Wednesday, November 5, 2014

ကွန်ပျူတာထဲက Disk Drive များကို ဖျောက်ခြင်း နှင့် သုံးစွဲခွင့် ပိတ်ပင်ခြင်း (Hiding and Restrict the Optical and Hard Disk Drive Partition)

ကိုယ့် ကွန်ပျူတာကို သူငယ်ချင်းက ကွန်ပျူတာလာငှားတဲ့ အခါ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို မဖြစ်မနေ ပေးသုံးရမယ့် အခါ Data တွေကို ဖွက်ထားဖို့ လိုအပ်လာ တတ်ပါတယ်။ ဒေတာဖိုဒါ (Data Folder) တွေကို တစ်ခုချင်း Hidden ပေးရတာ အလုပ်ရှုပ်သလို သိတဲ့သူတွေဆိုရင် အလွယ်တကူ ဖော်ယူသွားနိုင်ပါတယ်။

ဒီတော့ ကိုယ်ရေးကိုယ်တာတွေကို Disk Drive (ဥပမာ D:\ ) ထဲ စုပြီးထည့်၊ ပြီးတော့ အဲဒီ Disk Drive (D:\ Partition) တစ်ခုလုံးကို ဖျောက်၊ ကိုယ်သုံးနေတဲ့ Account ကို Password ပေး။ သူ့အတွက် User Account တစ်ခုဆောက်ပေးလိုက်ရင် တစ်ဖက်လူဟာ ကွန်ပျူတာကို သုံးခွင့်ရပေမယ့် ဖျောက်ထားတဲ့ Partition ကိုတော့ ဖော်ကြည့်လို့ မရတော့ပါဘူး။

ရုတ်တရက် စဉ်းစာကြည့်ရင် Drive တွေကို ဖျောက်တာ အလုပ်ရှုပ်နိုင်တယ် ထင်ရပေမယ့် တစ်ကယ်တန်းတော့ လွယ်ပါတယ်။ အောက်မှာ ပုံနဲ့ တကွ ဖော်ပြထားတဲ့ အတွက် စမ်းကြည့်လိုက်ရအောင်။





၁၊ windows key နဲ့ R နဲ့ တွဲနှိပ်လိုက်ရင် RunBox ကျလာမယ်။ gpedit.msc လို့ ရိုက်ထည့်လိုက်ပါ။



၂၊ Group Policy Editor ပေါ်လာရင် ပုံမှာ ပြထားတဲ့အတိုင်း User Configuration ထဲက Administrative Templates > Windows Components > Windows Explorer ထဲကို အဆင့်ဆင့် ရောက်အောင် သွားပါ။



၃၊ ပုံမှာ မြင်ရတဲ့ ( မြှားအနီရောင် ပြထားတဲ့နေရာ) Hide these specified drives in My Computer ဆိုတာကို ဖွင့်လိုက်ရင် အောက်က ပုံစံမျိုး မြင်ရမှာပါ။









၎၊ ဖွက်ချင်တဲ့ Drive ကို ရွေး (ဥပမာ Restrict D drive only ) ပြီးရင် အပေါ်က Enable ကိုရွေးပေးပြီး
Apply လုပ် OK နှိပ်၊ ထွက်လိုက်ရင် My Computer ထဲက D:\ ကို မြင်ရတော့ မှာ မဟုတ်ပါဘူး။ အကယ်၍ မြင်နေရသေးရင် Restart ချလိုက်ပါ။
** ဖြစ်နိုင်ရင် ညာဘက်မှာ ပြနေတဲ့ စာကို နားလည်အောင် ဖတ်စေချင်ပါတယ်။




****

လုံခြုံ ချင်တယ် ဆိုရင်တော့ အဆင့် ၃ မှာ Hide these specified drives in My Computer အစား အောက်က ပုံလို Prevent Access to drives from My Computer ကိုရွေးပြီး




ဒီလိုမျိုး မိမိ လိုအပ်တဲ့ Drive ကို ရွေးချယ်ပေးရမှာပါ။



ဒါဆိုရင် မြင်လည်း မမြင်ရသလို သုံးလို့လည်း မရတော့ ပါဘူး။

No comments: