ဒီဘလော့ စာမျက်နှာမှာ ဖော်ပြခဲ့တာတွေဟာ သူများတွေဖော်ပြရေးသားလေ့မရှိတာကိုပဲ ဦးစားပေးတင်ပြပါတယ်။ ပြည်တွင်း ဆိုဒ်တော်တော်များများမှာ Android Application APK တွေကို ဒေါင်းဖို့ပေးလေ့ရှိပါတယ်။ သတင်းတွေဆိုရင်လည်း အဲဒီလိုပါပဲ Samsung S4 သတင်းတင်မနေတော့ပါဘူး။ အားလုံးလိုလို တင်နေကြတာ။ နောက်ပြီး သူများဆိုဒ်ကနေ ကူးထားတာမပါဘူး။ ဘာသာပြန်ထားတာတွေပဲပါတယ်။ မူရင်းလိပ်စာတွေလည်းဖော်ပြတယ်။
အခုဒီတစ်ခါတော့ သူများတွေ ဖော်ပြပြီးသားဟုတ်မဟုတ် မသေချာတဲ့ Application လေးတစ်ခုအကြောင်းတင်ပြချင်ပါတယ်။ Game လေးပါ။ ဆော့နေတဲ့သူတော့ ဒီနေ့အထိ မတွေမိဘူး။ ကျနော်ငယ်ငယ်က ဘောလုံးပွဲကြည့်တာထက် ဂိမ်းထဲမှာ ဘောလုံးကစားရတာကြိုက်တယ်။ ကိုယ်ခိုင်းသလို ကန်လို့ပါ။ နည်းနည်းကြာလာတော့ Fifa Manager စဆော့ကြည့်မိတယ်။ မဆိုးဘူး။ ဘောလုံးပွဲကြည့်ရတာထက်ပိုကောင်းနေသေးတယ်။ ကလေးကအစ ကိုရင်အဆုံး ဘောလုံးကန်တဲ့ ဂိမ်းဆော့နေကြချိန်မှာ ကိုယ်က မန်နေဂျာဂိန်းကိုဆော့ပြီးငြိမ်နေမိတယ်။ ဒီဘက် Android ခေတ်ရောက်လာတော့ Football Game တွေခေတ်စားပါတယ်။ ဒါပေမယ့် ဒေတာ ကို Download ယူရတာ အကြာကြီးပဲ။ ဒါနဲ့ Football Game မဆော့ဖြစ်ခဲ့ဘူး။ သူများတွေ Football Game ဆော့နေတာတွေ့တော့ အရင်ရောဂါဟောင်းလေး ပြန်ထလာတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့ တော်တော်ကြာတယ် စိတ်ကြိုက်မတွေ့ဘူး။ စိတ်ကြိုက်တွေ့တဲ့ ဂိမ်းကို စိတ်ကြိုက်ဆော့ကြည့်ပြီးလို့ အခု Version အသစ်တောင်ထွက်လာပြီ။ Version အသစ် လေးကို ဖောက်သယ်ချဖော်ပြမှာဖြစ်ပါတယ်။
ဂိမ်းရဲ့အမည်ကတော့ Football Manager Handheld 2013 v4.0.1 ဖြစ်ပါတယ်။ Football Manager Handheld 2012 ဗားရှင်းမှာတော့ စိတ်ကြိုက်ဆော့ကြည့်ပြီးပါပြီ။ လက်ရှိ 2013 ကိုဆော့ကြည့်နေပါတယ်။
ဂိမ်းနှင့်ပတ်သတ်၍ သုံးသပ်ချက်
ဘောလုံးမန်နေဂျာဂိမ်းဆော့လေ့ရှိသူတွေအတွက် လုံးဝသဘောကျမယ့် ဂိမ်းပါ။ Playstation မှာဆော့နေရသလိုမျိုး Function စုံပါတယ်။ လက်ရှိ ၂၀၁၃ ဘောလုံးလောကထဲက အသင်းတွေအတိုင်း လူဖြည့်ပေးထားပါတယ်။ စိတ်ကြိုက် ကစားကွက်တွေဖော်လို့ရပါတယ်။ ဘောလုံးသမားတွေကို ရာသီအလိုက် အရောင်းအဝယ်လုပ်လို့ရပါတယ်။ Training စိတ်ကြိုက်ဆင်းခိုင်းလို့ရပါတယ်။ ပွဲကန်နေချိန်မှာ လူလဲရုံမက တိုက်စစ်၊ ခံစစ် စတာတွေ ပြင်လို့ရပါတယ်။
မန်နေဂျာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပုံစံနဲ့၊ ရည်မှန်းချက်တစ်ခုကို စိန်ခေါ်ဆော့ကစားတဲ့ ပုံစံနှစ်မျိုး ဆော့လို့ရပါတယ်။
မဆော့တာကြာခဲ့တဲ့ လူတစ်ယောက်အတွက် နည်းနည်းတော့ ခက်ပါတယ်။ ရာသီတစ်ဝက်ကုန်ပြီးရင် ရှုံးပွဲဆက်လာလို့ အခြေအနေမကောင်းရင် အလုပ်ပြုတ်ပါတယ်။ တန်းဆင်းအသင်းတွေမှာ အလုပ်ပြန်လျှောက်ရပါတယ်။ ထူခြားတာက မန်နေဂျာ ပရိုဖိုင်မှာ မြန်မာနိုင်ငံသား မန်နေဂျာအဖြစ်ဆော့လို့ရတာပါ။ လူဝယ်ရတာလည်း ခက်ပါတယ်။ ဘုတ်အဖွဲ့က ငွေချပေးတာလည်း အသင်းပေါ်မူတည်ပြီး အကန့်အသတ်နဲ့ပဲ။ တစ်လတစ်ခါလောက် ဘုတ်အဖွဲ့ရဲ့ မန်နေဂျာအပေါ်သုံးသပ်ချက်ထွက်လာပါတယ်။ ပွဲကိုင်တွယ်တာကောင်းမကောင်း၊ လူဝယ်တာကအစ ပြောတတ်ပါတယ်။ သူတို့မကြိုက်တဲ့ အချက်တွေများပြီး ပွဲရလဒ် တက်မလာဘူးဆိုရင်တော့ အလုပ်ပြုတ်ပါတယ်။ အပြင်မှာ မန်နေဂျာဖြစ်လိုသူများကစားသင့်တယ်လို့ ထင်ပါတယ်။
Application နဲ့ပတ်သတ်လို့ ကောင်းတဲ့အချက်။
Game Data ဖိုင်ကို Download ဆွဲဖို့ကလွဲလို့ အင်တာနက်မလိုပါဘူး။ CDMA800 နဲ့ ဒေါင်းတာ မိနစ်၂၀လောက်ပဲကြာပါတယ်။ ရုပ်ထွက်ကောင်းပါတယ်။ မန်နေဂျာဂိမ်းက ရုပ်ထွက်အရေးမကြီးပေမယ့် ရှင်းလင်းဖို့၊ UI လွယ်ကူဖို့လိုပါတယ်။ စာရေးသူကတော့ ၇လက်မ tablet နဲ့ဆော့တာဖြစ်ပါတယ်။ Sony Xperia P မှာစမ်းကြည့်တော့ ၄လက်မ မျက်နှာပြင်နဲ့မှ ပိုညက်ပြီး အံဝင်နေတယ်လို့ ထင်ရပါတယ်။
Application နဲ့ပတ်သတ်လို့ မကောင်းတဲ့အချက်။
ဖိုင်ဆိုဒ်က မဆိုစလောက်ကြီးနေပါတယ်။ app နဲ့ Data နှစ်ခုပေါင်းရင် ၆၀ မီဂါဘိုဒ် ကျော်သွားပါတယ်။ apk size ကတော့ 23.4MB ဖြစ်ပြီး Data File (no player pic) ကတော့ 39.3MB ဖြစ်ပါတယ်။ ဒါတောင်မှ ကစားသမားပုံပါတဲ့ Data ကိုဆွဲမယ်ဆိုရင် Data နှစ်ဆနီးပါကြီးပါတယ်။ Resources သုံးစွဲမှု မဆိုစလောက်များပါတယ်။ စာရေးသူအနေနဲ့ CPU 800GHz မပါတဲ့၊ Memory 364 အနည်းဆုံး မရှိတဲ့ ဖုန်းတွေမှာဆို လေးသွားပါတယ်။ မဖြစ်မနေဆော့ချင်ရင် ဖုန်းကို Shutdown ချ၊ ပြီး ပြန်ဖွင့်ပြီး သူ့ချည်းသက်သက် ဆော့ရပါတယ်။ Game တွေအများကြီး App တွေအများကြီးသုံးပြီးမှဆိုရင် လေးနေတတ်ပါတယ်။ Tample Run ကောင်းကောင်းဆော့လို့ရတဲ့ ဖုန်းတွေအဆင်ပြေမယ်လို့ ယူဆပါတယ်။
ခြုံပြီးပြောရရင်တော့ ဘောလုံးဝါသနာရှင် မန်နေဂျာဝါသနာပါသူတွေ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်မှုနဲ့ စီမံခန့်ခွဲမှုတွေနဲ့ပတ်သတ်လို့ အတွေ့အကြုံရစေတယ်လို့ ထင်ပါတယ်။ Run ဂိမ်းထက်စာရင် ဦးနှောက်ကို ပိုပြီးအလုပ်ပေးတဲ့ဂိမ်းပါ။ ဂိမ်းဆိုတာထက် လေ့ကျင့်စရာတစ်ခုနဲ့ပိုတူပါတယ်။ ကိုယ့်ဖုန်းက Huawei C8650/ U8650 လောက်ထက်မနိမ့်ဘူး၊ 3G အင်တာနက် လည်းရှိရင်တော့ နာရီဝက်လောက်အချိန်ပေးပြီး Download ဆွဲရတာ တန်ပါတယ်။ တစ်ကယ်တော့ ဒီဂိမ်းဟာ PlayStore မှာ US$9.99 နဲ့ရောင်းတဲ့ ဂိမ်းပါ။ ဆော့ချင်လွန်းလို့သာ Crack Version ကိုယူလိုက်ရတာ စိတ်မကောင်းပါဘူး။ (ဝယ်လို့မှမရတာ)။
မှတ်ချက် ။ ။အောက်ပါရည်ညွှန်း ဘလော့တွင် Download ယူနိုင်ပါသည်။ APK ကိုဒေါင်းပြီးရင် Data ကိုမဒေါင်းဘဲနဲ့ Game ကိုဖွင့်ပြီး Download လုပ်တာပိုမြန်ပါသည်။ အကယ်၍ ကွန်ပျူတာသုံးပြီး Download ယူပါက Data File (fmh2013_data ဆိုတဲ့ Folder) လေးကို ဖုန်းရဲ့ မူရင်း SD Card အောက်မှာ ထားပြီး FMH2013 ကိုဖွင့်ပါက အဆင်ပြေပါသည်။ မရှင်းလင်းသည်များကို Comment သို့မဟုတ် Email ဖြင့် zetazaw@gamil.com သို့မေးနိုင်ပါသည်။
ရည်ညွှန်း ။ ။http://androlod.blogspot.com/2012/12/football-manager-handheld-2013-v401.html
Sunday, April 28, 2013
Saturday, April 27, 2013
NASA က Android ဖုန်းတစ်လုံးကို Nano Satellite အဖြစ် လွှတ်တင်
NASA ကတော့ စမတ်ဖုန်းတစ်လုံးကို အာကသထဲ လွတ်တင်လိုက်ပါတယ်။ ကုန်ကျစားရိတ်သက်သာတဲ့ ဂြိုလ်တုတွေ ဖြစ်ပေါ်လာဖို့ စမ်းသပ်တာပါ။ ဖုန်းကတော့ Android စနစ်သုံး Google ရဲ့ HTC Nexus Ones ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ က Orbital Science Corp. ပိုင်တဲ့ Antares rocket ထဲမှာ ဗာဂျီးနီးယားပြည်နယ်ကနေ လွှတ်တင်လိုက်တာပါ။ လေးလက်မအရွယ်ရှိတဲ့ သတ္တု ဗူးလေးနဲ့ ဘက္ကထရီ အပိုကိုလည်း တစ်ပါတည်းတပ်ဆင်ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။ အာကသထဲကနေ အချက်အလက်တွေကို ကောင်းမွန်စွာပေးပို့နိုင်အောင်ပါ။
ဒီစမ်းသပ်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဂြိုလ်တုအသေးလေးတွေနဲ့ စမတ်ဖုန်းတွေကိုပေါင်းပြီး ဈေးကြီးတဲ့ ဂြိုလ်တုတွေအစား တစ်ရက်လောက် လုပ်ဆောင်ပေးနိုင်မလားလို့ ရည်ရွယ်ပါတယ်။ (ဆိုလိုတာက နှစ်ပေါင်းများစွာလွှတ်တင်ထားတဲ့ ဂြိုလ်တုတွေရဲ့နေရာမှာ စမတ်ဖုန်းတွေတပ်ဆင်ထားတဲ့ ဂြိုလ်တုအသေးတွေနဲ့ ကာလတိုလုပ်ဆောင်နိုင်မလားလို့ စမ်းသပ်ခြင်းဖြစ်ပါတယ်။ အကယ်၍များ အောင်မြင်ခဲ့ရင်တော့ သာမာန်လေ့လာသူတစ်ယောက်တောင် ကိုယ်ပိုင်ဂြိုလ်တုလေးတစ်လုံးကို တစ်ပတ်လောက်ဖြစ်ဖြစ် အာကာသထဲလွှတ်တင်ထားနိုင်ပါလိမ့်မယ်။ -ဘာသာပြန်သူ)
"ဒါ အာကာသပတ်လမ်းထဲကို ရောက်ရှိစေတဲ့ တစ်ကယ့်ကို ကြီးကျယ်တဲ့ အာကာသ နည်းပညာ စမ်းသပ်မှုတစ်ခုပါ။ အာကသနည်းပညာအသစ်တွေ ပေါ်ထွက်လာဖို့ ရှေဆောင်စမ်းသပ်မှုတစ်ခုလည်းဖြစ်ပါတယ်" လို့ နာဆာမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ မိုက်ကယ်ဂဇ်ရစ်က ဆိုပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ လုပ်ဆောင်နိုင်စွမ်းတွေများပြားတဲ့အပြင် အာကာသထဲ ကောင်းမွန်စွာ လိုက်ပါပျံသန်းဖို့ကို သေးငယ်ပါတယ်။ ကုန်ကျစရိတ်လည်းနည်းပါတယ်။ ကမ္ဘာမြေသိပ္ပံ၊ ဆက်သွယ်ရေး၊ လေထုထဲကအချက်အလက်အတွေ အတွက်ပါ သင်တော်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ အာကာသနဲ့ပတ်သတ်တဲ့ စီးပွားရေး၊ ပညာရေးနဲ့ အာကာသလေ့လာသူ ပြည်သူတွေအတွက် လမ်းသစ်ဖွင့်ပေးလိုက်သလိုပါပဲ လို့ အဆိုပါပုဂ္ဂိုလ်က ထပ်မံဆိုပါတယ်။
နာနိုဂြိုလ်တုလးတွေဟာ ကမ္ဘာအထက် တစ်ရာ့ငါးဆယ်မိုင်ကနေ ပတ်ပြီး နောက်ထပ် တစ်ပတ်ခွဲကြာတဲ့အခါ လေထုထဲမှာလောင်ကျွမ်းပြီး ပြန်လည်ဆင်းသက်လာမှာပါ။ Android စမတ်ဖုန်းတွေကတော့ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပေါ်မူတည်ပြီး အာကာသဓါတ်ပုံတွေရိုက်ယူ၊ သတင်းအချက်အလက်တွေရယူ (ဥပမာ အပူချိန် -ဘာသာပြန်သူ) ကြမှာပါ။ ကမ္ဘာမှာရှိတဲ့ အာကာသဆက်သွယ်ရေးစခန်းတွေကနေ စမတ်ဖုန်းတွေ ပေးပို့လိုက်တဲ့ အချက်အလက်တွေကို ရယူပြီ ကောင်းမွန်စွာလုပ်ဆောင်နိုင်စွမ်းရှိမရှိကို နာဆာမှ သိရှိရမှာပါ။ ကာလီဖိုးနီးယားမှာရှိတဲ့ Ames Research Center က PhoneSat အဖွဲ့ကတော့ ဂြိုလ်တုငယ်လေးတွေ ကမ္ဘာမြေပေါ် ပြန်ကျလာတဲ့အထိ ဆက်လက်စောင့်ကြည့် ထိန်းချုပ်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အတွေ့အကြုံရှိ ရေဒီယို အော်ပရေတာပေါင်း နှစ်ရာကျော်က ဂြိုလ်တုသေးလေးတွေကနေ ပို့လွှတ်နေတဲ့ အချက်အလက်တွေကို ကမ္ဘာကနေပြီး ဖမ်းယူစောင့်ကြည့်နေကြပါတယ်။ ဒေါ်လာ သုံးထောင့်ငါးရာကနေ ခုနှစ်ထောင်ကြားကုန်ကျတဲ့ ဒီဂြိုလ်တုငယ်လေးသုံးခုအတွက် နာဆာမှ အင်ဂျင်နီယာတွေက အကုန်အကျခံစောင့်ကြည့်နေကြပါတယ်။
ပုံရိပ်ဖမ်းယူမှုအားကောင်းတဲ့ ကင်မရာ၊ GPS စနစ်၊ ရေဒီယိုဆက်သွယ်မှုစနစ်၊ မြန်ဆန်တဲ့ CPU၊ အမျိုးမျိုးသော Sensor၊ ကောင်းမွန်တဲ့ (မိုဘိုင်း) ထိန်းချုပ်မောင်းနှင်စနစ် အစရှိတဲ့ နာဆာအနေနဲ့ ဂြိုလ်တုတစ်လုံးမှာလိုအပ်နေတဲ့ အစိတ်အပိုင်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဒီနေ့ခေတ် Androidမိုဘိုင်းဖုန်းတွေက ဆောင်ရွက်ပေးမလားဆိုတာ နောက်တစ်ပတ်ကျော်ရင်သိရမှာပါ။(ဘာသာပြန်သူ)

Wednesday, April 17, 2013
GPS ပါဝင်တဲ့ လမ်းလျှောက်တုတ်
လစ်သူယေးနီးယန်းလူမျိုး ဒီဇိုင်နာ Egle Ugintaite ဒီဇိုင်းချထွင်ထားတဲ့ GPS လမ်းလျှောက်တုတ်ကို ဂျပန်ကုမ္ပဏီ Fujitsu ကစတင် ဖန်တီးနေပါပြီ။ လမ်းပျောက်သွားတတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။ လူကြီးတွေအနေနဲ့ လမ်းလျှောက်ထွက်ရင်း မတော်တဆမှုဖြစ်ပွားပါကလည်း အချက်ပေးနိုင်တဲ့ စနစ်တွေပါဝင်ပါသေးတယ်။ ရုတ်တရက်ဖြစ်ပွားတတ်တဲ့ နှလုံးရောဂါလိုအခြေအနေမျိုးကိုလည်း သတိပေးပြီး အရေးပေါ်ကုသရေးနေရာရောက်အောင် လမ်းညွှန်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး၊ လမ်းလျှောက်တဲ့နေရာမှာလည်း လမ်းလျှောက်တုတ်ပီသစွာ ခြေလှမ်းမှန်မှန်လျှောက်နိုင်အောင်ကူညီပေးပါဦးမယ်။
မှတ်သားနိုင်စွမ်းလျော့နည်းလာတဲ့ လူကြီးများအဖို့ သူတို့ရဲ့ အာရုံကြောတွေကဒုက္ခပေးတဲ့အခါ ဘယ်ပြန်ရမှန်းမမှတ်မိတော့တဲ့အခါ တုတ်ချောင်းကို ကြည့်ပြီးသွားနိုင်ပါလိမ့်မယ်။ အဲဒီတုတ်ချောင်းလေးမှာ GPS, Wifi တင်မက 3G အင်တာနက်ပါဝင်ပါသေးတယ်။ သက်ဆိုင်ရာမိသားစုကို Web ကနေ အကြောင်းကြားပေးနိုင်သလို ပြဿနာတစ်စုံတစ်ရာအတွက်လည်း အနီးစပ်ဆုံး နေရာမှာရှိနေတဲ့ မိသားစုဝင်တွေက ဘယ်လိုက်ဖြေရှင်းရမလည်းဆိုတာကို တစ်ခါတည်းသိစေနိုင်ပါတယ်။
LED လမ်းညွှန် မျက်နှာပြင်ပါဝင်တဲ့ လမ်းလျှောက်တုတ်ကောက်လေးက မြှားလေးနဲ့ လမ်းညွှန်ရုံမကပါဘူး၊ ကွေဖို့လိုအပ်ရင်လည်း တုန်ခါမှုနဲ့ အချက်ပြပေးပါဦးမယ်။ တုတ်ကောက်ကို အသုံးပြုနေတဲ့ လူကြီးရဲ့တည်နေရာကို ချိတ်ဆက်ထားတဲ့ အိမ်က (မိသားစုဝင်ရဲ့) ကွန်ပျူတာမှာ အဆက်မပြတ်ဖော်ပြနေမှာပါ။ တုတ်ကောက်လေးနဲ့ သူ့ပိုင်ရှင် ရုတ်တရက်လဲပြိုသွားမယ်ဆိုတာနဲ့ ကွန်ပျူတာမှာ Alarm မြည်ပြီး အချက်ပြပေးမှာဖြစ်ပါတယ်။ Smart နီးပါဖြစ်လာတဲ့ တုတ်ကောက်လေးရဲ့ ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။
ကျန်းမာရေး ချူချာတဲ့လူကြီးတွေအတွက် သင့်တော်တဲ့ ပစ္စည်းလေးဖြစ်လို့ ကြိုတင် တင်ပြလိုက်ရပါတယ်။
ရည်ညွန်း။ ။http://gajitz.com/stick-it-to-immobility-gps-cane-keeps-users-safe-healthy/
Friday, April 5, 2013
စင်္ကာပူမှာတော့ Near Field Communication နည်းပညာနဲ့ ရုပ်ရှင်ရုံဝင်လို့ရပြီ
စင်္ကာပူ မိုဘိုင်း အော်ပရေတာ StarHub က သူ့မိုဘိုင်းလိုင်းအသုံးပြုသူတွေအတွက် SmartWallet ဝန်ဆောင်မှုကို ရုပ်ရှင်ရုံဝင်ခွင့်လက်မှတ်နဲ့ စတင်လိုက်ပါတယ်။
NFC နည်းပညာကို အသုံးပြုထားတဲ့ Smart Wallet ဝန်ဆောင်မှုကို အသုံးပြုသူတွေ နည်းပါးနေတဲ့အတွက် NFC နည်းပညာကို လျှင်မြန်စွာ အသုံးချလာနိုင်ကြဖို့ ဒီလိုစတင်လိုက်တာပါ။ SmartWallet ဆိုတာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်းနဲ့ စတိုးဆိုင်တွေမှာ တို့ထိငွေရှင်းနိုင်ဖို့ ဝန်ဆောင်မှုပေးထားပါတယ်။ Credit Card အစားထိုး သုံးလာဖို့ပါ။
StarHub ကတော့ သူ့ရဲ့ ကိုယ်ပိုင် စာရင်းတစ်ခုနဲ့ ကမ္ဘာ့ပထမဆုံး NFC နည်းပညာအသုံးပြု ရုပ်ရှင်လက်မှတ် ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုကို Shaw Theaters တွေမှာ စတင်လိုက်ပါပြီ။
အေပယ်လဆန်း ၆ရက်နေ့ကစလို့ လက်မှတ်ရုံတွေမှာ Smart Wallet ပါဝင်တဲ့ ဖုန်းနဲ့ တို့ထိလိုက်တာနဲ့ စက်ကအလိုအလျှောက်ငွေယူပြီး ရုံဝင်လက်မှတ်ထုတ်ပေးမှာပါ။ NFC နည်းပညာပါတဲ့ စမတ်ဖုန်း၊ SmartWallet နဲ့ နောက်ဆုံးထွက် Application ပါဝင်တဲ့ ဖုန်းပိုင်ရှင်တွေပဲ ဒီဝန်ဆောင်မှုကို ရရှိမှာပါ။
StarHub ကတော့ ဆမ်ဆောင်းနဲ့ပူးပေါင်းပြီး NFC-equipped Galaxy Express ဖုန်းမှာသူ့ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးမှာပါ။ 4G LTE နဲ့ NFC ပါဝင်တဲ့ ဈေးပေါတဲ့ Samsung Smart Phone တစ်လုံးဖြစ်ပါတယ်။ Android 4.1 ကို dual-core 1.2GHz processor ပေါ်မှာ အသုံးပြုထားတဲဖုန်းဖြစ်ပြီး 4.5-inch screen ပေါ်မှာ resolution 800x480 pixels ပြသနိုင်ပါတယ်။ ကင်မရာကတော့ 5-megapixel camera ပဲပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာရင်တော့ NFC SmartWallet ကိုအသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ ဈေးနှုန်းကလည်း ပေါဖို့ သိပ်မလွယ်ပါဘူး။
NFC ပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ အခြားလျှပ်စစ် ပစ္စည်းတွေ တိုးတက်သုံးစွဲလာကြခြင်းကို ဒီကိစ္စက အများကြီး အထောက်အကူပြုတယ်လို့ သိရပါတယ်။ တခြားနည်းပညာသုံးတဲ့ သူတွေကလည်း ဒီ NFC ကိုတွင်တွင်ကျယ်ကျယ်သုံးလာမယ်လို့ ယူဆလို့ရပါတယ်။ ၂၀၁၃ မှာ NFC ပါဝင်တဲ့ မိုဘိုင်းဖုန်း 285 သန်း ထုတ်လုပ်လာဖွယ်ရှိပါတယ်။ နောက်နှစ်တွေမှာလည်း NFC ပါဝင်တဲ့ ပစ္စည်းတွေဟာ သန်းငါးရာလောက်ဖြစ်လာဖွယ်ရှိတယ်လို့ ABI Research ရဲ့တင်ပြချက်အရ ခန့်မှန်းထားကြပါတယ်။
ရည်ညွှန်း။ ။http://www.itnews.com/mobile-applications/58409/singaporeans-can-go-movies-nfc
တိမ်တိုက်ပေါ်တွင် သိမ်းဆည်းခြင်း (၂)
ဒီတစ်ခါတင်ပြမယ့် တိမ်တိုက်ကတော့ အစစ်မဟုတ်တော့ပါဘူး။ အတုပါ။ အင်တာနက်ချိတ်ဆက်ဖို့လည်း မလိုပါဘူး။ ဒါပေမယ့် အခမဲ့တော့ မရဘူး။ သူငယ်ချင်းတွေနဲ့ share လုပ်လို့မရဘူး။ ခြံနဲ့၊ မိသားစုများတဲ့ သူတွေအတွက်တော့ အဆင်အပြေဆုံးဖြစ်မယ့်နည်းလမ်းပါ။ ဒါပေမယ့် it လောကထဲကလူတွေအဖို့ကတော့ နှစ်ယောက်လောက်ရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။ တချို့ကတော့ သိပြီးသားဖြစ်မှာပါ။ ကုန်ကျစားရိတ်အနည်းအများကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ Dropbox မှာပေးထားတဲ့ အခမဲ့လောက်ကတော့ ငွေတစ်သိန်းမပြည့်ပါဘူး။ ငါးသောင်းဝန်းကျင်နဲ့ ဖြစ်အောင်ဖန်တီးလည်းရပါတယ်။ နှစ်နည်းရှိပါတယ်။
၁။ အရှေ့လက Post မှာတင်ပြခဲ့ဖူးတဲ့ Wi-Drive လိုမျိုး Wireless Storage တစ်ခုကို သုံးလိုက်ရင် ကိစ္စပြီးပါတယ်။ အိမ်မှာ Share ချင်တာမကလို့ သူငယ်ချင်းတွေဆီအထိ ထွက်Share လို့ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကကြီးတယ်။ LAN ပဲရတဲ့ Desktop တွေဆိုရင် wireless adapter လိုပြန်ရော။ တစ်သောင်းခွဲလောက် ထပ်လိုက်ရမှာပေါ့။ ဒါပေမယ့် စိတ်ချမ်းသာစရာကောင်းလောက်အောင် Configure မခက်ဘူး။ Easy to run ပေါ့။
၂။ ဒီနည်းကတော့ နည်းနည်း အလုပ်ရှုပ်တယ်။ ပထမဆုံး ပုံမှာပြထားသလို USB Port ပါတဲ့ Router တစ်လုံးလိုတယ်။ အခုနမူနာပြထားတာကတော့ TP-Link နောက်ဆုံးထွက် USB 2 Port ပါတဲ့ Router ပါ။ ခြောက်သောင်းကျော်မယ်။ USB 1 Port ပဲပါတဲ့ အမျိုးအစားကတော့ လေးသောင်းကျော်၊ ငါးသောင်းလောက်ပဲရှိမယ်။ ပြီးတော့ ကိုယ်လိုတဲ့ Storage ပမာဏကို ဖြည့်ပေးမယ့် external HDD ဒါမှမဟုတ် Memory Stick တစ်ခု လိုအပ်ပါတယ်။ external HDD ဆိုရင် 2.5 တွေကတော့ Power ပြဿနာတစ်ခုရှိပါတယ်။ External HDD က USB 2.0 ပဲဖြစ်ဖြစ် 3.0 ပဲဖြစ်ဖြစ်၊ router ကနေ power လုံလောက်အောင် မပေးနိုင်ပါဘူး။ Power Adaptor ထိုးလို့ရတဲ့ အမျိုးအစားဆိုရင်တော့ အဆင်ပြေပါတယ်။ စာရေးသူလက်ရှိသုံးနေတဲ့ ပုံစံဖြစ်ပါတယ်။ Router က USB တစ်ပေါက်ပဲပါတော့ Power ကသတ်သတ်ထပ်ပေးမှ HDD ကအလုပ်လုပ်တယ်။
အသုံးပြုပုံ
သုံးရတာကတော့ ရှင်းပါတယ်။ Router ကို network ချိတ်။ ကြိုး၊ ကြိုးမဲ့ ကြိုက်တာသုံးလို့ရသွားပါပြီ။ အိမ်မှာ ADSL တို့ Wi-Max လိုမျိုး အင်တာနက်ရှိတဲ့သူတွေကတော့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တာပေါ့။ အင်တာနက်လည်းခွဲသုံးလို့ရမယ်။ Share Point Storage တစ်ခုလည်းရမယ်။ Model မြင့်တဲ့ Router ဆိုရင် Printer ကိုပါ Support လုပ်ပါတယ်။ Printer ကိုချိတ်ထားတဲ့ Computer ကိုဖွင့်စရာမလိုတော့ဘူးပေါ့။ Router နဲ့ပဲ Storage အတွက်ကိုလည်း Share လုပ်ထားတဲ့ ကွန်ပျူတာကို ဖွင့်စရာမလိုတော့ဘူး။ Router နဲ့ ချိတ်ထားတဲ့ Storage Device ကိုပဲ ip address ရိုက်လိုက်တာနဲ့ သွားသိမ်းထား လို့ရတော့ အဆင်ပြေတယ်လေ။ Router ပိတ်တဲ့အခါ Router Config ထဲဝင်ပြီး storage device ကို Safety Remove လုပ်ဖို့တော့မမေ့သင့်ပါ။
အကျိုးကျေးဇူးက မီတာခသက်သာမယ်။ boot time မြန်တယ်။ ကိုယ်ပိုင် user account တွေနဲ့ လည်း Share လုပ်လို့ရတယ်။ User တစ်ယောက်ထက်မက ပေးလို့ရတယ်။ Dropbox ကိုသုံးနေရတဲ့အတိုင်းပဲ။
ပြဿနာကတော့ အကုန်အကျများတာပဲ။ USB 1 Port နဲ့ 16GB USB လေးနဲ့ဆိုရင်တောင် ခြောက်သောင်းလောက်ကျသွားမှာ။ မော်ဒယ်လ်မြင့်နဲ့ External HDD ဆိုရင် သိန်းကျော်သွားပြီ။ 1TB Ex HDD ဈေးကလည်းသိတယ်မဟုတ်လား။ သူချည်းတင် တစ်သိန်းဝန်းကျင်မှာ။
Android User တွေအတွက်တော့ ES File Explorer လိုမျိုး network Support လုပ်တဲ့ Network File Manager တစ်မျိုးမျိုးလိုအပ်ပါတယ်။ Phone ကို Router နဲ့ချိတ်လို့ပြီးတာနဲ့ ES ကိုဖွင့် network screen ဘက်ကို ပွတ်ဆွဲ (Slide) လုပ်လိုက်။ ပြီးရင် မှန်ဘီလူးပုံနဲ့ Search လုပ်လိုက်ရင် Router ရဲ့ IP ကျလာပါလိမ့်မယ်။ ဖွင့်ကြည့်လိုက်ရင် ကိုယ်တပ်ထားတဲ့ Storage Device ကိုမြင်ရမှာပါ။
အဆင်မပြေတာရှိလျှင် E-Mail ပို့မေးမြန်းနိုင်ပါတယ်။

Subscribe to:
Posts (Atom)