ကွန်ပျူတာတစ်လုံးရယ်၊
စမတ်ဖုန်းတစ်လုံးရယ် စသည်ဖြင့်
ပိုင်ဆိုင်လာပြီဆိုရင်
ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာကတော့
Data နဲ့ရှုတ်ထွေးကုန်တာပါ။
ကွန်ပျူတာထဲမှာလည်း ဒီဒေတာရှိ။
ဖုန်းထဲမှာလည်းရှိ၊ တကယ်လိုတဲ့
ဒေတာကို ထည့်မယ်ဆိုတော့
ဖုန်းထဲမှာ နေရာမဆံ့တော့ဘူး။
နောက်ထပ် SD
ကဒ်ဝယ်ရမလိုဖြစ်။
ရှိပြီးသား မလိုတဲ့ဒေတာတွေကိုလည်းမဖျက်ချင်။
နောင်တချိန်လိုလာမယ်ဆိုပြီးတော့ နှမျှောတာလည်းပါတာပေါ့။
ဒါဆိုရင်ဖြေရှင်းနည်းမရှိတော့ဘူးလား။
မရှိပါဘူး။ လူ့အလိုနတ်မလိုက်နိုင်မှတော့
လူလောက်နဲ့တော့ဘယ်တတ်နိုင်မလဲ။
အလိုရှိသမျှ ဖြစ်ဖို့ထက်
ဖြစ်ချင်တဲ့စိတ်လျှော့ပြီး
စမ်းမယ်ဆိုတဲ့သူတွေ အတွက်
Cloud Storage
တစ်မျိုးနည်းမိတ်ဆက်ပေးချင်ပါတယ်။
တစ်ချို့သူတွေကတော့ သိပြီးသားပါ။
ဒါပေမယ့် သိပြီးသားလူတွေ
ပြီးအောင်ဖတ်လိုက်ရင်
မသိသေးတဲ့အချက်လေးတွေရလာမှာပါ။
Online ပေါ်မှာ
ဒေတာတွေကို အခမဲ့သိမ်းနိုင်တဲ့
Free Online Services
တွေအများကြီးရှိပါတယ်။
Google Drive, DropBox, Box.net,
SugarSync, Ubuntu One, Huawei Cloud, Apple Cloud အစရှိသဖြင့်
ဖော်ပြမကုန်အောင်ရှိပါတယ်။
အောက်မှာဖော်ပြထားတဲ့အချက်တွေကို
ကြည့်ပြီး မိမိနှစ်သက်ရာ
ရွေးချယ်သုံးစွဲနိုင်ပါတယ်။
အားသာချက်။
အခမဲ့
သုံးစွဲနိုင်ပါတယ်။
အီးမေးလ်အကောင့်တစ်ခုနဲ့
လွတ်လပ်စွာသုံးစွဲခွင့်
ပေးထားပါတယ်။ ဒါပေမယ့်
ဝန်ဆောင်မှုပေးတဲ့ သူပေါ်မူတည်ပြီး
သိမ်းဆည်းနိုင်တဲ့ ပမာဏ
ကွဲပြားမှုရှိပါတယ်။
နောက်ထပ်ရွေးချယ်စရာက Pletform
Independent ဖြစ်မှုပါ။
ဘယ်လိုပစ္စည်းတွေသုံးသုံး
ဝန်ဆောင်မှုပေးနိုင်တာမျိုးကို
သုံးစွဲသင့်ပါတယ်။ နောက်ပြီး
သိမ်းဆည်းနိုင်တဲ့ ပမာဏ
များများပေးတဲ့ သူကို
ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့်
သူနဲ့ပတ်သတ်တဲ့ တခြား
ဝန်ဆောင်မှုတွေကို တော့
ပိုက်ဆံတောင်းပါလိမ့်မယ်။
ဒီလိုမျိုး တစ်ခုနဲ့တစ်ခုကတော့
အားနည်းချက်အားသာချက်လေးတွေမတူညီ
ကြပါဘူး။
ကိုယ်နဲ့အဆင်ပြေသလိုရွေးချယ်သုံးစွဲနိုင်ပါတယ်။
အားနည်းချက်။
အလကားရတယ်။
အလွယ်တကူသုံးနိုင်တယ်။
ဒါပေမယ့် ဘယ်တစ်ခုကို မှ
ယုံကြည်စိတ်ချလို့မရပါဘူး။
သူတို့ကိုယ်သူတို့လုံခြုံရေးမြှင့်တင်နေသမျှ
ကာလပတ်လုံးလုံခြုံနေပေမယ့်
ဒီနေ့ခေတ် Microsoft
Facebook Twitter အစရှိတဲ့
ကုမ္ပဏီကြီးတွေတောင်
ဖောက်ထွင်းခံလိုက်ရတာ ဆိုတော့
ဘာကိုမှယုံကြည်ဖို့မသင့်ပါဘူး။
နောက်တစ်ခုကတော့ မူပိုင်ခွင့်ပါ။
ကျနော်တို့ဆီက ခိုးကူးထားတဲ့
ဆော့ဖ်ဝဲလ်တွေ
သွားသိမ်းမယ်ဆိုမှားသွားပါလိမ့်မယ်။
ပြီးတော့ သူတို့က ကိုယ့်ရဲ့
ဒေတာကို ဖွင့် မကြည့်ပါလို့
ဘယ်လိုပဲပြောပြော
မယုံရပါဘူး။ ခိုးကူးမှန်း
သူတို့ ဖွင့်မကြည့်ဘဲနဲ့တော့
သိစရာအကြောင်းမရှိပါဘူး။
ဒီနေရာမှာတော့
စာရေးသူသုံးနေကျ Cloud
Service ဖြစ်တဲ့
Dropbox ဆိုတဲ့
Service နဲ့မိတ်ဆက်ပေးချင်ပါတယ်။
DropBox ကတော့
လူတိုင်းနီးပါးအသုံးပြုဖူးကြမှာပါ။
ဒါပေမယ့်မသိသေးတဲ့ လူအချို့အတွက်
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ Dropbox
မှာပေးထားတဲ့
ဝန်ဆောင်မှုတွေက အများကြီးပါ။ https://www.dropbox.com မှာလေ့လာနိုင်ပါတယ်။ စာဖတ်သူများအနေဖြင့် နှစ်သက်ရာ ဝန်ဆောင်မှုများကို ရွေးချယ်နိုင်ပါတယ်။ အခက်အခဲရှပါက မေးမြန်းနိုင်ပါတယ်။
နံပါတ်တစ်တစ်ချက်က ဘယ်
Operating System မဆို
သုံးလို့ရတဲ့အချက်ပါ။
ကိုယ့်မှာရှိတဲ့ ပစ္စည်းက
သုံးလေးမျိုး၊ Operating
System ကလည်း
သုံးလေးခုဖြစ်နေလည်း
အဆင်ပြေပါတယ်။ အဆင်မပြေစရာဆိုလို့
အကုန်လုံးမှာ လိုက်တင်ပေးနေရတာလေးတစ်ခုပါ။
ဒါပေမယ့် သူက အဲဒီလိုသုံးတဲ့သူတွေအတွက်
Storage Space ပိုပေးပါတယ်။
ပုံမှန် Dropbox
အကောင့်တစ်ခု
ဖန်တီးလိုက် တာနဲ့ 2GB
ပဲသိမ်းနိုင်ပါတယ်။
ဒါပေမယ့် အခုလို မျိုး Devices
အမျိုးမျိုး
ပေါ်မှာသုံးရင် သူ့ကိုအားပေးတယ်လို့
ယူဆပြီး Storage
Amount ကိုတိုးပေးပါတယ်။
နောက် သူငယ်ချင်းတွေကို
ရှယ်လို့ သူငယ်ချင်းကလည်း
အဲဒါကိုသုံးရင် ထပ်တိုးပေးပါတယ်။
ကျေနပ်စရာကောင်းတဲ့ အချက်က
Android, Windows, Linux,
iDevices တွေအတွက်
အဆင်ပြေပြေသုံးနိုင်မယ့်
Application
လေးတွေထုတ်ပေးထားတာပါ။
ကြိုက်ရာကို ဆွဲချပြီးသုံးနိုင်ပါတယ်။
Dropbox မှာသိမ်းရင် အနည်းဆုံး နှစ်မျိုးခွဲခြားသုံးစွဲနိုင်ပါတယ်။ ကိုယ်ပိုင် ပါစင်နယ် သိမ်းစရာနေရာနဲ့၊ အများကို ရှဲပေးမယ့် နေရာဆိုပြီး ခွဲထားလို့ရပါတယ်။ ဘယ်မှာပဲသိမ်းသိမ်း သိမ်းထားတာလေးတွေကို ပြန်ဒေါင်းဖို့ လင့်လေးတွေပြန်ယူထား လို့ရပါတယ်။ ပြီးတော့ သူငယ်ချင်းတွေကို ပေးတဲ့အခါ သူတို့က ပါစင်နယ်လင့်ကို မှားပြီး ရသွားလည်း ပြဿနာမရှိပါဘူး။ Login ဝင်ဖို့ Password တောင်းမှာပါ။ အများဆိုင်တဲ့နေရာကလင့်ဆိုရင် အသာလေးဒေါင်းလိုက်ရုံပါ။ အဆင့်တွေအများကြီးဖြတ်သန်းစရာမလိုပါဘူး။ 4Share တို့ MediaFire တို့မှာလည်း အဲဒီလိုဝန်ဆောင်မှုမျိုရနိုင်ပါတယ်။ ဒါပေမယ့် Download ပြန်ယူတဲ့အခါ သူတို့ရဲ့ကြော်ငြာတွေနဲ့ ရှုပ်နေတတ်ပါတယ်။ Dropbox မှာတော့ အဲဒီလိုမျိုးတွေမရှိပါဘူး။ ITGuide ကနေ တစ်ခုခုပေးစရာရှိရင်လည်း Dropbox ကနေတင်ပေးတာပါ။
ပါစင်နယ် စတိုမှာသိမ်းတာကတော့ သီချင်းတွေ၊ ပုံတွေ၊ စာတွေ စသဖြင့် သိမ်းချင်ရာသိမ်းနိုင်ပါတယ်။ အဲဒီလိုသိမ်းခြင်းအားဖြင့် လူများကို ဝေငှပေးမှာမဟုတ်ဘူးလို့ သူတို့ကပြောပေမယ့် သူတို့ ဖွင့်ကြည့်ချင်ကြည့်နိုင်တယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ပါစင်နယ်ဆိုပေမယ့် အရမ်းပါစင်နယ်တာတွေ သိမ်းဖို့တော့မသင့်ပါဘူး။
နောက်တစ်ခုက ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အဆင်ပြေပါတယ်။ အကောင့်ပိုင်ရှင်အချင်းချင်း တစ်နေရာတည်းက ကုမ္ပဏီဒေတာကို မျှသုံးလို့ရတာမျိုးပါ။ အီးမေး ကနေတွဲပို့နေစရာမလိုပါဘူး။ တခြားလူတွေလည်း ဝင်ကြည့်လို့မရပါဘူး။ ကိုယ်ခွင့်ပြုထားတဲ့ဝန်ထမ်းအချင်းချင်းကလွဲပြီးတော့ ဘယ်သူမှဝင်လို့မရပါဘူး။ Semi Personal ဆန်တာပေါ့။ ရုံးကလူက ဝန်ထမ်းအားလုံးရှဲထားတဲ့ နေရာမှာ တစ်ခုတင်ပေးလိုက်တာနဲ့ အပြင်ရောက်နေတဲ့သူတွေရဲ့ ဖုန်းတွေမှာ အင်တာနက်ဖွင့်လိုက်ရင် အဲဒီ ဒေတာ အလိုလိုဝင်လာမှာပါ။ အီးမေးပို့၊ ရပြီလားမေး၊ အီးမေးထဲမှာ လိပ်စာအများကြီး ဖြည့်နေစရာမလိုပါဘူး။
နောက်ထပ် Dropbox ရဲ့ကောင်းတဲ့အချက်ကတော့ ကိုယ့် မိုဘိုင်းဖုန်းကနေ တင်လိုက်တဲ့ ဒေတာကို ကိုယ့်တခြားစက်မှာ အွန်လိုင်းမိတာနဲ့ Sync လုပ်ပေးပါတယ်။ နောက်တင်ချင်တဲ့၊ သိမ်းချင်တဲ့ ဒေတာကို အွန်လိုင်းမဖွင့်ပဲ သူနဲ့သက်ဆိုင်ရာ Folder ထဲမှာပစ်ထည့်ပေးထားလိုက်ရင် အွန်လိုင်းဖြစ်တာနဲ့ ဆွဲတင်ပေးပါတယ်။
အားနည်းချက်ကတော့ ကွန်ပျူတာ သို့မဟုတ်မိုဘိုင်းကို ဖွင့်လိုက်တာနဲ့ အင်တာနက်ကွန်နက်ရှင်ကို လိုက်ရှာနေတဲ့ အတွက် Resources တွေကုန်ပါတယ်။ ဒါပေမယ့် အဲဒါလေးတွေကို ပိတ်ထားလို့ရပါတယ်။
Dropbox ဝင်းဒိုးဗာရှင်းတွေနဲ့ Linux ဗားရှင်းတွေကို Download လုပ်ရတာအခက်အခဲမရှိပေမယ့် Android အတွက် PlayStore မရှိတဲ့ မြန်မာနိုင်ငံမှာတော့ apk
ကိုဆွဲချရတာခက်ပါတယ်။
အကယ်၍များ အခက်အခဲရှိရင်
ကွန်းမန့်ကနေ တောင်းယူနိုင်ပါတယ်။
လွယ်ကူစွာ ဒေါင်းနိုင်တဲ့ Dropbox
လင့်ကို ပေးပါ့မယ်။ စာဖတ်သူများ
ပျော်ရွင်နိုင်ကြပါစေ။
တိမ်တိုက်ပေါ်တွင်သိမ်းဆည်းခြင်း
၂ ကို ဆက်လက်အားပေးကြပါဦး။
အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် ဒေတာတွေမျှဝေပြီး တစ်အိမ်လုံးသုံးနိုင်တဲ့
တိမ်တိုက်အတုလေး ဘယ်လိုဖန်တီးပြီး
သုံးမလဲဆိုတာတင်ပြသွားမှာပါ။