အသုံးဝင်ပုံ
တကယ်တော့ ဒီ Software လေးကို ရေးဖြစ်တာက Mobile 3G ကွန်နက်ရှင်နဲ့ လိုအပ်တာလေးတွေကို Download ဆွဲဖို့ကြိုးစားရင်းနဲ့ ဒီလိုလုပ်ဖို့ အကြံရလိုက်တာပါ။ အဓိက မိုဘိုင်းဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး သုံးတဲ့ သူတွေ၊ Download ဆွဲသူတွေအတွက် ပိုပြီး အသုံးဝင်မှာပါ။ အချိန်မှတ်ပေးပြီး အိပ်လိုက်လို့ရတယ်။ ညဘက် Download လုပ်တဲ့သူတွေအတွက် အိပ်ရေးမပျက်တော့ဘူးပေါ။ ကွန်နက်ရှင်သေချာရင် Remain Time နဲ့ Timer ပေးလိုက်ရုံပဲ။ နောက်ပြီး မေ့တတ်တဲ့သူတွေပါ။ အင်တာနက်ကို ဖွင့်ပြီး ပြန်ပိတ်ဖို့ မေ့တတ်တဲ့ သူတွေအတွက် ကိုယ်သုံးမယ့် ကြာချိန်လေး ရိုက်ထည့်လိုက်တာနဲ့အချိန်တန်ရင် သူ့အလိုလို ပိတ်ပေးမှာပါ။ နောက်ပြီးတော့ Bill ကိုချိန်ပြီး အင်တာနက်သုံးနေရတဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။ မဖြစ်မနေ Facebook လေးငါးမိနစ်လောက်ပဲကြည့်မယ်ကွာ ဆိုပြီး တစ်နာရီလောက်သုံးမိသွားတဲ့ သူတွေလည်း ငါးမိနစ်ပြည့်တာနဲ့ အင်တာနက်ပိတ်ပြီး သတိပေးမှာပါ။
အသုံးပြုပုံ
အောက်ဆုံးမှာ ပုံလေးနဲ့ အတူပြထားတဲ့ link လေးမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Android ဖုန်းထဲကနေ တိုက်ရိုက်ဒေါင်းလည်းရပါတယ်။ ပြီးရင်တော့ ဖုန်းထဲထည့် ပြီး install လုပ်ပါ။ Phone Setting ထဲမှာ Unknown Source ဆိုတာလေးကို အမှန်ခြစ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ Application ဖွင့်လိုက်ရင် User အတွက် အချိန်ဖြည့်တဲ့ အကွက်လေးနဲ့ စမှတ် ခလုပ်လေးပဲပါဝင်ပါတယ်။ နှစ်သက်သလို ကိုယ်သုံးမယ့်အချိန်ကို ရိုက်ထည့်လိုက်ပါ။ မိနစ်ပဲရိုက်ရမှာပါ။ ဆိုလိုတာက တစ်နာရီသုံးချင်ရင် 60 လို့ရိုက်ပေးရမှာပါ။ ပြီးရင် Start ခလုပ်လေးကို နှိပ်လိုက်ရင် 3G အလိုလို ပွင့်သွားပါလိမ့်မယ့်။ ခလုပ်လေးကတော့ Restart ဆိုတာဖြစ်သွားပါလိမ့်မယ်။ အချိန်ပြည့်သွားလို့ ပြန်စချင်ရင်လည်း အဲဒါလေးကို နှိပ်လိုက်ရင် အချိန်ဖြည့်တဲ့အကွက်လေး လင်းလာပါလိမ့်မယ်။ အချိန်ဖြည့်ပြီး စလိုက်တာနဲ့ Notification လေးတစ်ခုလည်း ပြပါလိမ့်မယ်။ အင်တာနက်ပွင့်သွားပါပြီ။
ကိုယ်သုံးမယ့် Browser, Facebook စတဲ့ Application တွေဆီကို သွားဖို့ ဆိုရင် ဖုန်းရဲ့ Home Button ကိုနှိပ်လိုက် ရင် Home Screen ရောက်သွားပါလိမ့်မယ်။ ကြိုက်ရာကို သုံးလို့ရပါတယ်။ အချိန်မပြည့်ခင် ပြန်ထွက်ချင်ရင် Application ကိုလိုက်ရှာပြီး နှိပ်ချင်နှိပ်၊ ဒါမှမဟုတ် Notification ဘားတန်းလေဆွဲချပြီး 3Gtimer လေးကို နှိပ်လိုက်ရင် Application Screen ကိုပြန်ရောက်သွားပါလိမ့်မယ်။ Restart ဆိုတဲ့စာပြောင်းသွားတဲ့ ခလုပ်လေးကို နှိပ်လိုက်ရင် လက်ရှိ အချိန်မှတ်ထားတာလေးကို ဖျက်ပြစ်ပြီး အင်တာနက်ကိုပိတ်ပေးတဲ့အပြင် အချိန်အသစ်ဖြည့်ဖို့ စောင့်နေမှာပါ။ ဒါမှမဟုတ် Application ကို အပြီး ပိတ်ချင်တယ် ဆိုရင်တော့ Phone ရဲ့ Back ခလုပ်ကို နှိပ်လိုက်ရင်ရပါတယ်။ သေချာလားလို့ လာမေးပါလိမ့်မယ်။ OK ဆိုရင် အင်တာနက် ကိုပိတ်ပေးပြီးတာနဲ့ Application ကိုပိတ်ပေးမှာပါ။ Back Key ကိုနှိပ်လိုက်ရင်တော့ မူလနေရာကို ပြန်ရောက်သွားမှာပါ။ အရမ်းရိုးရှင်းလွယ်ကူပါတယ်။
ဘေးထွက်ဆိုးကြိုး
ဒီ App လေးက Beta Version 2 ဖြစ်ပါတယ်။ ပထမရေးထားတဲ့ Beta Version 1 မှာ Error အနည်းငယ်ရှိလို့ ဒီလို ပြန်ပြင်လိုက်တာပါ။ ပထမ error ကဖုန်းတိုင်းမတက်ပါဘူး။ ဖုန်းနဲ့ အင်တာနက်သုံးတဲ့သူတွေ သုံးတဲ့ Application များရင် Timer App လေးကို Android System ကပိတ်ချလိုက်ပါတယ်။ ဒီတော့ အချိန်ကို ဆက်လက်ရေတွက်ခြင်းမပြုနိုင်တဲ့ အတွက် အလိုအလျှောက်မပိတ်ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် Task Killer Application သုံးတဲ့ ဖုန်းတွေမှာ ပိုအဖြစ်များပါတယ်။ အခုကတော့ အဲဒီပြဿနာကို ဖြေရှင်းထားပါတယ်။ ကျောရိုးတစ်ခုလုံးပြင်ထားတဲ့ အတွက်ပါ။ ဒါပေမယ့် စိတ်ချလို့မရသေးပါဘူး။

တတ်နိုင်တဲ့ Android Phone Model and Brand တွေနဲ့စမ်းသပ်ထားပါတယ်။ ပထမတုန်းကလို မဖြစ်တော့ပါဘူး။ ဘယ်ဖုန်းမှာ ဘာဖြစ်မလဲဆိုတာကတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အင်တာနက်ဘေကုန်တာထက်တော့ ထူးခြားတဲ့ ပြဿနာမရှိပါဘူး။ ပထမဆုံးအနေနဲ့ Timer ထဲမှာ အချိန်နည်းနည်းပေးပြီး စောင့်ကြည့် ပြီးသုံးပါလို့ အကြံပြုပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် လည်း အချိန်မရွေး Email ပို့၊ ပြဿနာကို ပြောပေးကြပါ။ နောက်ထွက်မယ့် Version မှာပြင်လို့ရအောင်လို့ပါ။
Application အကြောင်း
228.3KB အရွယ်အစားပဲရှိပါတယ်။ Android 2.3 အထက် နောက်ဆုံးထွက် Jelly Bean Android Phone တွေအထိ သုံးလို့ ရပါတယ်။ Download ဆွဲလို့ လွယ်ကူပါလိမ့်မယ်။ Beta Version ဆိုတာ တကယ်တော့ Developer တွေအနေနဲ့ စမ်းထားပြီး လူတွေကို အစမ်းပေးသုံးတာပါ။ ဒါပေမယ့် ဒီ 3Gtimer Beta Version လေးကို အခု တစ်လအခမဲ့ စမ်းသုံးခွင့်ပေးထားပါတယ်။ နောက်ပိုင်း Version တွေကိုလည်း အခမဲ့ပေးမှာပါ။ နောက်ထပ် Version တွေကို Download မဆွဲမှာ စိုးလို့ တစ်လပဲပေးတာပါ။ နောက်ထပ် နှစ်ပတ်လောက်အတွင်း အသစ်ထွက်ဖို့ ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက် Version တွေလည်း အခမဲ့ပါ။
အဲဒီလို အခမဲ့ပေးဖို့အတွက် Sponsor လိုပါတယ်။ ဒီApplication ကိုစမ်းသပ်ရင်းနဲ့ အနည်းဆုံးအင်တာနက် ဘေကုန်ပါတယ်။ နားမလည်တဲ့ ကုဒ်တချို့အတွက် Googling လုပ်ရပါတယ်။ တစ်ပတ်လောက်ကို ဘလော့ မရေးနိုင်ပါဘူး။ တခြားဦးနှောက်စားတဲ့ ကိစ္စတွေကတော့ မပြောလိုတော့ပါဘူး။

ပြောချင်တာက Sponsor နဲ့မို့လို့ အသုံးပြုသူတွေကိုအားနာပါတယ်။ မြဝတီတို့ MRTV တို့လို Free to Air လိုမျိုးလို့သဘောထားပေးပါ။ နောက်ပြီး Sponsor ပေးဖို့ စိတ်ဝင်စားရင်လည်း ဆက်သွယ်ပါ။ အခုလိုမျိုး Sponsor ဆိုရင် သောင်းဂဏန်းပဲကျမှာပါ။ လူဘယ်နှယောက် Donload ဆွဲသွားလဲဆိုတာကို ပြပေးပါမယ်။ zetazaw@gmail.com ကို အကြောင်းအရာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး email ပို့လိုက်တာနဲ့ အရောက်လာခဲ့ပါမယ်။
Download လုပ်ရန်
1 comment:
Huawei U8860 မှာတော့အဆင်ပြေပါတယ်။
Post a Comment