းကြည့်မယ်ဆိုတဲ့လူများအတွက် အောက်ကလင့်လေးမှာ OTG USB mounter android apk လေးကို ဒေါင်းနိုင်ပါတယ်။ ထုံးစံအတိုင်း Dropbox နဲ့တင်ပေးထားလို့ ဒေါင်းရတာအဆင်ပြေမှာပါ။ 
Download- OTG apk
China OTG Cable ကြိုးလေးကို လိုချင်သူများကတော့ HypertecH Technology Group အမှတ်- ၆၊ သိမ်ဖြူကားအော်ဒီယိုဝင်း၊ သိမ်ဖြူတင်းနစ်ကွင်းဘေး၊ ဗညာဒလလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့မှာ ဝယ်ယူနိုင်ပါတယ်။ ကြော်ငြာမဟုတ်ဘူးနော်၊ တချို့မိုဘိုင်းဆိုင်တွေ မှာလည်း ရောင်းပါတာယ်။ သူတို့ကတော့ Branded တွေအတွက် ပဲတင်ကြတာများပါတယ်။ ခေါင်းမတူပါဘူး။

No comments: