Android User တွေအတွက် Application သွင်းတဲ့ကိစ္စက ကိုယ်တိုင်လုပ် ကိုင်နိုင်အောင် လွယ်ကူတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့် Application သွင်းတဲ့အခါ ဘာတွေကို ကြည့်သင့်သလဲဆိုတာ အားလုံးသိချင်မှသိမှာပါ။ Windows မှာ install လုပ်သလို Next Next Yes Yes စသဖြင့် နှိပ်ခဲ့တဲ့ အကျင့်ပါခဲ့တဲ့ အတွက် Android မှာလည်း သတိပေးစာမျက်နှာလေး Permissions List ကိုကျော်လာခဲ့ကြမှာပါ။ ပုံမှန်အတိုင်းဆို အန္တာရာယ်မရှိပေမယ့် Spyware ဆန်တဲ့ Application မျိုးဆိုရင်တော့ ကိုယ့်အချက်အလက်တွေကို အင်တာနက်ပွင့်တာနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ Server ဆီကို ပို့ပေးတဲ့အလုပ်ကို လုပ်တော့မှာပါ။ လက်ရှိမှာ Online Banking မထွန်းကားသေးတဲ့အတွက် ပြဿနာမရှိသေးပေမယ့် ကိုယ့်ရဲ့ အင်တာနက်ကွန်နက်ရှင်ကို လေးသွားစေပါတယ်။ နောက်ပြီး သူကနောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် Hardware Resources ကိုသုံးပါသေးတယ်။ ကိုယ်ကတော့ မသိဘဲ ခွင့်ပြုလိုက်မိခဲ့တာပါ။
နောက်ထပ်တစ်မျိုးကတော့ Ad-ware ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ Home Screen ပေါ်မှာ Search Shortcut တစ်ခုရောက်နေတာကို ကြုံဖူးကြမှာပါ။ သူနဲ့ချိတ်ဆက်ထားတဲ့ ကြော်ငြာကုမ္ပဏီအတွက် အလုပ်လုပ်ပေးတာပါ။ ဒီကိစ္စကတော့ အခမဲ့ Application & Game တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီလိုအချက်တွေကို ရှောင်ဖို့ Install ခလုပ်မနှိပ်ခင်မှာ Permissions List ဆိုတာလေးကို သေချာဖတ်သင့်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက တော်တော်လေးကို ရှုတ်ထွေးတဲ့ကိစ္စတစ်ခုပါ။ Offline သုံးလို့ရတဲ့ Application တစ်ခုက Network Permissions တွေကို တောင်းထားတာ စိတ်ပူစရာအချက်ဖြစ်ပေမယ့် တစ်ခါတစ်လေ Developer အတွက် လိုအပ်တာလေးတွေအတွက် ပေးရပြန်ပါတယ်။ ဝေခွဲရခက်တဲ့ ကိစ္စမျိုးပါ။ SMS ပို့ပေးတဲ့ Application တစ်ခုအတွက် read SMS messages Permissions ဒါမှမဟုတ် network read permissions တောင်းတတ်ပါတယ်။ ဒါကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် Caller ID ဆော့ဖ်ဝဲလ် တစ်ခုက ead phone state and identity လို့ဆိုလာရင်တော့ နည်းနည်းစဉ်းစားသင့်နေပါပြီ။ မိမိဖုန်းရဲ့အခြေအနေကို ဖတ်ပြီး သူကဘာလုပ်မှာလဲပေါ့။
ပိုဆိုးတာတစ်ခုက Root တောင်းတဲ့ apk တွေပါ။ Root အဆင့်ကို မလိုအပ်ပဲ Super User Application မှာပေါ်လာရင်တော့ Allow နဲ့ Deny တစ်ခုခုလုပ်ရပါတော့မယ်။ Root permission တစ်ခုဟာ အသေရေးထားတဲ့ ဖုန်းရဲ့ OS ထဲအထိ ဝင်ရောက် ပြုပြင်နိုင်စွမ်းရှိသွားပါတယ်။ ကိုယ့်အချက်အလက်တွေကို Fectory Reset ချလိုက်လည်း သူကဆက်လုပ်လို့ ရနေတာမျိုးပါ။
ကောင်းတဲ့အကျင့်တစ်ခုက သူများပေးတဲ့ apk လေးတွေကို ကိုယ့်ဖုန်းထဲမှာ ချက်ချင်းမထည့်ဘဲ Google Play လို Market တွေမှာရှိမရှိ၊ ရှိရင် ဘာတွေတောင်းတယ်၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လေ့လာပြီးမှ သွင်းသင့်ပါတယ်။ Play Store ထဲက Apk တွေက Download လုပ်လို့မရပေမယ့် အချက်အလက်တွေကိုတော့ ဖတ်လို့ရပါတယ်။ တစ်ခုစိတ်ချဖို့ကောင်းတာက Play Store မှာတင်ထားတဲ့ Apk တွေကို Googleက စစ်ဆေးပေးထားတဲ့ အတွက်အတော်လေး စိတ်ချရပါတယ်။ နောက်ပြီး အလကားပဲတင်း apk တွေကို play stoe မှာတင်လို့မရပါဘူး။ ဒီအတွက် တော်ရုံလူကလည်း မဟုတ်တာ မလုပ်ရဲဘူးပေါ့။ ဒါပေမယ့် အပြင်က Black market တွေမှာတော့ အခမဲ့တင်လို့ရတဲ့အပြင် စစ်ဆေးမှုတွေလည်း မလုပ်ကြပါဘူး။ သူတို့ Page တွေမှာ user တက်ဖို့ပဲ အဓိကထားတဲ့ အတွက် ဒီလိုဝန်ဆောင်မှုမျိုးတွေကိုမပေးကြပါဘူး။ နောက်ပြီး တချို့apk တွေက Crack လုပ်ထားတာဆိုတော့ မူရင်းမှာ မဟုတ်တာတွေမပါပေမယ့် crack လုပ်လိုက်တဲ့သူထည့်ပေးလိုက်ရင် ပါလာနိုင်ပါတယ်။ ဒီကိစ္စကတော့ လောလောဆယ်မှာ အန္တာရာယ်မရှိတဲ့ အတွက်မမြင်သာပါဘူး။ အနာဂတ်အတွက် ကြိုတင်သတိထားနိုင်အောင် တင်ပြလိုက်ရပါတယ်။
http://developer.android.com/guide/topics/security/permissions.html
ဒီမှာတော့ Developer တွေ Permission ဘာအတွက် တောင်းရတာကို ရှင်းပြထားပါတယ်။
http://androidforums.com/android-applications/36936-android-permissions-explained-security-tips-avoiding-malware.html
ဒီလင့်လေးမှာတော့ Android တွေကို ဦးတည်နေတဲ့ virus, malware, spyware စတာတွေ အကြောင်းနဲ့ ရှောင်ရှားပုံကို ဖော်ပြထားပါတယ်။ စိတ်ဝင်စားသူများ ဆက်လက်လေ့လာကြပါ လို့အကြံပြုပါရစေ။
Thursday, March 21, 2013
Friday, March 15, 2013
မိုဘိုင်း အင်တာနက်ကို အချိန်နဲ့ အလိုအလျှောက်ပိတ်ပေးမယ့် 3Gtimer for Android
အသုံးဝင်ပုံ
တကယ်တော့ ဒီ Software လေးကို ရေးဖြစ်တာက Mobile 3G ကွန်နက်ရှင်နဲ့ လိုအပ်တာလေးတွေကို Download ဆွဲဖို့ကြိုးစားရင်းနဲ့ ဒီလိုလုပ်ဖို့ အကြံရလိုက်တာပါ။ အဓိက မိုဘိုင်းဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး သုံးတဲ့ သူတွေ၊ Download ဆွဲသူတွေအတွက် ပိုပြီး အသုံးဝင်မှာပါ။ အချိန်မှတ်ပေးပြီး အိပ်လိုက်လို့ရတယ်။ ညဘက် Download လုပ်တဲ့သူတွေအတွက် အိပ်ရေးမပျက်တော့ဘူးပေါ။ ကွန်နက်ရှင်သေချာရင် Remain Time နဲ့ Timer ပေးလိုက်ရုံပဲ။ နောက်ပြီး မေ့တတ်တဲ့သူတွေပါ။ အင်တာနက်ကို ဖွင့်ပြီး ပြန်ပိတ်ဖို့ မေ့တတ်တဲ့ သူတွေအတွက် ကိုယ်သုံးမယ့် ကြာချိန်လေး ရိုက်ထည့်လိုက်တာနဲ့အချိန်တန်ရင် သူ့အလိုလို ပိတ်ပေးမှာပါ။ နောက်ပြီးတော့ Bill ကိုချိန်ပြီး အင်တာနက်သုံးနေရတဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။ မဖြစ်မနေ Facebook လေးငါးမိနစ်လောက်ပဲကြည့်မယ်ကွာ ဆိုပြီး တစ်နာရီလောက်သုံးမိသွားတဲ့ သူတွေလည်း ငါးမိနစ်ပြည့်တာနဲ့ အင်တာနက်ပိတ်ပြီး သတိပေးမှာပါ။
အသုံးပြုပုံ
အောက်ဆုံးမှာ ပုံလေးနဲ့ အတူပြထားတဲ့ link လေးမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Android ဖုန်းထဲကနေ တိုက်ရိုက်ဒေါင်းလည်းရပါတယ်။ ပြီးရင်တော့ ဖုန်းထဲထည့် ပြီး install လုပ်ပါ။ Phone Setting ထဲမှာ Unknown Source ဆိုတာလေးကို အမှန်ခြစ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ Application ဖွင့်လိုက်ရင် User အတွက် အချိန်ဖြည့်တဲ့ အကွက်လေးနဲ့ စမှတ် ခလုပ်လေးပဲပါဝင်ပါတယ်။ နှစ်သက်သလို ကိုယ်သုံးမယ့်အချိန်ကို ရိုက်ထည့်လိုက်ပါ။ မိနစ်ပဲရိုက်ရမှာပါ။ ဆိုလိုတာက တစ်နာရီသုံးချင်ရင် 60 လို့ရိုက်ပေးရမှာပါ။ ပြီးရင် Start ခလုပ်လေးကို နှိပ်လိုက်ရင် 3G အလိုလို ပွင့်သွားပါလိမ့်မယ့်။ ခလုပ်လေးကတော့ Restart ဆိုတာဖြစ်သွားပါလိမ့်မယ်။ အချိန်ပြည့်သွားလို့ ပြန်စချင်ရင်လည်း အဲဒါလေးကို နှိပ်လိုက်ရင် အချိန်ဖြည့်တဲ့အကွက်လေး လင်းလာပါလိမ့်မယ်။ အချိန်ဖြည့်ပြီး စလိုက်တာနဲ့ Notification လေးတစ်ခုလည်း ပြပါလိမ့်မယ်။ အင်တာနက်ပွင့်သွားပါပြီ။
ကိုယ်သုံးမယ့် Browser, Facebook စတဲ့ Application တွေဆီကို သွားဖို့ ဆိုရင် ဖုန်းရဲ့ Home Button ကိုနှိပ်လိုက် ရင် Home Screen ရောက်သွားပါလိမ့်မယ်။ ကြိုက်ရာကို သုံးလို့ရပါတယ်။ အချိန်မပြည့်ခင် ပြန်ထွက်ချင်ရင် Application ကိုလိုက်ရှာပြီး နှိပ်ချင်နှိပ်၊ ဒါမှမဟုတ် Notification ဘားတန်းလေဆွဲချပြီး 3Gtimer လေးကို နှိပ်လိုက်ရင် Application Screen ကိုပြန်ရောက်သွားပါလိမ့်မယ်။ Restart ဆိုတဲ့စာပြောင်းသွားတဲ့ ခလုပ်လေးကို နှိပ်လိုက်ရင် လက်ရှိ အချိန်မှတ်ထားတာလေးကို ဖျက်ပြစ်ပြီး အင်တာနက်ကိုပိတ်ပေးတဲ့အပြင် အချိန်အသစ်ဖြည့်ဖို့ စောင့်နေမှာပါ။ ဒါမှမဟုတ် Application ကို အပြီး ပိတ်ချင်တယ် ဆိုရင်တော့ Phone ရဲ့ Back ခလုပ်ကို နှိပ်လိုက်ရင်ရပါတယ်။ သေချာလားလို့ လာမေးပါလိမ့်မယ်။ OK ဆိုရင် အင်တာနက် ကိုပိတ်ပေးပြီးတာနဲ့ Application ကိုပိတ်ပေးမှာပါ။ Back Key ကိုနှိပ်လိုက်ရင်တော့ မူလနေရာကို ပြန်ရောက်သွားမှာပါ။ အရမ်းရိုးရှင်းလွယ်ကူပါတယ်။
ဘေးထွက်ဆိုးကြိုး
ဒီ App လေးက Beta Version 2 ဖြစ်ပါတယ်။ ပထမရေးထားတဲ့ Beta Version 1 မှာ Error အနည်းငယ်ရှိလို့ ဒီလို ပြန်ပြင်လိုက်တာပါ။ ပထမ error ကဖုန်းတိုင်းမတက်ပါဘူး။ ဖုန်းနဲ့ အင်တာနက်သုံးတဲ့သူတွေ သုံးတဲ့ Application များရင် Timer App လေးကို Android System ကပိတ်ချလိုက်ပါတယ်။ ဒီတော့ အချိန်ကို ဆက်လက်ရေတွက်ခြင်းမပြုနိုင်တဲ့ အတွက် အလိုအလျှောက်မပိတ်ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် Task Killer Application သုံးတဲ့ ဖုန်းတွေမှာ ပိုအဖြစ်များပါတယ်။ အခုကတော့ အဲဒီပြဿနာကို ဖြေရှင်းထားပါတယ်။ ကျောရိုးတစ်ခုလုံးပြင်ထားတဲ့ အတွက်ပါ။ ဒါပေမယ့် စိတ်ချလို့မရသေးပါဘူး။

တတ်နိုင်တဲ့ Android Phone Model and Brand တွေနဲ့စမ်းသပ်ထားပါတယ်။ ပထမတုန်းကလို မဖြစ်တော့ပါဘူး။ ဘယ်ဖုန်းမှာ ဘာဖြစ်မလဲဆိုတာကတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အင်တာနက်ဘေကုန်တာထက်တော့ ထူးခြားတဲ့ ပြဿနာမရှိပါဘူး။ ပထမဆုံးအနေနဲ့ Timer ထဲမှာ အချိန်နည်းနည်းပေးပြီး စောင့်ကြည့် ပြီးသုံးပါလို့ အကြံပြုပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် လည်း အချိန်မရွေး Email ပို့၊ ပြဿနာကို ပြောပေးကြပါ။ နောက်ထွက်မယ့် Version မှာပြင်လို့ရအောင်လို့ပါ။
Application အကြောင်း
228.3KB အရွယ်အစားပဲရှိပါတယ်။ Android 2.3 အထက် နောက်ဆုံးထွက် Jelly Bean Android Phone တွေအထိ သုံးလို့ ရပါတယ်။ Download ဆွဲလို့ လွယ်ကူပါလိမ့်မယ်။ Beta Version ဆိုတာ တကယ်တော့ Developer တွေအနေနဲ့ စမ်းထားပြီး လူတွေကို အစမ်းပေးသုံးတာပါ။ ဒါပေမယ့် ဒီ 3Gtimer Beta Version လေးကို အခု တစ်လအခမဲ့ စမ်းသုံးခွင့်ပေးထားပါတယ်။ နောက်ပိုင်း Version တွေကိုလည်း အခမဲ့ပေးမှာပါ။ နောက်ထပ် Version တွေကို Download မဆွဲမှာ စိုးလို့ တစ်လပဲပေးတာပါ။ နောက်ထပ် နှစ်ပတ်လောက်အတွင်း အသစ်ထွက်ဖို့ ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက် Version တွေလည်း အခမဲ့ပါ။
အဲဒီလို အခမဲ့ပေးဖို့အတွက် Sponsor လိုပါတယ်။ ဒီApplication ကိုစမ်းသပ်ရင်းနဲ့ အနည်းဆုံးအင်တာနက် ဘေကုန်ပါတယ်။ နားမလည်တဲ့ ကုဒ်တချို့အတွက် Googling လုပ်ရပါတယ်။ တစ်ပတ်လောက်ကို ဘလော့ မရေးနိုင်ပါဘူး။ တခြားဦးနှောက်စားတဲ့ ကိစ္စတွေကတော့ မပြောလိုတော့ပါဘူး။

ပြောချင်တာက Sponsor နဲ့မို့လို့ အသုံးပြုသူတွေကိုအားနာပါတယ်။ မြဝတီတို့ MRTV တို့လို Free to Air လိုမျိုးလို့သဘောထားပေးပါ။ နောက်ပြီး Sponsor ပေးဖို့ စိတ်ဝင်စားရင်လည်း ဆက်သွယ်ပါ။ အခုလိုမျိုး Sponsor ဆိုရင် သောင်းဂဏန်းပဲကျမှာပါ။ လူဘယ်နှယောက် Donload ဆွဲသွားလဲဆိုတာကို ပြပေးပါမယ်။ zetazaw@gmail.com ကို အကြောင်းအရာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး email ပို့လိုက်တာနဲ့ အရောက်လာခဲ့ပါမယ်။
Download လုပ်ရန်
Friday, March 8, 2013
သင်သုံးနေတဲ့ Android အကြောင်း အကျဉ်း
ဖန်တီးသူ- Google.com (မူရင်းရေးသားသူတော့ မဟုတ်ပါ)
ထိန်းသိမ်း မောင်းနှင်မှု ပုံစံ - Unix Like ဟုခေါ်သော Ubuntu ကဲ့သို့ Linux Operating System တစ်မျိုးဖြစ်သည်
ဖန်တီးသော ပရိုဂရမ်စနစ် - C, C++, java programming language
သုံးစွဲခွင့်ပုံစံ - လွတ်လပ်စွာပြုပြင်ခွင့်ပေးထား (open source)
အဓိက အသုံးပြုနိုင်သောကိရိယာ- စမတ်ဖုန်း သင်ပုန်းကွန်ပျူတာကဲ့သို့ သယ်ဆောင် အသုံးပြုလွယ်သော ပစ္စည်းများ
အသုံးပြုနိုင်သော cpu အမျိုးအစား- ARM, INTEL x86
အသုံးပြုသော Hardware ထိန်းကျောင်းမှုစနစ် - အထူးပြုပြင်ထားသော linux kernal
လူအသုံးပြုနိုင်သော ပုံစံ - လက်ဖြင့် တို့ထိ ထိန်ကျောင်းနိုင်သော စနစ်
နောက်ဆုံးထုတ် မောင်းနှင်စနစ် အမည်- jelly bean 4.2.2
နောက်ဆုံးထွက်မည့် ကောလဟာလ မောင်းနှင်စနစ် အမည်- lemon lime pie (android 5.0)
တရားဝင် Software အရောင်း စင်တာ - Google Play Store
ပြည်တွင်း အသုံးအများဆုံး တရားမ၀င် Software အရောင်း စင်တာ - 1mobile
တရားဝင် အင်တာနက် လိပ်စာ - www.android.com
ဆော့ဖ်ဝဲရေးသားသူများကို ကူညီသော အင်တာနက် လိပ်စာ - www.developer.android.com, www.stackoverflow.com
ရည်ညွှန်း- ထုံးစံအတိုင်း www.wikipedia.org and ဟိုရှာဒီရှာ
Tuesday, March 5, 2013
Android ပေါ်မှာ ဝီကီကို အင်တာနက်မလိုဘဲ ဖတ်ကြည့်ရအောင်
အင်တာနက်မလိုဘူးဆိုပေမယ့် ခဏတော့ လိုပါတယ်။ ပုံမှန် Browser တစ်ခုကို သုံးပြီး Wikipedia ကနေ တစ်ခုခုကို ရှာလိုက်သလောက်ပဲ ကြာတာပါ။ Android ဖုန်းလေးတစ်လုံးကို 3Gဖွင့် ပုံမှန် Browser ကနေ ဝီကီ လင့်တစ်ခုခုကို ဖွင်လိုက်တာနဲ့ လာမေးပါလိမ့်မယ်၊ ဒီ app ကို သုံးမလား Browser ကနေပဲသွားမလားဆိုပြီး။ Wikipedia apk နဲ့ ဖွင့်မယ်လို့ရွေးလိုက်ရင်တော့ Wiki apk လေးပွင့်လာပါမယ်။ ဖုန်းရဲ့ Menu ခလုပ်လေးကို နှိပ်လိုက်ရင် နောက်ထပ် Menu ၆ ခုပေါ်လာပါလိမ့်မယ်။ Save Page ဆိုတာလေးကို ရွေးပေးလိုက်ပါ။ အဲဒါဆိုရင် ဖုန်းထဲမှာ ကိုယ်ကြည့်နေတဲ့ Wiki Page ကိုသိမ်းထားလိုက်ပါပြီ။ ဝလုံးလေးဝိုင်းလို့ပြီးသွားရင် ပုံမှာပြထားသလို ... saved ဆိုတဲ့ စာလေးပေါ်လာတဲ့အခါ အင်တာနက် ပိတ်လိုက်လို့ရပါပြီ။ နောက်မှအေးအေးဆေးဆေး တစ်လုံးချင်းဖတ်လို့ရသွားပါပြီ။ အင်တာနက်ဖွင့်ပြီး ဖတ်တာထက် ပိုထိရောက်သလို ဘေမကုန်တော့ဘူးပေါ့။
ပြန်ဖတ်ဖို့ဆိုရင်တော့ Browser ကနေမရတော့ပါဘူး။ Wikipedia Application လေးကိုဖွင့်၊ Menu ခလုပ်လေးကိုနှိပ်၊ ဒီတစ်ခါတော့ Save Page ဆိုတာလေးရဲ့ဘေးက Saved Pages ဆိုတာလေးကို ရွေးလိုက်ရင် ကိုယ်သိမ်းခဲ့တဲ့ အချက်အလက်တွေကို စာရင်းပြပေးမှာပါ။ ပြန်ဖတ်ချင်တဲ့ တစ်ခုကို ရွေးလိုက်ရင် အဆင်ပြေစွာနဲ့ ပြန်ဖတ်လို့ရပါပြီ။ Font Size တွေကြီးချင်ရင်လည်း Setting ကနေသွားပြင်လို့ရပါတယ်။ အောက်မှာ ဒေါင်းလို့ရပါတယ်။ Dropbox ရှိတဲ့သူတွေကတော့ Dropbox ထဲတန်းထည့်လို့ရမှာပါ။ ပျော်ရွင်ကြပါစေ။
Sunday, March 3, 2013
ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်(နောက်ဆက်တွဲ ၁)
ကျောက်သင်ပုန်းပေါ်မှာ လက်မထိုးကြမယ်ဆိုပြီး USB OTG Cable အကြောင်း ရေးခဲ့ပါတယ်။ အဲဒီကြိုးလေးကို ကိုင်ပြီး တွေ့သမျှ အသိတွေရဲ့ ဖုန်းလိုက်ထိုးနေလိုက်တာ Huawei (စမ်းခဲ့သမျှ) မရတာကိုတွေ့ရပါတယ်။ Ascend P1 လို Grade မြင့်ဖုန်းမှာတောင် မရပါဘူး။ Sony Xperia P မှာတော့ ရပါတယ်။ Xperia ဖုန်းတွေမှာ အလုပ်လုပ်တယ်လို့ ယူဆပါတယ်။ OTG Helper ဆိုတဲ့ apk မလိုဘဲ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Tablet တွေမှာလို Mouse & Keyboard သုံးလို့မရပါဘူး။ Samsung Galaxy Note 2 မှာလည်း ထိုနည်းတူစွာအလုပ်လုပ်ပါတယ်။ Note IIမှာ OTG ဆိုတာကိုပါအသိအမှတ်ပြုတာတွေ့ရတယ်။ လက်ရှိ မိတ်ဆွေတွေထဲမှာ Samsung ဖုန်းပိုင်ရှင်တွေကိုလည်း လိုက်လံဆက်သွယ်ပြီး လက်မထိုးဖို့ ကြိုးစားနေပါတယ်။ Samsung အများစုမှာ ရမယ်လို့မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြိုးလေးက Samsung အတွက် လို့ရောင်းတဲ့သူကပြောလိုက်လို့ပါ။နောက်ထပ်သိရှိသမျှကို နောက်ဆက်တွဲအနေနဲ့ ရေးသွားမှာပါ။ သုံးချင်သူများအတွက် Huawei ဖုန်းကိုင်သူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ Huawei တွေမှာ အခုထိ Support လုပ်တာမတွေ့ရသေးဘဲ Sony နဲ့ Samsung ဖုန်းတွေမှာ အလုပ်လုပ်တာကို တွေ့ရလို့ပါ။ China Tablet လေးတွေ အများစုကတော့ apk တင်သုံးမှ ရမှာပါ။
အားလုံးပဲ ပျော်ရွှင်ကြပါစေ။
အားလုံးပဲ ပျော်ရွှင်ကြပါစေ။
Friday, March 1, 2013
ကျောက်သင်ပုန်းမှာ လက်မထိုးကြည့်မယ်
အစ်ကိုတစ်ယောက်ရဲ့ဆိုင်ရောက်တုန်း သူ့ဆိုင်မှာ တင်ထားတဲ့ ပစ္စည်းလေးတွေကို မွှေနှောက်ရှာကြည့်ရာကနေ ကြိုးတစ်ချောင်းတွေ့ပါတယ်။ အတင်းယူထုတ်ပြီး ရေးထားတဲ့စာတွေဖတ်ကြည့် Memory Stick နဲ့ ဖုန်းမှာထိုးတပ်တော့ ဘာအလုပ်မှမလုပ်ပါဘူး။ ဒါနဲ့ သူက ဆော့ဖ်ဝဲလ် လိုတယ်ကွ လို့ပြောပါတယ်။ ပြဿနာမရှိပါဘူး။ ဘာပဲလိုလို ဂူးဂဲ ရှိပါတယ်။ ရှာကြည့်လိုက်တော့ တွေ့ပါတယ်။ ဒါနဲ့ပဲဒေါင်းလိုက်ပါတယ်။ ဖုန်းထဲမှာ apk ကို Run လိုက်တယ်။ ပြန်တပ်ကြည့်တယ်။ အလုပ်မလုပ်ပါဘူး။ နည်းနည်းတော့ လေသွားပါတယ်။ ဒါနဲ့ သူ့ဆိုင်ထဲမှာတွေ့တဲ့ လျှပ်စစ်သင်ပုန်း (တရုတ်) လေးတစ်လုံးကို Memory Stick နဲ့တပ်ကြည့်တော့ Stick မီးလင်းလာပါတယ်။ အိုကေ။ စတစ်ကို File Manager နဲ့လိုက်ရှာကြည့်တော့ မတွေ့ပါဘူး။ ဒါနဲ့ စောစောကဒေါင်းထားတဲ့ apk လေးကို အဲဒီ တရုတ် သင်ပုန်းလေးထဲမှာ တင်လိုက်ပါတယ်။ Mount လုပ်လိုက်တဲ့အခါ SD Device တစ်ခုအနေနဲ့ တွေ့သွားပါတယ်။ Thumb Drive ထဲက သီချင်းကို ဖွင့်ကြည့်တော့ ပွင့်ပါတယ်။
ဒါနဲ့ သူ့ဆိုင်မှာရှိသမျှ သင်ပုန်းတွေကို လက်မနဲ့ (Thumb Drive ကိုပြောတာနော်) အကုန်လိုက်ထိုး ကြည့်လိုက်တော့ အကုန်အလုပ်လုပ်ပါတယ်။ ဒါနဲ့တွေ့သမျှဖုန်းတွေ အကုန်လိုက်ထိုး ကြည့်တော့ အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် Sony လို Branded ဖုန်းတွေကိုတော့ မစမ်းကြည့်ရသေးပါဘူး။ စမ်းပြီးရင်ထပ်တင်ပေးပါ့မယ်။ နောက်ထပ်အသေးစိတ်ကိုလည်း ထပ်ကလိပြီးရင် ထပ်တင်ပေးပါ့မယ်။ ကျောက်သင်ပုန်းဝယ်ထားပြီး SD Memory Card စိုက်မရတဲ့ သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။ ကဒ်စိုက်လို့ရလည်း ကိုယ့် Thumb Drive ထဲကဒေတာတွေကို ဖုန်းထဲအလွယ်တကူ ထည့်နိုင်တဲ့အတွက် မဆိုးဘူးလို့ဆိုရမှာပါ။
နောက်တစ်ချက်က ICS တင်ထားတဲ့ သင်ပုန်းတွေကတော့ တင်ထားတဲ့ Android OS ပေါ်မူတည်ပြီး USB Keyboard နဲ့ Mouse ကိုပါသုံးနိုင်ပါတယ်။ Android 4.0 ICS တင်ထားတဲ့ Device တော်တော်များများမှာ အလုပ်ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ USB OnThtGo Cable က အများစုသုံးတဲ့ China Tablet and Phone တွေအတွက်ပါ။ Samsung တို့ iPad တို့iPhone တို့အတွက် သီးသန့်ရှိပါတယ်။ အသုံပြုနေတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါလေးကတော့ တန်ဖိုး ၃၅၀၀ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကလိပျော်၊ သုံးပျော်ပါတယ်။ Huawei လို တရုတ်ဖုန်းတွေမှာ ရတာကရပြီး မရတာကမရကြပါဘူး။ Branded တွေအတွက်ကတော့ လုံးဝအိုကေပါတယ်။ ဒါပေမယ့် ဒီဈေးလောက်နဲ့မရပါဘူး။ ကြိုးဝယ်ပြီး သုံးမရဖြစ်နေသူများအတွက်၊ စိတ်ဝင်စားလို့ စမ်းကြည့်မယ်ဆိုတဲ့လူများအတွက် အောက်ကလင့်လေးမှာ OTG USB mounter android apk လေးကို ဒေါင်းနိုင်ပါတယ်။ ထုံးစံအတိုင်း Dropbox နဲ့တင်ပေးထားလို့ ဒေါင်းရတာအဆင်ပြေမှာပါ။
Download- OTG apk
China OTG Cable ကြိုးလေးကို လိုချင်သူများကတော့ HypertecH Technology Group အမှတ်- ၆၊ သိမ်ဖြူကားအော်ဒီယိုဝင်း၊ သိမ်ဖြူတင်းနစ်ကွင်းဘေး၊ ဗညာဒလလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့မှာ ဝယ်ယူနိုင်ပါတယ်။ ကြော်ငြာမဟုတ်ဘူးနော်၊ တချို့မိုဘိုင်းဆိုင်တွေ မှာလည်း ရောင်းပါတာယ်။ သူတို့ကတော့ Branded တွေအတွက် ပဲတင်ကြတာများပါတယ်။ ခေါင်းမတူပါဘူး။
Subscribe to:
Posts (Atom)