Monday, June 24, 2013

Install Windows with USB (မန်မိုရီစတစ်ဖြင့် ဝင်းဒိုးတင်ခြင်း)


            Windows7 ကို Drive မရှိတဲ့စက်တွေမှာ ဘယ်လိုတင်မလဲဆိုတာ အသစ်တော့မဟုတ်ပါဘူး။ ရေးတဲ့သူတွေလည်း ရေးပြီးကြလောက်ပါပြီ။ အိုင်တီဂိုဒ် ပရိတ်သတ်တွေထဲက လိုအပ်နေသူတွေအတွက် တင်လိုက်ရတာဖြစ်ပါတယ်။   ဝင်းဒိုးဆဲဗင်းခေတ်မှာ နက်ဘုတ်တွေ အများကြီးပေါ်လာသလို ဒီနေ့ခေတ်မှာ အော်လ်ထရာပေါ့ထ်တေးဘဲလ် နုတ်ဘုတ်တွေ ခေတ်စားလာပါတယ်။ အဲဒီ နုတ်ဘုတ်ကွန်ပျူတာအများစုမှာ ဒီဗွီဒီ ဒရိုဗ် တွေမပါလာကြတာများပါတယ်။ ၁၁လက်မ၊ ၁၃လက်မ မျက်နှာပြင်ကိုသုံးပြီး အလေးချိန်ကလည်း တော်တော်လေးပေါ့ပါးသလို နက်ဘုတ်တွေထက် မျက်နှာပြင်ရော စွမ်းဆောင်ရည်ပါ ပိုမိုပါတယ်။ ပြဿနာကတော့ ဝင်းဒိုးပြန်တင်ဖို့လိုလာရင် Drive မရှိတဲ့အတွက် နည်းနည်းတိုင်ပတ်တာပါ။ ဒါပေမယ့် လွယ်ပါတယ်။ 4GB မန်မိုရီစတစ်လေးတစ်ချောင်းနဲ့အလုပ်ဖြစ်ပါတယ်။ အဲဒီစတစ်ကတော့ ပြည့်သွားမှာဖြစ်ပါတယ်။ ဆိုဒ်များတာကိုသုံးရင်တော့ စတစ်ထဲမှာ ဒေတာတွေကိုပါ ထည့်သိမ်းလို့ရမှာပါ။ ဖော်မက်ချရမှာဖြစ်လို့ ရှိနေတဲ့ဒေတာတွေကို ယူထားဖို့တော့လိုအပ်ပါတယ်။ နောက်ပြီး ခဏခဏ ဖော်မက်ချတာမကောင်းဘူးဆိုတာတော့ သိကြမယ်ထင်ပါတယ်။ ဒီတော့ ဝင်းဒိုးစတစ်တစ်ချောင်းသတ်သတ်ဆောင်ထားတာပိုကောင်းတယ်လို့အကြံပေးချင်ပါတယ်။   နည်းလမ်းတွေက အများကြီးပါ။ အလွယ်နည်းနဲ့ အခက်နည်းမှာ နှစ်ခုစလုံးအတွက် လိုအပ်တာကတော့ Windows 7 DVD or Windows 7 ISO Disk Image ဖြစ်ပါတယ်။ ကိုယ့်မှာ DVD Drive မရှိလို့ USB STICK နည်းလမ်းကိုသုံးပါတယ်ဆိုမှ အခွေကို ဘယ်လိုလုပ်မလဲမေးစရာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ဆီမှာ ဝင်းဒိုးအခွေကို ISO ခုတ်ပြီးသယ်လာနိုင်ရင်ရပါတယ်။ ဖိုင်ဆိုဒ်က 3GB ကျော်ရှိတာမို့ စတစ်နဲ့ သယ်လို့ရပါတယ်။  

ပထမဆုံးအလွယ်နည်းကို အရင်ပြောပါမယ်။


http://www.lancelhoff.com/usb-creator-for-windows-7/

အထက်ပါလင့်မှာ usb-creator-for-windows-7 ကိုဒေါင်းပါ။ ရလာတဲ့ ဖိုင်ကို ဖွင့်ပြီး စတစ်ထိုးပါ။ ISO ကို  UltraISO လိုမျိုး ဆော့ဖ်ဝဲလ်သုံးပြီး Virtual drive ထဲမှာ ပေါ်အောင် Mount လုပ်ပါ။ ပြီးရင် usb-creator-for-windows-7 မှာ Drive ကိုရွေးပေးပါ။ စတစ်ကိုရွေးပေးပါ။ ဥပမာ စတစ်က F: ဆိုရင် F: ကိုရွေးပါ။ Format ရိုက်မှာဖြစ်လို့ မမှားအောင်သတိထားပါ။ Install ဆိုရင်ရပါပြီ။



Saturday, June 15, 2013

Facebook ရဲ့ ဌာနစိတ်

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကနေ ကီလို ၉၀၀ ကျော်ဝေးတဲ့ အာတိတ်စက်ဝိုင်းဒေသမှာ လူမှုကွန်ယက်ရှေ့ဆောင် ဖေ့ဘွတ်ခ် ကုမ္ပဏီကနေ ဒေတာစင်တာသွားရောက်တည်ဆောက်နေပါတယ်။ အမေရိကန်ပြင်ပ  အသုံးပြုသူသန်းတစ်ထောင်ကျော်အတွက်
ပုံတွေ စာတွေတင်ရတာပိုမြန်ဆန်ကောင်းမွန်အောင် တည်ဆောက်နေတာဖြစ်ပါတယ်။
စတုရန်းပေ နှစ်သိန်းကိုးသောင်း ကျယ်ဝန်းတဲ့ရေခဲမြေပေါ်မှာဖြစ်ပါတယ်။
အေးတဲ့ ရာသီဥတုမှာ ကွန်ပျူတာကြီးတွေကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စက်ပစ္စည်းတွေရဲ့သက်တမ်းကိုလည်း မြင့်တက်စေပါတယ်။


ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ အင်ဖရာအင်ဂျင်နီယာချုပ် ဂျေးရဲ့ ကွပ်ကဲမှုနဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ဆာဗာဒီဇိုင်းတွေကို ပထမဆုံး အကြိမ် အသုံးပြုထားပါတယ်။
Open Computer Project လို့ အမည်ရတဲ့ ဒီကိစ္စဟာ ဆာဗာတွေရဲ့ လုပ်ကိုင်စွမ်းကို သာမန်ထက် ၃၈ရာခိုင်နှုန်းကောင်းမွန်စေပြီး လုပ်ကိုင်ရတဲ့  ကုန်ကျစားရိတ်ကလည်း  သာမန်ပရောဂျက်တွေထက် ၂၄ရာခိုင်နှုန်းသက်သာစေတယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံလိုမျိုး အမေရိကပြင်ပနိုင်ငံက အသုံးပြုသူတွေက ဒီပရောဂျက်အပြီးမှာ ပိုမိုမြန်ဆန်တဲ့ ဝန်ဆောင်မှုကို ရရှိလာမယ်လို့ ယူဆစရာရှိပါတယ်။

( တကယ်လို့သာ အဲဒီ အင်ဂျင်နီယာရဲ့ ဒီဇိုင်းအောင် မြင်ခဲ့ရင် မြန်မာနိုင်ငံက ဒေတာစင်တာတွေ ကချင်ပြည်နယ်က ရေခဲတောင်တွေမှာ သွားဆောက်ကြမလား တွေးစရာရှိပါတယ်။ )

ရည်ညွန်း- http://news.cnet.com/8301-1023_3-57588965-93/facebook-turns-on-data-center-at-edge-of-the-arctic-circle/